COVID-19 Lockdown တွေ မရှိတော့လို့ ရောဂါဘေးလည်း စိတ်အေးရပြီဆိုရင် Gym ချစ်သူတွေလည်း အလေးတုံးတွေဆီ ပြန်လာတော့မှာပါ။ Gym တွေ ပြန်ဖွင့်လို့ အားကစားရုံတွေဆီ သွားတော့မယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာက ဘယ်လိုအသုံးအဆောင်တွေ ယူသွားမလဲဆိုတာပါပဲ။ Workout Gear သစ်ချို့လည်း လိုနိုင်ပါတယ်။ ဒီတော့ သင့် Gym Checklist မှာ ပါသင့်တဲ့ စာရင်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) Trainer Shoes

Photo: Expert Reviews

Gym ကြမ်းပြင်ပေါ်မှာ သင့်ကို ခြေကုပ်မြဲပြီး တော်ရုံ ချော်မလဲစေအောင် ကာကွယ်ပေးမှာက Trainer Shoes တွေပါပဲ။ Trainer Shoe ကောင်းတစ်ရံက အားကစားလုပ်ရတာတင် သင့်ကို Support ပေးသွားမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ဖက်ရှင်နဲ့ စတိုင်အစပ်အဟပ်လည်း အများကြီး ပိုသားနားအောင် ကူညီပေးနိုင်လို့ ဖြစ်ပါတယ်။

(၂) Hoodie or Tracksuit

Photo: Men’s Health

ကိုယ့်အကြိုက်ပေါ် မူတည်ပြီး Hoodie ဖြစ်ဖြစ် Tracksuit ဖြစ်ဖြစ် ဝတ်နိုင်ပါတယ်။ Hoodie နဲ့ Tracksuit တွေက သက်တောင့်သက်သာရှိပြီး စမတ်ကျပါတယ်။ အားကစားလုပ်ရာမှာ Gym Fashion တွေက Fashionable လည်း ဖြစ် ၊ Functional လည်း ဖြစ်ပါတယ်။

(၃) Gym Bag

Photo: The MMA Guru

Workout ကစားဖို့ Gym သွားမယ်ဆိုရင် Gym ပစ္စည်းလေးတွေ စုထည့်သွားဖို့ Gym Bag တစ်လုံးလည်း လိုပါတယ်။ Gym Bag ထဲမှာ မျက်နှာသုတ်ပုဝါ ၊ Gloves ၊ နားကြပ် ၊ ဖိနပ် ၊ မျက်နှာသစ်ဆေး စတဲ့ အသုံးအဆောင်တွေ အကုန် ထည့်သွားလို့ ရပါတယ်။

(၄) ရေပြန်ထည့်သုံးနိုင်တဲ့ ရေဗူး

Photo: coachmag

Reusable Water Container တစ်လုံးတော့ အားကစားလုပ်သူတိုင်း ဆောင်ထားသင့်ပါတယ်။ Gym ရောက်မှ ရေဗူးဝယ်သောက်တာထက် ကိုယ့်အိတ်ထဲမှာကိုယ် ကိုယ်ပိုင်ရေဗူးလေး ထည့်သွားတာ အကောင်းဆုံးပါပဲ။

(၅) Personal Fitness App

Photo:verywellfit

သင့်ဖုန်းမှာ Personal Fitness Apps နဲ့ နှလုံးခုန်တိုင်းစနစ် App လေး ထည့်သွားဖို့လည်း အကြံပေးချင်ပါတယ်။ ဒါမှမဟုတ်လည်း Fitness Smartband တစ်ခုခု ဝယ်ထားဖို့ ပြောချင်ပါတယ်။ Personal Fitness App ဟာ အားကစားလုပ်ချိန် သင့်ခန္ဓာကိုယ်ရဲ့ အခြေအနေကို တိုက်ရိုက်အတိအကျ ဖော်ပြပေးနိုင်မှာပါ။

Featured Photo: Men’s Health