Lava ကနေ မျိုးဆက်သစ် စမတ်ဖုန်း အသစ်ဖြစ်တဲ့ Blaze X ကို အခုကို လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ဖော်ကြေညာ သွားတော့မယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒီသတင်းကိုပြီးခဲ့တဲ့အပတ်က ပြီးခဲ့တဲ့အပတ် ဒီလအစောပိုင်းတုန်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး Lava Blaze X မှာ 64 MP Main ကင်မရာနဲ့ 4 / 6 / 8 GB RAM Options ၃ မျိုးနဲ့ လာမယ်လို့ Brand ဘက်က အတည်ပြုထားပါတယ်။

Photo : GSMArena.com

လက်ရှိထပ်မံ ပေါက်ကြားလာတဲ့ သတင်းတစ်ခုအရ Lava Blaze X မှာ Dimensity 7050 SoC အသုံးပြုထားမှာဖြစ်ပြီး Storage Options အနေနဲ့ 128 / 256 GB ၂ မျိုး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Dimensity 7050 ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ထွက်ရှိခဲ့တဲ့ Blaze Curve စမတ်ဖုန်းမှာ အသုံးပြုခဲ့ဖူးတာကြောင့် Brand အတွက် Chipset အသစ်တော့ မဟုတ်ပါဘူး။ Lava Blaze X မှာ ကွေးညွှတ်ထားတဲ့ FHD+ Resolution မျက်နှာပြင် တပ်ဆင်ထားပြီး ကျောဘက်မှာ 8 MP Ultrawide နဲ့ 32 MP အရှေ့ကင်မရာတို့ ပါဝင်မယ်လို့ ထွက်ပေါ်ထားတဲ့ သတင်းတွေအရ သိရပါတယ်။

ဘက်ထရီပိုင်းမှာတော့ 33W Wired Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ထည့်သွင်းပေးလာမယ်လို့ ခန့်မှန်းရပါတယ်။ ဆော့ဖ်ဝဲအနေနဲ့ Android 14 ကိုအသုံးပြုထားမယ်လို့ ခန့်မှန်းရပြီး ဒီအချက်အလက်တွေဟာ ကောလဟာလ ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်သာ ဖြစ်ပါတယ်။ ဖုန်းနဲ့ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြာမီရက်ပိုင်းအတွင်း အတိအကျ သိရှိနိုင်မှာပါ။

Photo : GSMArena.com

Lava Blaze X စမတ်ဖုန်းကို Amazon မှာလည်း ဝယ်ရရှိနိုင်မှာဖြစ်ပြီး သြဂုတ်လထဲမှာ အော့ဖ်လိုင်းစတိုးတွေကနေ ဝယ်ယူနိုင်မယ်လို့ သိရအပါတယ်။

Source : GSMArena.com

Featured Photo : GSMArena.com