တကယ်တော့ ဘဝကရိုးရှင်းလေ ပျော်စရာကောင်းလေပါပဲ။ များသောအားဖြင့်တော့ လူတွေဟာ သူတို့ဘဝထဲကရိုးရှင်းပြီးသေးငယ်တဲ့လုပ်ဆောင်မှုလေးတွေကို ပေါ့ပေါ့တန်တန်ပဲသဘောထားမိကြပါတယ်။ သိရုံမျှသာသိကြပြီး တန်ဖိုးထားအသိအမှတ်ပြုဖို့ရာတော့မေ့နေတတ်ကြပါဘူး။ ဒါကြောင့် အခုသင့်ဘဝထဲမှာရှိနေတဲ့ ပျော်ရွှင်မှုသေးသေးလေးတွေကို သတိထားမိအောင် ပြန်ပြောပြပေးလိုက်ပါတယ်။

Source : Fortune

(၁) နေဝင်နေထွက်ချိန်ကို စောင့်ကြည့်ပါ။ (၂) ကြယ်တွေကိုငေးရင်း ဘဝအကြောင်းတွေးပါ။ (၃) သင့်ဝမ်းဗိုက်ကြွက်သားတွေနာလာတဲ့အထိ ရယ်မောပါ။ (၄) သင့်အိပ်ယာထဲမှာပဲ မနက်စာစားပါ။ (အမေဆူရင်တော့ မသိဘူးနော်) (၅) အရသာအသစ်အဆန်းတခုကို စမ်းစားကြည့်ပါ။ (၆) သူငယ်ချင်းတွေနဲ့အတူတူ ပျော်စရာကောင်းတဲ့အရာလေးတွေလုပ်ဆောင်ကြည့်ပါ။

Source : Freepik

(၇) အမှတ်မထင် စာအုပ်ကြားထဲမှာညှပ်ထားမိတဲ့ ပိုက်ဆံတွေပြန်ရှာတွေ့နိုင်တာကြောင့် စာအုပ်တွေကိုရှာဖွေကြည့်ပါ။ (၈) အချိုစားပါ။ (ချောကလက် ၊ ဒိန်ချဉ် ) (၉) သူငယ်ချင်းတွေနဲ့အတူတူ တညလုံးရုပ်ရှင်ကြည့်ပါ။ (၁၀) လေ့ကျင့်ခန်းလုပ်ပြီး လုံးဝမောနေတဲ့အချိန်ကလဲ ပျော်ရွှင်မှုပဲနော်။ (၁၁) နှစ်ပေါက်အောင်ပျောက်နေတဲ့ပစ္စည်းတခု ပြန်ရှာတွေ့တာ။ (၁၂) တယောက်ယောက်ကို ရယ်အောင်လုပ်ပေးပါ။

Source : 123RF.com

(၁၃) မိုးရွာနေတဲ့အချိန် ပြတင်းပေါက်ဘေးမှာ ထိုင်ရတာ။ (၁၄) အချို့သော နောက်ပြန်ဆုတ်လိုက်ရတဲ့အချိန်ဟာ အရေးကြီးတယ်ဆိုတာကို နားလည်လာတာ။ (၁၅) သင်ကြိုက်တဲ့ ရေမွှေးရနံ့တခုကို ရှူကြည့်လိုက်တဲ့အခါ။ (၁၆) လူတွေဟာ ကိုယ်အကြိုက်ဆုံးသီချင်းကို နားထောင်တဲ့အခါမှာလည်း ပျော်ရွှင်တတ်ကြပါတယ်နော်။