ဒီတစ်ခေါက်မှာတော့ စူးရှ ၊ ချိုမြ ၊ ချဉ်ပြုံးပြုံး အရသာတို့ ဟန်ချက်ညီစွာ ပေါင်းစပ်ထားတဲ့ Unique ဖြစ်တဲ့ Classic ကော့လ်တေး တစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ကဗျာတစ်ပုဒ် ဖတ်နေရသလို သေသပ်လှပစွာ ယစ်မူးရမယ့် Last Word ကော့လ်တေးပါ။ ပါဝင်ပစ္စည်း အနည်းငယ်နဲ့ တကယ်ကို ထူးခြားစွဲမက်ဖွယ် အရသာကို ပေးစွမ်းမယ့် ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Photo : A Couple Cooks

Gin နဲ့ သံပုရာရည်တို့ရဲ့ တွဲဖက်ညီတဲ့ ပေါင်းစပ်မှုကိုမှ Maraschino Liqueur နဲ့ Chartreuse Liqueur ထပ်ပေါင်း ရောစပ်ထားတာ ဖြစ်ပါတယ်။ Last Word လို့ခေါ်တဲ့ ဒီ စိမ်းဖျော့ဖျော့ရောင် ကော့လ်တေးဟာ ၁၉၁၆ ခုနှစ်လောက်ကတည်းက စပေါ်ခဲ့တာလို့ ပြောကြပေမယ့် ၂၀၀၄ ခုနှစ်နောက်ပိုင်းမှသာ ပိုပြီး လူကြိုက်များ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ ကော့လ်တေးဖျော်စပ်နည်းကတော့ လုံးဝရိုးရိုးလေးပါပဲ။ ကွီးတို့ အိမ်မှာ ကိုယ်တိုင်ဖျော်စပ်မြည်းစမ်းကြည့်နိုင်ဖို့ ကော့လ်တေးဖျော်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး ကော့လ်တေး Shaker ထဲမှာ Gin ၁ အောင်စ ၊ Maraschino Liqueur ၁ အောင်စ ၊ Chartreuse Liqueur ၁ အောင်စနဲ့ Lime Juice ၁ အောင်စတို့ကို ရေခဲအနည်းငယ် ရောထည့်ပြီး အေးလာတဲ့အထိ ရှိတ်ပေးပါ။ ပြီးတဲ့အခါ ကော့လ်တေးဖန်ခွက်ထဲ ပြောင်းထည့်ပြီး ချယ်ရီသီးလေး အလှဆင်ကာ စူးရှချိုမြတဲ့ Last Word ကော့လ်တေးတစ်ခွက်ရဲ့ အရသာကို စီးမြောခံစားနိုင်ပါပြီ။

Featured Photo : Recipes.net