ကွီး တို့ ကြိတ်ကြွေ Crush နေတဲ့ ကောင်မလေးနဲ့ တွေ့ဖို့ ချိန်းထားရင် အရင်ဆုံး စဉ်းစားရတာက ဘာဝတ်သွားရမလဲ ဆိုတာပါပဲ။ အပြင်သွားရင် ဝတ်ဖို့ ဖက်ရှင်စဉ်းစားတာကလည်း တကယ့်ကို ခေါင်းရှုပ်ဖို့ ကောင်းပါတယ်။ချိန်းတွေ့ချိန် ဝတ်တဲ့ အဝတ်အစားဟာ ရိုးရှင်းပြီး ကိုယ်နဲ့ Fit ဖြစ်ရပါမယ်။ ဈေးနှုန်းအနေနဲ့လည်း အသင့်အတင့်လောက် ရှိတဲ့ Men Outfits ဆို အဆင်ပြေပါတယ်။ ကဲ ဒါဆို Crush နေရတဲ့ ကောင်မလေးရဲ့ အာရုံကို ညှို့ငင်ဖမ်းစားနိုင်မယ့် ကွီး တို့ဝတ်သင့်တဲ့ Men Outfits လေးတွေကို အကြံပေးဖော်ပြလိုက်ပါတယ်ဗျာ။

Jeans ဂျာကင်နဲ့ ကာကီဘောင်းဘီ

Photo: lifestylebyps

ဂျာကင်နဲ့အပြင်ထွက်တာဟာ စတိုင်ကျရုံတင်မဟုတ်ပါဘူး။ တကယ်လည်း Functional ဖြစ်ပါတယ်။ ရာသီဥတုအေးလာရင် ဂျာကင်လေးပါတာ တကယ်ကို အဆင်ပြေပါတယ်။ ပူလာရင်လည်း အလွယ်လေး ချွတ်ထားရုံပါပဲ။

Blazer နဲ့ Smart Casual စတိုင်

Photo: lifestylebyps

အပေါ်မှာ ချည်သား ဘလေဇာကုတ်အပါး ၊ အောက်မှာ ချည်ဆွဲသားဘောင်းဘီနဲ့ အောက်ခံတီရှပ်လေး ဝတ်သွားမယ်ဆိုရင် သပ်ရပ်ပြီး စမတ်ကျနေမှာပါ။ Shoes ကိုလည်း ပေါ့ပါးပြီး လူငယ်ဆန်တဲ့ Sneaker အဖြူမျိုး ရွေးသင့်ပါတယ်။

ရှပ်လက်ရှည်နဲ့ Pant

Photo: lifestylebyps

ကွီး အရွယ်က အသက် ၂၅ နဲ့ အထက်ဆိုရင် ပိုပြီး စမတ်ကျတဲ့ ဖက်ရှင် Men Outfits ဖက်ကို ရွေးရမှာပါ။ ရှပ်အင်္ကျီသန့်သန့် လက်ရှည်နဲ့ Chino Pant လို ဖက်ရှင်က မျက်စိအမြင်မှာ ယဉ်သလို လူကြီးလူကောင်းပုံလည်း ပေါ်စေပါတယ်။

တီရှပ်နဲ့ Jeans

Photo: lifestylebyps

လူငယ်ဆန်ဆန်နဲ့ ကိုယ့်ရဲ့ Personal Identity အတိုင်းနေချင်သူတွေအတွက် ဝတ်သင့်တဲ့ ဖက်ရှင် Men Outifts တစ်ခုက တီရှပ်နဲ့ Jeans ဖက်ရှင် ဖြစ်ပါတယ်။ တီရှပ်ကိုတော့ Graphic နဲ့ Printed မျိုး မဖြစ်ဘဲ တတ်နိုင်သလောက် ရှင်းရှင်းသန့်သန့် ဖြစ်တာမျိုး ရွေးချယ်သင့်ပါတယ်။ ဒါဆိုရင်တော့ ကောင်မလေးနဲ့ တွေ့ချိန်မှာ သင့်ဖက်ရှင်အတွက် စိတ်လေးစရာ ရှိတော့မှာ မဟုတ်ပါဘူး။