ယောကျာ်းပီသပြီး Jaw Line များ ထွက်အောင် ကြိုးစားချင်တဲ့ ကွီး တို့အတွက် အထိရောက်ဆုံးနဲ့ အမြန်ဆန်ဆုံး နည်းလမ်းကောင်း တစ်ခုကတော့ လေ့ကျင့်ခန်း များ ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

Jaw Line များ ပေါ်ပေါ်လွင်လွင်နဲ့ ထင်ရှားချင်တဲ့ ကွီး တို့အတွက် ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်း များကို အခုပဲ ဖော်ပြပေးလိုက်ရပါတယ်။

လေ့ကျင့်ခန်း (၁)

Source: Healthline

အဆင့် (၁) အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။

အဆင့် (၂) လည်ပင်းကို အပေါ်သို့ မော့လိုက်ပါ။

အဆင့် (၃) လည်ပင်းကို မူလအနေအထားအတိုင်း ပြန်ထားပြီးနောက် ဦးခေါင်းကို ကြမ်းပြင်ကနေ ကြွလိုက်ပါ။ (ဦးခေါင်းကိုသာ ကြွပေးရမှာဖြစ်ပြီး ဝမ်းဗိုက် ကြွစရာမလိုပါဘူး။)

အဆင့် (၁) ကနေ (၃) အထိကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

Source: Gfycat

ဒီလေ့ကျင့်ခန်းကို စစချင်း ပြုလုပ်ချိန်မှာတော့ မသက်မသာဖြစ်တဲ့ ခံစားချက်မျိုး ခံစားရပါလိမ့်မယ်။ ဒါပေမဲ့လည်း အနာခံမှ အသာစံရမှာမဟုတ်လား။ Jaw Line လေး ထင်ထင်ရှားရှားနဲ့ ယောကျာ်းပီသတဲ့အသွင်မျိုး ပိုင်ဆိုင်ချင်တဲ့ ကွီး တို့အတွက်တော့ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်း တစ်ခုပဲဖြစ်ပါတယ်။

အဆင့် (၁) တစ်စုံတစ်ရာကို ဒေါသထွက်နေသယောင်ယောင် အံကြိတ်ထားရမှာဖြစ်ပါတယ်။ ၁၀ စက္ကန့်ခန့် အံကြိတ်ထားလိုက်ပါ။

အဆင့် (၂) မျက်နှာကို မူလအနေအထားအတိုင်း ပြန်လည်ပြေလျော့ထားလိုက်ပါ။

စုစုပေါင်း ၁၀ ကြိမ်မှ ၁၅ ကြိမ်၊ ၂ ကျော့မှ ၃ ကျော့ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

Source: Healthline

အဆင့် (၁) ကြမ်းပြင်ပေါ်မှာ ပုံပါအတိုင်း ထိုင်နေကာ အသင့်အနေအထားပြင်လိုက်ပါ။

အဆင့် (၂) ဦးခေါင်းကို ရှေ့တိုး နောက်ဆုတ်ဖြင့် ပြုလုပ်ပေးလိုက်တဲ့အခါ လည်ပင်းနှင့် မေးစေ့ရှိ ကြွက်သားများ တင်းမာမှုကို ခံစားသွားရပါလိမ့်မယ်။

စုစုပေါင်း ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

Source: Healthline

အဆင့် (၁) သက်သောင့်သက်သာအနေအထားဖြင့် ထိုင်နေပါ။

အဆင့် (၂) အင်္ဂလိပ် သရအက္ခရာ “O” ကို နှုတ်ခမ်းဝိုင်းဝိုင်းဖြင့် ပြုလုပ်ပေးရပါမယ်။ နှုတ်ခမ်းအမူအရာကိုလည်း သာမန်ပုံစံထက် အိုဗာအိုက်တင်မျိုး ပြုလုပ်ပေးပါက ပိုထိရောက်ပါတယ်။

အဆင့် (၃) ထို့နောက် အင်္ဂလိပ် သရအက္ခရာ “E” ကို တစ်ဆက်တည်း ဆက်လက်ပြုလုပ်ပေးလိုက်ပါ။ အိုဗာအိုက်တင်မျိုး ပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။

အဆင့် (၂) နှင့် (၃) ကို တစ်လှည့်စီ ပြုလုပ်ပေးပြီး စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၅)

Source: Healthline

အဆင့် (၁) ပါးစပ်ကို စေ့ထားကာ အသင့်အနေအထားပြင်ထားပါ။

အဆင့် (၂) မေးစေ့ကို အရှေ့သို့ ဆန့်ထုတ်ပြီး တစ်ပြိုင်နက်တည်းမှာပဲ အောက်နှုတ်ခမ်းကို အပေါ်သို့ ဆန့်ထုတ်ပေးလိုက်ပါ။

ထိုအနေအထားအတိုင်း ၁၅ စက္ကန့်ခန့် တောင့်ထားပါ။ ဒါဆိုရင်တော့ တစ်ကြိမ် ပြည့်သွားပါပြီ။

စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Source: Manofmany

Featured Image Source: Manofmany