iPhone 14 ကို စောင့်မျှော်နေကြတဲ့ ပန်းသီးချစ်သူတွေအတွက် မကြာမှီလအနည်းငယ်အတွင်းမှာပဲ ထိုမော်ဒယ်အသစ်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ကြတော့မှာဖြစ်ပါတယ်။ အသစ်ထွက်လာမယ့် iPhone 14 မှာရော ဘယ်လို နည်းပညာ အသစ်တွေနဲ့ ပြောင်းလဲသွားမလဲဆိုတာကို သိပြီးပါပြီလား။

Notch မပါတော့ဘူး

Pro ဒီဇိုင်းအတွက်ကို Notch ဖျောက်ထားမယ်လို့ ကောလဟလတွေ ထွက်ရှိနေပါတယ်။ Apple ရဲ့ လေ့လာသုံးသပ်သူတစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo သည် iPhone ၂၀၂၂ မော်ဒယ်များသည် Notch မပါလောက်ဘူးလို့ ခန့်မှန်းသုံးသပ်ထားပါတယ်။

Pro မော်ဒယ်သည် အခြားသော Standard မော်ဒယ်နှင့် Max မော်ဒယ်များနှင့် မတူဘဲ အရှေ့ဘက်မျက်နှာစာက ကင်မရာကိုလည်း အနည်းငယ် ဆန်းသစ်ထားမှာဖြစ်ပါတယ်။ ကျန်တဲ့ မော်ဒယ်နှစ်ခုကတော့ iPhone 13 လိုမျိုးပဲ Notch တွေပါနေဦးမှာဖြစ်ပါတယ်။

အရောင်ပိုင်း

iPhone တွေသည် အသစ်ထွက်လိုက်တိုင်း အရောင် အသစ် တစ်မျိုးပြီး တစ်မျိုး ထည့်သွင်းကာ ထုတ်လုပ်လေ့ရှိပါတယ်။ ဒီနှစ်ထဲမှာတော့ iPhone 14 ကို ခရမ်းရောင်နဲ့ တွေ့မြင်ရဦးမယ်လို့လည်း ကောလဟလသတင်းတွေအရ သိရှိရပါတယ်။

အအေးပိုင်းစနစ်

ဖုန်းသည် လုပ်ဆောင်ရတာများလာတဲ့အခါ ဖုန်းပူလာခြင်းကို ပြန်လည်အေးစေဖို့အတွက် Vapor Chamber Cooling နည်းပညာကို အသုံးပြုလေ့ရှိပါတယ်။ Samsung ၊ Razer နဲ့ LG တို့သည် ထိုနည်းပညာကို အသုံးပြုထားကြပါတယ်။ iPhone 14 သည်လည်း ထို နည်းပညာ ကို ထည့်သွင်းထားမလားဆိုတာကတော့ ရင်ခုန်စရာပါပဲ။

Lightning Port

Photo: Nytimes

Apple သည် iPhone မှာ ပါဝင်တဲ့ Lightning Port များကို ဖယ်ရှားပစ်ပြီး အပေါက်မပါတဲ့ ဒီဇိုင်းပြုလုပ်မယ်လို့လည်း သတင်းရထားပါတယ်။ အားသွင်းဖို့အတွက်ကိုတော့ MagSafe ကိုသာ အသုံးပြုလို့ရအောင် ထုတ်လုပ်မယ့်ပုံပါပဲ။ အတိအကျကိုတော့ မကြေညာထားသေးပါဘူး။

ကင်မနာနည်းပညာပိုင်း

Photo: 9to5mac

Apple လေ့လာဆန်းစစ်သူ Ming-chi Kuo ကပဲ Pro iPhone မော်ဒယ်တွေသည် 48-Megapixel Wide Camera တွေ ပါဝင်လာမယ်လို့လည်း သုံးသပ်ထားပါတယ်။ ဒီ Feature နဲ့ဆိုရင် အလင်းကောင်းကောင်းတဲ့ အမိုက်စားဓာတ်ပုံများကို ရိုက်ကူးနိုင်မှာဖြစ်ပြီး 8K Display ရှိတဲ့ TV (သို့) Laptop နဲ့ ချိတ်ကြည့်မယ်ဆိုရင်တော့ အကောင်းဆုံး ခံစားချက်ကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

A16 Chip

Photo: Medium

Standard iPhone 14 မော်ဒယ်တွေကတော့ iPhone 13 မော်ဒယ်တွေရဲ့ နည်းပညာ လိုပဲ A15 Chip ကို အသုံးပြုထားမှာဖြစ်ပြီး Pro မော်ဒယ်တွေကိုတော့ A16 အသုံးပြုလိမ့်မယ်လို့ Kuo က ခန့်မှန်းထားခဲ့ပါတယ်။

ကားကြိတ်တဲ့ဒဏ် ခံနိုင်ရည်ရှိ မရှိ

Photo: Macrumors

Apple သည် iPhone အတွက်ရော Apple Watch အတွက်ရော ကားကြိတ်ခံရတဲ့ ဒဏ် ခံနိုင်ရည် စမ်းသပ်ချက်တွေကို ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်မတော်တဆမှုဖြစ်လာတဲ့အခါ ဖုန်းနှင့် စမတ်နာရီက စိစိညက်ညက် ကြေမသွားအောင်လို့ Sensors တစ်ခု ထည့်သွင်းထားပြီး ဖုန်းကနေ အလိုလို အရေးပေါ်ငှာနကို ဆက်သွယ်ခေါ်ဆိုပေးဖို့လည်း ကြိုးစားနေကြကြောင်း သိရပါတယ်။ Launch လုပ်တဲ့ရက်မှာတော့ အတိအကျသိရမှာပဲဖြစ်ပါတယ်။

Source: Macrumors

Featured Image: Medium