ဆောင်းရာသီအတွက် ဝတ်စရာစဉ်းစားရင် ထိပ်ဆုံးက ပါလာတတ်တာ Hoodie နဲ့ Sweatshirt တွေပါပဲ။ Sweatshirt တွေက ဆွယ်တာလောက်လည်း မတူ ၊ Hoodie လိုလည်း လူငယ်အရမ်းမဆန်လို့ အသက်အရွယ်မရွေး လိုက်ဖက်တဲ့ဖက်ရှင်လို့ ဆိုနိုင်ပါတယ်။ Sweatshirt ဝယ်တော့မယ်ဆိုရင် အခုပြောမယ့်အချက်တွေ အရင်ကြိုစဉ်းစားဖို့ လိုမှာပါ။

(၁) Fit ဖြစ်မှု

Photo: Cashkaro

Right Fit ဖြစ်ဖို့က အဝတ်အစားဝယ်တိုင်းမှာ နံပါတ်တစ် အရေးကြီးတဲ့အချက်ပါ။ Fit ဖြစ်တယ်ဆိုတာ သင့်ကိုယ်လုံးနဲ့ သက်တောင့်သက်သာရှိပြီး အချိုးကိုက်နေတာကို ပြောတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်လုံးနဲ့ ကျပ်နေတာ ကြီးလွန်းတာတွေ ဝတ်တာက ဖက်ရှင်စည်းကမ်းကို ချိုးဖောက်လိုက်တာပါပဲ။ Sweatshirt ဝယ်မယ်ဆိုရင်လည်း Right Fit ဖြစ်တာကို ရွေးပါ။ Right Fit ဆိုတာ သင့်ကိုယ်လုံးအတွက် Right Size ဖြစ်တာပါပဲ။

(၂) အမျိုးအစား

Photo: opumo

Sweatshirt တွေမှာလည်း သိုးမွေးချည်သား ၊ ဝါချည်သား ၊ ပိုလီအီစတာသားဆိုပြီး သူ့အမျိုးအစားနဲ့သူ ရှိပါတယ်။ အရမ်းအေးတဲ့ဒေသတွေမှာ ဝတ်ဖို့ဆို Wool လို့ခေါ်တဲ့ သိုးမွေးချည်သားကို ရွေးသင့်ပါတယ်။ လီနင်တို့ ပိုလီအီစတာတို့ကတော့ သိပ်မအေးလွန်းဘဲ အနေတော် အေးတဲ့ရာသီမှာ နေထိုင်သူတွေအတွက် အဆင်ပြေပြီး ချည်သားတွေက ဆောင်းရာသီညနေခင်းတွေမှာ ဝတ်သင့်တဲ့ ချည်သားဖြစ်ပါတယ်။ ဒီဇိုင်းအနေနဲ့ Zipper လို့ခေါ်တဲ့ ဇစ်တပ်ဒီဇိုင်း ၊ ဇစ်မပါတဲ့ ကော်လာပျောက် လည်ကတုံးဒီဇိုင်း ၊ Pattern ဒီဇိုင်း ၊ ဗြောင် ဒီဇိုင်း ၊ ဂရပ်ဖစ်ဒီဇိုင်း စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ Sweatshirt ဝတ်မယ်ဆို အမျိုးသားတွေနဲ့လိုက်ဖက်တာက Plan ဒီဇိုင်းနဲ့ လိုဂိုစာသားပါတဲ့ ဂရပ်ဖစ်ဒီဇိုင်းမျိုးပါပဲ။

(၃) တွဲဝတ်မယ့် အဝတ်အစားနဲ့ ဟန်ချက်ညီမှု

Photo: sanvt

ကိုယ်ဝယ်မယ့် Sweatshirt က ဘာနဲ့တွဲဝတ်မလဲ။ ဘယ်လိုနေရာတွေမှာ ဝတ်မလဲဆိုတာပါ ချိန်ဆကြည့်ရမှာပါ။ စမတ်ကျကျ ဝတ်ချင်ရင် ဈေးထက် ပစ္စည်းကောင်းတာကို ရွေးချယ်ဖို့ လိုပါတယ်။ သက်တောင့်သက်သာရှိပြီး Casual ဖြစ်တာကို ပိုအဝတ်များရင် Comfort ဖြစ်တဲ့ဘက်ကို ပိုရွေးသင့်ပါတယ်။ ပုံရိုးရိုးရှင်းရှင်း ဝတ်ရတာကြိုက်ရင် Crew Neck လည်ဝိုက် အပေါ့စား ရွေးသင့်ပြီး အောက်ခံရှပ်ပေါ်လွင်အောင် ဝတ်ဖို့အတွက် V-Neck စတိုင်မျိုး က အကောင်းဆုံးပါပဲ။ လည်ခေါက် လည်ထောင် Rollneck နဲ့ Turtleneck တွေကတော့ ဆောင်းတွင်းမှာ အနွေးဓါတ်ရဖို့အတွက် ဝတ်ဖို့ သင့်ပါတယ်။

(၄) ကာလာ

Photo: Calibre

Sweatshirt မှာ ကာလာရိုးရိုးတွေ ရွေးတာ အကောင်းဆုံးပါပဲ။ ရွေးသင့်တဲ့ကာလာအနေနဲ့ အပြာ ၊ အစိမ်း ၊ ကောက်ရိုးခြောက်ရောင် ၊ အညိုရောင် ၊ မီးခိုးနဲ့ အဖြူရောင်တွေပါပဲ။ ဒီအရောင်တွေက အေးတဲ့ရာသီနဲ့လိုက်သလို အသားအရေနဲ့ ဝတ်ထားတဲ့ တခြားအဝတ်အစားတွေနဲ့လည်း အဆင်ပြေလို့ ဖြစ်ပါတယ်။

Featured Photo: Russell Athletic