အမျိုးသားတို့အတွက် ကျစ်လစ်တဲ့ ကြွက်သားတွေနဲ့ ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ်ရှိခြင်းက ဆွဲဆောင်မှု ရှိခြင်းတစ်မျိုးပါပဲ။ ဒါ့အပြင် ကျန်းမာသန်စွမ်းမှုကိုလည်း တစ်ပြိုင်နက် ယူဆောင်ပြီးသား ဖြစ်စေပါတယ်။ ကြွက်သားတွေကို ကျစ်လစ်စေဖို့ နည်းလမ်းပေါင်းစုံနဲ့ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ရှိသလို ကြိုက်နှစ်သက်ရာ အကူကိရိယာနဲ့လည်း ပြုလုပ်နိုင်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် Medicine Ball နဲ့ ကျစ်လစ်တဲ့ ကြွက်သားတွေ တည်ဆောက်ဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ကွီးတို့ရဲ့ ကြွက်သားအုပ်စုများစွာ အတွက် ထိရောက်ပြီး အံ့သြဖွယ်ရလဒ်များ ပေးစွမ်းနိုင်ပါတယ်။ ဆက်လက်ပြီးတော့ လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်ဗျာ။
Russian Twist with a Medicine Ball

Photo : Mira Fit
ဒီလေ့ကျင့်ခန်းက ပုံမှန် Russian twist လုပ်နည်းကိုမှ Medicine Ball ထပ်ပေါင်းထည့်ပြီး ပိုမိုထိရောက်စေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ ဝမ်းဗိုက်ကြွက်သားများ အားကောင်းစေရန်နှင့် ခန္ဓာကိုယ် အလယ်အူတိုင် ကြံ့ခိုင်စေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းကို တစ်ဖက်လျှင် ၁၀ ကြိမ်ကနေ အကြိမ် ၂၀ ခန့် ပြုလုပ်ပေးပါ။
Reaching Romanian Deadlift

Photo : Mira Fit
ဒီလေ့ကျင့်ခန်းကတော့ ကျွန်တော်တို့ ခြေထောက်ကြွက်သားများကို ကျစ်လစ်သန်မာစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဒါ့အပြင် ခန္ဓာကိုယ် ဟန်ချက်ညီမှုနဲ့ ကြံ့ခိုင်မှုတို့ကိုလည်း ပေးစွမ်းနိုင်ပါတယ်။
ဒီလေ့ကျင့်ခန်းကို ကွီးတို့ လုပ်နိုင်သလောက် အကြိမ်ရေ နည်းနည်းနဲ့ စတင်နိုင်ပြီး နောက်ပိုင်းတွင် အကြိမ်ရေကို တိုးတိုးသွားပါ။ ဘယ်-ညာ တစ်လှည့်စီ ပြုလုပ်ပေးပါ။
Rolling Push-up

Photo : Mira Fit
ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြံ့ခိုင်မှုကို အားကောင်းစေပြီး လက်မောင်း၊ ရင်အုပ်နဲ့ နောက်ကျော ကြွက်သားတို့ အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ သာမာန် push-up လေ့ကျင့်ခန်းကို လုပ်ရတာ ငြီးငွေ့လာရင် ဒီလေ့ကျင့်ခန်းကို စမ်းကြည့်နိုင်ပါတယ်။
ဒီလေ့ကျင့်ခန်းကိုလည်း ကွီးတို့ လုပ်နိုင်သလောက် အကြိမ်ရေ နည်းနည်းနဲ့ စတင်နိုင်ပြီး နောက်ပိုင်းတွင် အကြိမ်ရေကို တိုးတိုးသွားပါ။ ဘယ်-ညာ တစ်လှည့်စီ ပြုလုပ်ပေးပါ။
Medicine Ball Thruster

Photo : Mira Fit
ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး တစ်ကိုယ်လုံးကို ထိမိစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ကွီးတို့ရဲ့ ခြေထောက်နဲ့ ပခုံးကြွက်သားတွေကို ကျစ်လစ်သန်မာစေပြီး အလယ်အူတိုင်ကို ကြံ့ခိုင်စေပါတယ်။
ဒီလေ့ကျင့်ခန်းကိုလည်း အခုမှ စလုပ်မယ့်သူများအနေဖြင့် အကြိမ်ရေ နည်းနည်းနဲ့ စတင်နိုင်ပြီး နောက်ပိုင်းမှာ ဖြည်းဖြည်းချင်းတိုးသွားပါ။
Medicine Ball Lunge and Twist

Photo : Mira Fit
ဒီလေ့ကျင့်ခန်းက ရိုးရှင်းသော်လည်းပဲ ခန္ဓာကိုယ်တစ်ခုလုံးအပါ် အကျိုးသက်ရောက်မှု ရှိတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဒါ့အပြင် ကွီးတို့ရဲ့ ပခုံးကြွက်သား၊ ရင်အုပ်ကြွက်သားနဲ့ ခြေထောက်ကြွက်သားတို့ကိုလည်း ကျစ်လစ်သန်မာစေပါတယ်။
ဒီလေ့ကျင့်ခန်းကိုလည်း အကြိမ်ရေ နည်းနည်းနဲ့ စတင်နိုင်ပြီး နောက်ပိုင်းမှာ အကြိမ်ရေကို တိုးသွားပါ။
Medicine Ball နဲ့ ကျစ်လစ်တဲ့ ကြွက်သားတွေကို တည်ဆောက်ချင်တဲ့ ကွီးတို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။ Medicine Ball ကို အသုံးပြုပြီး ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ အများကြီးရှိတာကြောင့် ဆက်လက်ပြီးတော့ ဖော်ပြပေးပါဦးမယ်။
Source : Mira Fit
Featured Photo : Steel Supplement

