Marvel ရုပ်ရှင်တွေကတော့ စူပါဟီးရိုး ပရိသတ်တွေ အသည်းစွဲ ကြိုက်နှစ်သက်ကြတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။ Marvel က သူ့ရဲ့ မားကတ်တင်းကို ပိုမြင့်တဲ့အနေနဲ့ ရုပ်ရှင်တွေအပြင် ဂိမ်း တွေကိုလည်း ဖန်တီးလာခဲ့ကြပါတယ်။

Marvel Snap

Photo: Gamesradar

Marvel Snap ကတော့ အောက်တိုဘာလ ၂၀၂၂ က ထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်ပြီး ဝေဖန် လေကန်ရေးသမားတွေရဲ့ ချီးမွမ်းခြင်းကိုတောင် ခံရတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားကတော့ ကတ်တွေအများကြီးကို စုဆောင်းရတဲ့ ဂိမ်းတစ်မျိုးဖြစ်ပြီး ကတ်တစ်ခုချင်းစီသည် Variant အမျိုးမျိုး ရှိကြပါတယ်။ ဆိုလိုတာကတော့ ကာရိုက်တာက တစ်ခုတည်းပေမယ့် မတူညီတဲ့ စကြဝဠာရဲ့ ကိုယ်ပွားတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကတ်တွေ စုဆောင်းရတာလည်း ပျော်ဖို့ကောင်းပါတယ်။

Marvel Contest of Champions

Photo: Marvel

Marvel Contest of Champions ဆိုတဲ့ နာမည်အတိုင်းပဲ နာမည်ကြီး စူပါဟီးရိုး ကာရိုက်တာအများကြီးကို အခြေခံထားတာပဲဖြစ်ပါတယ်။ ဆော့ကစားတဲ့အခါ သူသည် ဟီးရိုးတစ်ဖွဲ့၊ ဗီလိန်တစ်ဖွဲ့ ဖွဲ့ပြီး ဆော့ကစားရတာဖြစ်ပြီး ဟီးရိုးတွေကို Captain America ၊ Star-Lord စသည်ဖြင့် ကိုယ်ကြိုက်တဲ့ လူတွေနဲ့ ဖွဲ့စည်းနိုင်ပြီး ဗီလိန်တွေကိုလည်း Venom ၊ Green Goblin ဆိုပြီး မိမိစိတ်ကြိုက် ဖွဲ့နိုင်ပါတယ်။ ဒီလိုမျိုး အုပ်စုတွေ ဖွဲ့စည်းပုံကလည်း Bonus တွေ အများကြီးရအောင် ကူညီပေးပါလိမ့်မယ်။

Marvel Future Fight

Photo: Marvel

ဒီဂိမ်းထဲမှာ Marvel ကာရိုက်တာချည်းပဲ အမျိုးအစား ၂၀၀ ကျော်လောက် ပါဝင်ပါတယ်။ ဒီဂိမ်းကလည်း စောစောက ဂိမ်းနဲ့ ဆင်တူပါတယ်။ အဖွဲ့ကို သေချာ ဖွဲ့တတ်မယ်ဆိုရင် Bonus တွေ အများကြီး ရမှာပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒီ Marvel ဂိမ်း ကို တစ်ယောက်တည်းလည်း ဆော့ကစားနိုင်သလို မဟာမိတ်ဖွဲ့ပြီးလည်း ဆော့ကစားနိုင်ပါသေးတယ်။

Marvel Puzzle Quest: Hero RPG

ဥာဏ်စမ်း ပဟေဠိဂိမ်းတွေကို ဆော့ကစားချင်တဲ့ ကွီးတို့အတွက်တော့ Marvel Puzzle Quest: Hero RPG ဂိမ်းရှိပါတယ်။ သူ့ထဲမှာလည်း Marvel ကာရိုက်တာပေါင်း ၂၅၀ ကျော် ပါဝင်ပြီး ကာရိုက်တာ တစ်ခုချင်းစီမှာ တစ်မူ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားပါတယ်။ Marvel Comic တွေလိုမျိုး ဆော့ကစားချင်သူများအတွက်လည်း Story Mode နဲ့ ဆော့ကစားနိုင်တာကတော့ သူ့ရဲ့ အားသာချက်တစ်ခုပါပဲ။

Marvel Strike Force: Squad RPG

ဒီဂိမ်းထဲမှာတော့ စူပါဟီးရိုးတွေရော ဗီလိန်တွေရော အတူတူ ပူးပေါင်းပြီး ကမ္ဘာကြီးကို ပြင်ပ ဘေးအန္တရာယ်မှ ကာကွယ်ပေးရမှာပဲဖြစ်ပါတယ်။ ကာရိုက်တာ တစ်ခုချင်းစီရဲ့ စွမ်းဆောင်ရည်ကို ပိုတိုးလာအောင်လည်း လုပ်ဆောင်နိုင်သလို သူတို့ကို ပစ္စည်း ကိရိယာ စုံစုံလင်လင်ဖြစ်အောင်လည်း ကိုယ့်ဘက်က အားဖြည့်ပေးနိုင်ပါတယ်။

ကွီးတို့ရော Marvel ဂိမ်း တွေထဲမှာ ဘယ်ဂိမ်းကို အကြိုက်ဆုံးပါလဲ။

Source: Androidpolice

Featured Image: News.xbox