ခါးအောက်ပုံ ကျနေတဲ့ ခပ်ပွပွဘောင်းဘီကြီးတွေကြောင့် ကြိုးထိန်း Suspenders တွေ ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါက ခါးပတ်တွေနေရာမှာ အစားထိုးသုံးတဲ့ ဖက်ရှင်ပစ္စည်းဖြစ်ပြီး ခါးပတ်တွေ ပေါ်လာချိန်မှာတောင် Suspenders တွေက သူ့စတိုင်နဲ့သူ ဆက်ပြီး လူကြိုက်များနေခဲ့ပါတယ်။

အရင်ခေတ်က Suspender တွေကို Gentleman တွေ ဝတ်ခဲ့ကြပြီး ဒီဘက်ခေတ်မှာ လူငယ်နဲ့ သက်လတ်ပိုင်းတန်းတွေလည်း ဖက်ရှင်မိဖို့ ဝတ်လာကြပြီ ဖြစ်ပါတယ်။ Suspender ဝတ်မယ်ဆိုရင် ဘာတွေ ကြည့်ရွေးရမလဲ။ ဘယ်လိုနေရာမျိုးတွေမှာ ဝတ်သွားသင့်သလဲ ပြောချင်ပါတယ်။

(၁) Suspenders အမျိုးစား

Photo: Fashion Beans

Suspenders တွေ မဝတ်ခင်မှာ အရင်ဆုံး သိထားသင့်တာက Suspenders အမျိုးအစားတွေ ဖြစ်ပါတယ်။ Suspenders တွေက Clip-Ons နဲ့ Button-On ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Clip-On တွေက ဘောင်းဘီရှည် Trouser ဒါမှမဟုတ် ဘောင်းဘီတို Shorts တွေကို ကလစ်နဲ့ တွဲချိတ်တာပါ။ အားသာချက်က ဘယ်လို ဘောင်းဘီအမျိုးအစားမျိုးနဲ့ မဆို တပ်သုံးနိုင်တာ ဖြစ်ပါတယ်။

Button-On က ပိုပြီး Formal ကျတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဘောင်းဘီမှာ လာချိတ်ဖို့ ကြယ်သီးလေးတွေ သုံးပါတယ်။ Button-On Suspender တပ်မယ့် ဘောင်းဘီရှည် ဒါမှမဟုတ် Jeans Pant ခါးတစ်ဝိုက်မှာ Suspender နဲ့ တွဲချိတ်ဖို့ ကြယ်သီး ၆ လုံး လိုပါတယ်။ ဘောင်းဘီမှာ ကြယ်သီးမပါရင် တပ်ရတာ ဖြစ်လို့ နည်းနည်း အလုပ်ရှုပ်ပါတယ်။ ဝတ်ရာမှာလည်း ဘောင်းဘီမဝတ်ခင် အရင်ကြယ်သီးတပ်ရတာက နည်းနည်းတော့ ကသီပါလိမ့်မယ်။

Suspenders တွေရဲ့ ကျောဘက်ချည်တဲ့ပုံစံဟာ X ပုံစံ ၊ Y ပုံစံဆိုပြီး နှစ်မျိုးရှိပါတယ်။ X ပုံစံ Suspenders တွေက ကျောအလယ်တည့်တည့်မှာ သိုင်းကြိုး Straps ထားပြီး ဘောင်းဘီနောက်ဘက် နှစ်နေရာမှာ Suspender ချိတ်တဲ့နေရာလေးတွေ ထည့်လေ့ရှိပါတယ်။ ကလစ်ချိတ်ရမယ့်နေရာဟာ X ပုံစံ Suspenders တွေမှာဆို ရှေ့နှစ်နေရာနဲ့ နောက်နေရာဆိုပြီး ၄နေရာ ရှိပါတယ်။

Y ပုံစံ Suspenders တွေကတော့ သိုင်းကြိုးတွေ တစ်ခုပေါ် တစ်ခု မဖြတ်ဘဲ ခါးအလယ်အပေါ်ဘက်မှာ ပခုံးဆီနှစ်ကြိုးကွဲသွားပါတယ်။ ဘယ်ပုံစံရွေးရမလဲဆိုတာကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ဖြစ်ပြီး များသောအားဖြင့် Y ပုံစံတွေက ပိုပြီး ခေတ်မီဆန်းသစ်တယ် ၊ Formal ကျတယ်လို့ ယူဆထားပါတယ်။ ချိတ်ချိတ်ရာမှာ ပိုပြီး ခိုင်တယ်လို့ ခံစားချင်ရင်တော့ X Suspenders ဝတ်နိုင်ပါတယ်။

(၂) ဝတ်သင့်တဲ့ နေရာတွေ

Photo; Dapper Boi

Formal ပွဲတွေအတွက် ဝတ်မယ်ဆိုရင် ဝတ်ဆင်သူရဲ့ ဖိနပ် ၊ အသုံးအဆောင်နဲ့ ဖက်ရှင်ပေါ် လိုက်ပြီး Suit Suspenders တွေ ရွေးချယ်ရမှာပါ။ Black Tie ဖက်ရှင်ဆိုရင် Vest နဲ့ တွဲဝတ်တာက Classic ဆန်ပြီး ဖက်ရှင်မိပါတယ်။ ပိုပြီး Formal ကျတဲ့ ကော့တေးလ်ပါတီနဲ့ ဝန်ထမ်းမိတ်ဆုံစားပွဲ‌တွေဆိုရင် Suspenders ကို Bow-Tie နဲ့ ချည်ဝတ်ရမှာပါ။

အလုပ်မှာ ဝတ်မယ်ဆိုရင်တော့ ကိုယ့်အလုပ် Profession ပေါ် လိုက်ပြီး လုပ်ငန်းခွင် Dress Code မျိုးနဲ့ ဝတ်ရမှာပါ။ ပုံမှန်ဆို Clips-On အမျိုးအစားတွေက ပိုအဆင်ပြေပါတယ်။ ကုန်းရကွရနဲ့ အလုပ်များသူတွေအတွက် Heavy Work Pant မှာ မြဲဖို့ Clips ကောင်းကောင်း ရွေးဖို့ လိုပါတယ်။ Smart Casual ဒါမှမဟုတ် Business Casual မျိုးဆိုရင် ချည်သား Slim-Cutting Suit နဲ့ ရှပ်အင်္ကျီမျိုးနဲ့ တွဲဝတ်ရမှာပါ။

Casual Wear အတွက်ဆိုရင် Dark Denim Jeans ဘောင်းဘီနဲ့ တွဲဝတ်နိုင်ပြီး အပေါ်မှာ Chambray Shirt တစ်ထည်ဆို ဖြစ်ပါပြီ။ Suit တို့ Vest တို့ မလိုပါဘူး။ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဘားသွားမယ်ဆိုရင် Pant ကောင်းကောင်းပေါ်မှာ သိပ်ပြီး အရောင်မဆန်းတဲ့ Neutral ကာလာ Suspender ရွေးဝတ်ရင် အဆင်ပြေပါတယ်။

Featured Photo: Fashion Beans