Jamaican Rum Punch က အပူပိုင်းဒေသအတွက် သင့်တော်ပြီး အရသာရှိသော သစ်သီးများနဲ့ ဖျော်စပ်ထားတဲ့ ပြီးပြည့်စုံသော ရမ် ကော့လ်တေး တစ်မျိုးဖြစ်ပါတယ်။ ဒီကော့လ်တေးမှာ ရမ် အပါအဝင် လိမ္မော်၊ သံပုရာသီးနှင့် နာနတ်သီးဖျော်ရည်များ ရောနှောပြီး ချိုမြသော အရသာကို ပေးစွမ်းနိုင်ပါတယ်။ ညာနေခင်းပါတီတွေမှာ ဖြစ်စေ၊ ဒင်နာပါတီတွေမှာ ဖြစ်စေ ထည့်သွင်း ဧည့်ခံလို့ကောင်းတဲ့ အဖျော်ယမကာ တစ်မျိုးပါပဲ။ ကွီးတို့အတွက် ဒီ Jamaican Rum Punch ကော့လ်တေး ကို ကိုယ်တိုင်ဖျော်စပ် မြည်းစမ်းနိုင်အောင် ကော့လ်တေး ဖျော်စပ်နည်းလေး ဝေမျှပေးချင်ပါတယ်။

အရသာရှိတဲ့ Jamaican Rum Punch ကော့လ်တေးတစ်ခွက် ဖျော်စပ်မယ်ဆိုရင် အဓိက ပါဝင်ပစ္စည်းတွေကတော့

Photo : The Spruce Eats

  • အဖြူရောင် Overproof ရမ် ၁.၅ အောင်စ
  • နာနတ်သီးဖျော်ရည် ၁.၅ အောင်စ
  • လိမ္မော်ရည် ၁.၅ အောင်စ
  • သံပရာရည် ၀.၅ အောင်စ
  • Grenadine ၀.၅ အောင်စ
  • ရေခဲများနဲ့

အလှဆင်ရန်အတွက် နာနတ်သီးစိပ်လေးများ၊ ချယ်ရီသီး၊ သံပုရာသီး စိပ်လေးများ စသည်တို့ လိုအပ်ပါတယ်။ အသီးဖျော်ရည်များကို လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ ဖျော်ရည်များ အသုံးပြုလျှင် ပိုကောင်းပါတယ်။ အခြားသော Jamaican Rum ကော့လ်တေး များတွင် အဖြူရောင်ရမ် နဲ့ အနက်ရောင်ရမ်ကို ညီတူညီမျှ ထည့်ပြီး ဖျော်စပ်လေ့ရှိပါတယ်။ များသောအားဖြင့် အဖြူရောင်ရမ်ကို သုံးလေ့ရှိသော်လည်း ပိုမိုပြင်းထန်တဲ့ အရသာကို ကြိုက်နှစ်သက်တဲ့ ကွီးတို့က အဖြူရောင်ရမ် နဲ့ အနက်ရောင်ရမ် နှစ်မျိုးစလုံးကိုသုံးပြီး ဖျော်စပ်လို့ ရပါတယ်။

ပါဝင်ပစ္စည်းတွေ စုံလင်ပြီဆိုရင်တော့ ကော့လ်တေး ဖျော်စပ်ဖို့ အသင့်ဖြစ်ပါပြီ။ ဖျော်စပ်နည်းလေးကတော့

(၁) အရင်ဆုံး ပါဝင်ပစ္စည်းများကို တစ်နေရာတည်းတွင် စုလိုက်ပါ။

Photo : The Spruce Eats

(၂) ထို့နောက် ကော့လ်တေး Shaker ထဲသို့ ရေခဲများ၊ ရမ်၊ Grenadine နဲ့ ပြင်ဆင်ထားသော အသီးဖျော်ရည်များကို လောင်းထည့်လိုက်ပါ။ ထို့နောက် ကော့လ်တေး Shaker ကို မိနစ် ၃၀ ခန့် ကော့လ်တေး Shaker အပြင်ဘက် အေးလာသည်အထိ ခပ်ပြင်းပြင်း လှုပ်ခါပါ။

Photo : The Spruce Eats

ဖန်ခွက်ထဲသို့ ရေခဲများ ဖြည့်ပါ။ ရေခဲများ ဖြည့်ပြီးလျှင် ရရှိလာသော ကော့လ်တေး Shaker ထဲမှ ဖျော်ရည်များကို ဖန်ခွက်ထဲသို့ လောင်းထည့်ပါ။

Photo : The Spruce Eats

နောက်ဆုံးအနေဖြင့် အဆင်သင့် ပြင်ထားသော နာနတ်သီး စိပ်လေးများ၊ ချယ်ရီသီး၊ သံပုရာသီး စိပ်လေးများ စသည်တို့ဖြင့် ကွီးတို့စိတ်ကြိုက် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ လှပတဲ့ အရောင်အဆင်းနဲ့ ချိုမြိန်သော အရသာကို ပေးစွမ်းနိုင်မဲ့ Jamaican Rum Punch ကော့လ်တေး တစ်ခွက် ရရှိပါပြီ။

Source : The Spruce Eats

Featured Photo : The Spurce Eats