အားလပ်ချိန်မှာ ဘားထိုင်ရင်း အေးအေးဆေးဆေး Chill ကာ အချိန်ကုန်ဆုံးချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ Luxury ဆန်ဆန် ဟိုတယ် ဘား များနှင့် မိတ်ဆက်ပေးချင်ပါတယ်။ ရန်ကုန်မြို့တွင်းမှာရှိပြီး အမိုက်စား ဟိုတယ်များပေါ်မှာ တည်ရှိတဲ့ Luxury ဘား တွေပဲဖြစ်ပါတယ်။

Freesia Bar

Photo: Facebook

ရုံးတက်ရက် ပထမဆုံးရက်မှာ ဘားထိုင်ချင်တယ်ဆိုရင်တော့ Freesia Bar ကိုသာ သတိရလိုက်ပါ။ တနင်္လာနေ့နဲ့ အင်္ဂါနေ့ နှစ်ရက်စလုံးမှာ အတန်တကာ့ အတန်ဆုံး စပယ်ရှယ် ပရိုမိုးရှင်းတွေ ရှိပါတယ်။ အောက်တိုဘာလ တစ်လလုံးမှာ ပရိုမိုးရှင်းချပေးနေတာဆိုတော့ အတန်ဆုံးပါပဲ။ တနင်္လာနေ့မှာတော့ Free Bottle Charge ရှိပြီး အင်္ဂါနေ့မှာတော့ 1 Free Draught Beer With Any Main Course ဆိုပြီး ပရိုမိုးရှင်း အသီးသီးရှိပါတယ်။

Photo: Facebook

Unplugged Music ကို နားဆင်ခံစားချင်သူများအတွက်လည်း အစီအစဥ်မျိုးစုံရှိပါတယ်။ ကော့တေး ကြိုက်နှစ်သက်သူများအတွက်လည်း ရာသီပေါ်သီးနှံမျိုးစုံနှင့် လိုက်ဖက်အောင် ဖော်စပ်ထားတဲ့ Freesia Signature Cocktails များလည်းရှိပါသေးတယ်။

Photo: Facebook

နောက်ထပ် ထူးခြားကောင်းမွန်တဲ့ အစီအစဥ်လေးကတော့ Freesia Bar မှာ ပါတီကျင်းပချင်သူများအတွက် ပဲဖြစ်ပါတယ်။ Private Event မျိုးစုံကို Freesia Bar မှာ လက်ခံဆောင်ရွက်ပေးနေတာကြောင့် ပါတီပွဲကျင်းပချင်သူများအတွက် ရွေးချယ်သင့်တဲ့ Luxury ဟိုတယ် ဘား တစ်ခုပဲဖြစ်ပါတယ်။

ဆိုင်ရဲ့ တည်နေရာကတော့ အမှတ် (၁၆၄)၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်မှာရှိတဲ့ Hotel Vivid ပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ၂ နာရီကနေ ၁၁ နာရီအထိဖြစ်ပါတယ်။

Inya View Roof Top Bar

Photo: Facebook

ဒီနေရာလေးကတော့ Inya View Hotel Yangon ပေါ်မှာ တည်ရှိတဲ့ Roof Top Bar လေးပဲဖြစ်ပါတယ်။ အင်းယားကန်က တိုက်ခိုက်လာတဲ့ လေနုအေးလေးတွေကို သာယာငြိမ့်ညောင်းစွာ ခံစားရတာကလည်း Luxury ဆန်တဲ့ ခံစားချက်တစ်ခုဖြစ်ပြီး Inya View Roof Top ဘားကသာ ပေးစွမ်းနိုင်တာဖြစ်ပါတယ်။

နေဝင်ဆည်းဆာအလှကို ခံစားရင်း မိမိကြိုက်နှစ်သက်တဲ့ ဘီယာ (သို့) ဝီစကီ၊ တကီလာတို့ကို ရွေးချယ်သောက်သုံးရင် အရသာရှိတဲ့ အမြည်းများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။

Barr Street Bar

Photo: Facebook

လူငယ်ဆန်ဆန် ပေါ့ပါးလွတ်လပ်မှုကို ခံစားချင်တဲ့ ကွီးတို့အတွက် နောက်ထပ် Luxury ဆန်တဲ့ ဘား ကတော့ BaobaBed Yangon ရဲ့ အပေါ်ဆုံး Rooftop မှာ တည်ရှိတဲ့ ဘားလေးပဲဖြစ်ပါတယ်။ Downtown မြို့လယ်မှာ တည်ရှိတဲ့ အမိုက်စား ဘားတစ်ခုပဲဖြစ်ပါတယ်။

Photo: Facebook

အစားအစာများကလည်း အရသာရှိတဲ့အပြင် ဈေးနှုန်းကလည်း ချိုသာတဲ့အတွက်ကြောင့် ပိုက်ဆံကုန်ရကျိုးလည်း နပ်ပါတယ်။ ဘီယာများ စိတ်ကြိုက်သောက်သုံးနိုင်တဲ့အပြင် ကော့တေးမျိုးစုံနှင့် ရှီရှာတို့ကိုလည်း ရွေးချယ်မြည်းစမ်းနိုင်ပါတယ်။ DJ နှင့် Unplugged Music ဖျော်ဖြေမှုများလည်း ရှိတဲ့အတွက်ကြောင့် အယ်ကိုဟောလေး သောက်လိုက် သီချင်းလေးနဲ့ ငြိမ့်ရင်း အချိန်ကုန်ဆုံးနိုင်ပါတယ်။