Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ပထမဦးဆုံး စဉ်းစားသင့်တဲ့အချက်သည် ထို Laptop ရဲ့ ဘရန်းတံဆိပ်မဟုတ်ဘဲ ထိုတံဆိပ်ရဲ့ နောက် ကွယ်က အသုံးပြုထားတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ Macbook နဲ့ Windows Laptop ဆိုပြီး အမျိုးအစားနှစ်ခုရှိတဲ့အနက် ဘယ်ဟာဝယ်ရမှန်းမသိဖြစ်နေတဲ့ ကွီး တို့အတွက် ထည့်သွင်းစဉ်းစားသင့်တဲ့အချက်များကို ဝေမျှပေးချင်ပါတယ်။

Mackbook နဲ့ Windows Laptop တို့သည် ဘယ်လို ကွာခြားသလဲဆိုတာကို ကွီး တို့ သိပြီးပါပြီလား

Macbook ကတော့ Apple ကနေ ထုတ်လုပ်ထားတဲ့ Laptop အမျိုးအစားတစ်ခုဖြစ်ပြီး သူ့ Line-Up ထဲမှာ Air နဲ့ Pro ဆိုပြီး အမျိုးအစားနှစ်မျိုး ထပ်မံခွဲခြားထားပါတယ်။ ထိုအမျိုးအစားနှစ်ခုစလုံးက ပေါ့ပေါ့ပါးပါးနှင့် အလုပ်လုပ်ဆောင်ရတဲ့အခါမှာလည်း မြန်ဆန်ပါတယ်။

Windows တွေထဲမှာတော့ ဒီဇိုင်းအမျိုးအစားအမျိုးမျိုးနှင့် ရွေးချယ်စရာအမျိုးမျိုးလည်းရှိတဲ့အတွက်ကြောင့် ယေဘုယျ ခြုံပြောဖို့ကတော့ ခက်ပါတယ်။ Windows တွေထဲမှာ Microsoft Surface လိုမျိုး Kayboard ကို ဖြုတ်လို့ တပ်လို့ရတဲ့ ဒီဇိုင်းတွေလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဘယ် Laptop ဝယ်လို့ ဝယ်ရမှန်းမသိ ခွဲခြားရခက်နေတယ်ဆိုတဲ့ ကွီး တို့အနေနဲ့လည်း အခုဖော်ပြပေးမယ့်အချက်တွေက အသုံးတည့်မှာပါ။

ဈေးနှုန်းချင်း နှိုင်းယှဉ်ပါ

Apple ရဲ့ နည်းပညာကတော့ အားလုံးသိတဲ့အတိုင်းပဲ ဈေးက တော်တော်လေးကို မြှောက်ပါတယ်။ Macbook ရဲ့ အသက်သာဆုံးဈေးတောင်မှ ဒေါ်လာ ၁၀၀၀ ရှိပါတယ်။

Windows မှာ ကျပြန်တော့ အနိမ့်ဆုံး တန်ဖိုးအနေနဲ့ ဒေါ်လာ ၃၀၀ ကနေ အစပြုပြီး အခြေခံ Function တွေဖြစ်တဲ့ အင်တာနက်သုံးခြင်း၊ အွန်လိုင်းကနေ ဗွီဒီယိုကြည့်ခြင်း အစရှိသည်တို့ကို ထည့်သွင်းပေးထားပါတယ်။ Specification မြင့်မြင့်နဲ့ အကောင်းစား Windows တစ်လုံးရဲ့ ဈေးကတော့ အနည်းဆုံး ဒေါ်လာ ၁၀၀၀ ပေးဝယ်ရပါလိမ့်မယ်။

ဒီဇိုင်းပိုင်းကို ကြည့်ပါ

Photo: Laptopmag

Apple ရဲ့ ဒီဇိုင်းတွေကတော့ ပါးပါးလျလျလေးနှင့် သယ်ဆောင်ရတာ ပေါ့ပေါ့ပါးပါးဖြစ်အောင် ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ Keyboard ပိုင်း သုံးရတာသည်လည်း ပိုမို Smooth ဖြစ်တဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။

Windows မှာတော့ Apple နဲ့ ယှဉ်နိုင်လောက်တဲ့အထိ ဒီဇိုင်းလှတာကတော့ Surface Pro 6 ရှိပါတယ်။ ကိုယ်ထည်ကလည်း အင်မတန်ပါးလျပြီး Apple ထက် သယ်ဆောင်ရတာ ပိုမိုလွယ်ကူပါတယ်။

ဂိမ်းဆော့ဖို့လား

Photo: Asus

Laptop ကို ဘယ်ရည်ရွယ်ချက်နဲ့ ဝယ်သလဲဆိုတာကို ကွီး တို့သည် မဝယ်ခင်ကတည်းက သေချာဆုံးဖြတ်ရမှာဖြစ်ပါတယ်။

Macbook နဲ့ဆိုရင် ဂိမ်းဆော့လို့ရပါ့မလား။

သင် ဆော့ချင်တဲ့ ဂိမ်းအမျိုးအစားပေါ် မူတည်ပါတယ်။ တကယ်လို့ သင်သည် 3D ဂိမ်းမျိုး ဆော့ချင်တာဆိုရင်တော့ Macbook က အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

ဂိမ်းဆော့ဖို့ သီးသန့်ဆိုရင်တော့ Windows ထဲက Gaming သီးသန့်အတွက် ထုတ်လုပ်ထားတဲ့ အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။

အလုပ်အတွက် အသုံးပြုဖို့လား

Photo: Photographytalk

MacOS တွေရဲ့ အားသာချက်ကတော့ သူတို့သည် Video Editing ၊ Photo Editing အစရှိတဲ့ ဆော့ဖ်ဝဲအကောင်းစားများဖြင့် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် Graphics ပိုင်း အသုံးပြုရတဲ့ အလုပ်တွေအတွက်တော့ ဒီ Macbook တွေက အသင့်တော်ဆုံးပါပဲ။

Windows ကျပြန်တော့လည်း သူ့နည်းပညာနဲ့သူ ဖြစ်သွားပြန်ပါတယ်။ သူ့မှာလည်း Mac မှာ အသုံးမပြုထားတဲ့ ဆော့ဖ်ဝဲတချို့ပါဝင်ပါတယ်။

သင့်အနေနဲ့ ကိုယ့်အလုပ်သည် ဘယ် ဆော့ဖ်ဝဲကို အများဆုံး အသုံးပြုရတာဖြစ်သလဲ။ ဘယ်အမျိုးအစားက ထိုဆော့ဖ်ဝဲအတွက် အသင့်တော်ဆုံးလဲဆိုတာကို သေချာဆုံးဖြတ်ပြီး အကောင်းဆုံးတစ်ခုကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Source: Appliedinnotech

Featured Image: Techjunkie