Keanu Reeves ဆိုတာကတော့ နာမည်ကြီး ကမ္ဘာကျော်မင်းသားတစ်လက်ဖြစ်ပါတယ်။ သူသည် ကနေဒါလူမျိုး မင်းသားတစ်ဦးဖြစ်ပြီး သူသည် အသက် ၉ နှစ်အရွယ်ကတည်းက ပြဇာတ်များထဲတွင် ပါဝင်သရုပ်ဆောင်လေ့ရှိကာ အနုပညာလောကထဲသို့ ထိုအရွယ်ကတည်းက ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူသည် သရုပ်ဆောင်ပိုင်းတွင်သာမကဘဲ သူ့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးနှင့် ခန္ဓာကိုယ်တွင် အဆီပိုများ မတက်ဖို့ရန်အတွက် ကြိုးစားလေ့ရှိသူတစ်ယေက်ဖြစ်ပါတယ်။ Keanu Reeves ရဲ့ ပရိသတ်များအနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုထိန်းသလဲဆိုတာ သိချင်တယ်ဆိုရင်တော့ သူ့ရဲ့ အစားအစာ စားသောက်ပုံနဲ့ သူ ပြုလုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်း များကို သိထားဖို့လိုအပ်ပါတယ်။

သူသည် ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေကြောင့် ဆုတံဆိပ်ပေါင်း မြောက်မြားစွာကိုလည်း ဆွတ်ခူးရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူသည် တစ်နေ့လျှင် ထမင်း (၅) နပ် စားလေ့ရှိပြီး အရေအတွက်များများနှင့် ပမာဏနည်းနည်း စားလေ့ရှိပါတယ်။

ပထမထမင်းတစ်နပ်

မနက်စာအဖြစ် စီရီရယ် ပန်းကန်လုံးတစ်လုံးစာကို ထောပတ်သီးအနှစ်များဖြင့် သုတ်ထားတဲ့ ပေါင်မုန့်မီးကင်တစ်ချပ်၊ ငှက်ပျောသီး ၁ လုံး စတာတွေကို စားသုံးပါတယ်။

ဒုတိယတစ်နပ်

ဆန်ကိတ်နှင့် မြေပဲထောပတ်တို့ကို ဒုတိယတစ်နပ်အဖြစ် ဆက်လက်စားသုံးပါတယ်။

တတိယတစ်နပ်

တူနာငါး (သို့) ကြက်သား ၂၀၀ ဂရမ်၊ ဟင်းရွက်သုပ်နှင့် ဟင်းရွက်ပေါင်း တို့ကို တတိယတစ်နပ်အဖြစ် စားသုံးပါတယ်။

စတုတ္ထတစ်နပ်

စတုတ္ထတစ်နပ်ကတော့ သီးစုံသုပ်ပဲဖြစ်ပါတယ်။

နောက်ဆုံးတစ်နပ်

ဒီနောက်ဆုံးတစ်နပ်ကိုတော့ အမဲသား ၂၂၅ ဂရမ်၊ ထမင်း ၂၀၀ ဂရမ်နှင့် ငရုတ်ပွ အနည်းငယ်တို့ကို ညစာအဖြစ် စားသုံးပါတယ်။

ကွီးတို့လည်း ကိုယ့်ခန္ဓာကိုယ်က အဆီမတက်ချင်ဘူးဆိုရင်တော့ ဒီ Diet Plan လေးအတိုင်း လိုက်စားသင့်ပါတယ်။

Keanu Reeves ပြုလုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်း များကတော့ …

အရင်ဦးဆုံး သွေးပူလေ့ကျင့်ခန်း ၁၀ မိနစ်ခန့် ပြုလုပ်ရပါမယ်။ ပြီးရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၁)

Source: CoachUp

ဒီလေ့ကျင့်ခန်းလေး ပြုလုပ်ဖို့အတွက်ဆိုရင် အလယ်အလတ်ခန့်မြင့်တဲ့ ခုံတစ်လုံးလိုအပ်ပါလိမ့်မယ်။ ထိုခုံပေါ်သို့ ပုံပါအတိုင်း ခုန်တက်လိုက် ခုန်ဆင်းလိုက် တစ်လှည့်စီပြုလုပ်ရမှာဖြစ်ပါတယ်။

စုစုပေါင်း ၆ ကြိမ်မှ ၈ ကြိမ်၊ ၃ ကျော့ခန့် ပြုလုပ်ရမှဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

Source: Loop-cn

အရင်ဦးဆုံး နံရံတစ်ဘက်မှာ လက်ကို ထောက်ထားပြီးတော့ အသင့်ပြင်ထားလိုက်ပါ။ ဘယ်ခြေကို အရှေ့အနောက် လွှဲပေးလိုက်ပါ။ အရှေ့လွှဲလိုက် အနောက်လွှဲလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးလိုက်ပါ။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၅ ကြိမ်၊ ၂ ကျော့ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဘယ်ခြေပြီးသွားပြီဆိုရင်တော့ ညာခြေကိုလည်း ထိုနည်းအတိုင်း ဆက်လက်ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

Source: Gfycat

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် အလေးတုံးနှစ်တုံး လိုအပ်ပါလိမ့်မယ်။ အလေးတုံးမရှိဘူးဆိုရင်တော့ ရေဘူးအကြီး နှစ်ဘူးဖြင့် အစားထိုးပြုလုပ်နိုင်ပါတယ်။

ကြမ်းပြင်ပေါ်မှာ လှဲလျောင်းပြီးနောက် လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားပါ။ ထို့နောက် လက်နှစ်ဖက်ဆန့်တန်းကာ အလေးတုံးကို အပေါ်သို့ မြှောက်လိုက်ပါ။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၅ ကြိမ်၊ ၂ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

Source: Flab Fix

ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားလိုက်ပါ။ ထို့နောက် ဘယ်ခြေကို ဆန့်တန်းကာ အရှေ့သို့ ဆန့်ထုတ်လိုက်ပါ။ ပုံပါအတိုင်း ခြေထောက်ကို ရှေ့တိုးကာ ညာဒူးကို ကွေးကာ ထိုင်လိုက်ပါ။

၁၀ ကြိမ်မှ ၁၅ ကြိမ် ပြုလုပ်ပါ။ ပြီးရင်တော့ ညာခြေ ပြောင်းလုပ်ကာ အထက်ဖော်ပြပါနည်းအတိုင်း ဆက်လက်ပြုလုပ်လိုက်ပါ။ စုစုပေါင်း ၂ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

Source: 24Life

ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားပါ။ အလေးတုံးကို ရင်ဘတ်ရှေ့တည့်တည့်တွင် ထားထားလိုက်ပါ။ ပြီးရင်တော့ ပုံပါအတိုင်း ဒူးအနည်းငယ် ကွေးကာ ပေါင်တံနှစ်ဖက်က ကြမ်းပြင်နဲ့ မျဉ်းပြိုင်ပုံသဏ္ဍာန်ဖြစ်သွားအောင် ထိုင်ချလိုက်ပါ။

စုစုပေါင်း ၁၀ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၆)

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ Plank ထောက်မယ့် လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

ပုံပါအတိုင်း တံတောင်ကို ပုခုံးအောက်မှာ ထားထားလိုက်ပါ။ ပြီးရင်တော့ ၁ မိနစ်ခန့် Plank ထောက်ထားရပါမယ်။ စုစုပေါင်း ၂ ကြိမ် (သို့) ၃ ကြိမ် Plank ထောက်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းအားလုံး ပြီးသွားပြီဆိုရင်တော့ အကြောလျော့လေ့ကျင့်ခန်းများကို ၁၀ မိနစ်ခန့် ပြုလုပ်ကာ အဆုံးသတ်လိုက်ပါ။

Source: Manofmany

Featured Image Source: Muscleandfitness