တစ်နေ့ထက် တစ်နေ့နည်းပညာတွေ ဖွံ့ဖြိုးတိုးတတ်လာတာနဲ့ အမျှ မော်ဒယ်မြင့် စမတ်ဖုန်းများကလည်း စျေးကွက်မှာ အပြိုင်အဆိုင်နေရာ ယူလာကြပါတယ်။ iOS ရော Android မှာ အားသာချက်များ ကိုယ်စီရှိကြပါတယ်။ ထို့အပြင် တူညီတဲ့ အချက်များလည်း ရှိပါတယ်။ ကွီးတို့အနေနဲ့ ဖုန်းဝယ်ဖို့ အစီအစဉ်ရှိရင် ရွေးချယ်ရလွယ်ကူစေရန် စမတ်ဖုန်းတွေနဲ့ ပတ်သက်ပြီး iOS နဲ့ Android တို့ရဲ့ ကွာခြားသော အချက်တွေကို ပြောပြချင်ပါတယ်။

Photo : Laptop Map

iOS နဲ့ Android တိုရဲ့ အဓိက ကွာခြားသော အချက်မှာ စမတ်ဖုန်းများကို လည်ပတ်ရန် လိုအပ်သော မတူညီသော မိုဘိုင်းလ် Operating System ပဲဖြစ်ပါတယ်။ နှစ်ခုလုံး၏ အဓိကရည်ရွယ်ချက်က စမတ်ဖုန်းတစ်လုံးအတွက် လည်ပတ်မှုစနစ် တစ်ခုအနေနဲ့ အလုပ်လုပ်တာ တူပေမဲ့ Operating System နှစ်ခုစလုံးဟာ မတူညီသောပုံစံဖြင့် အလုပ်လုပ်ပါတယ်။ Android လည်ပတ်မှုစနစ်ကို Google မှ ဖန်တီးထားပြီး iOS လည်ပတ်မှုစနစ်ကိုတော့ Apple မှ ဖန်တီးထားပါတယ်။ Android က Open Source လည်ပတ်မှုစနစ်ဖြစ်ပြီး iOS ကတော့ Open Source အစိတ်အပိုင်း အချို့ပါရှိသော ပိတ်ထားသော Operating System ဖြစ်ပါတယ်။

Photo : Medium

Android လည်ပတ်မှုစနစ်ကို Apple Hardware မှလွဲ၍ စမတ်ဖုန်းအများစုအတွက် Universal Operating System အဖြစ် သုံးနိုင်ပါတယ်။ iOS ကို Apple စက်ပစ္စည်းများတွင်သာ သုံးပါတယ်။ iOS အက်ပလီကေးရှင်းများကို Apple အက်ပ်စတိုးတွင် ရနိုင်ပြီး Android အပလီကေးရှင်းများကို Google Play မှ ရယူနိုင်ပါတယ်။ Android သည် Jailbreak မလုပ်ပါက ကန့်သတ်ချက်ရှိသော်လည်း ပိုမိုစိတ်ကြိုက်ပြင်ဆင်နိုင်ပြီး အရာအားလုံးနီးပါးကို ပြောင်းလဲနိုင်တယ်။

Photo : Mindlnventory

Android ကို C (core), C++ နှင့် Java (UI) တို့ဖြင့် ရေးသားထားပြီ စက်တင်ဘာလ ၂၃ ၊ ၂၀၀၈ တွင် စတင်ထုတ်ဝေခဲ့ပါတယ်။ iOS ကိုတော့ C၊ C++၊ Objective-C နှင့် Swift တို့ဖြင့် ရေးသားထားပြီး ၂၀၀၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ခဲ့ပါတယ်။ Android OS သည် Unix နှင့်တူသော်လည်း iOS OS သည် Darwin (BSD) နှင့် OS X ကိုအခြေခံ၍ Unix နှင့်တူပါတယ်။

Photo : Android Central

ကွီးတိုရေ စျေးကွက်ထဲမှာတော့ စျေးနှုန်းမျိုးစုံနဲ့ စမတ်ဖုန်း တံဆိပ်မျိုးစုံရှိပါတယ်။ ကွီးတိုအနေနဲ့ iOS နဲ့ Android ဘယ်ဟာကို ရွေးချယ်မလဲ၊ ဘယ်ဟာကို ပိုနှစ်သက်သလဲဆိုတာ ဆုံးဖြတ်ရပါတယ်။ ကွီးတို့အနေနဲ့ iOS ကိုရွေးချယ်မယ်ဆိုရင် သိပ်စဉ်းစားစရာမလိုပါဘူး။ Android ကိုရွေးချယ်မယ်ဆိုရင်တော့ စျေးကွက်မှာ အမှတ်တံဆိပ်အမျိုးမျိုး၊ စျေးနှုန်းအမျိုးမျိုး၊ မော်ဒယ်အမျိုးမျိုးရှိတဲ့အတွက် သေချာစွာရွေးချယ်ဝယ်ယူပါ။

Source : Wiki

Featured Photo : Computerworld