အမျိုးသားဝတ်ဖက်ရှင်တွေဟာ သိပ်ပြီး ဆန်းသစ်လာတာမျိုး မရှိပေမယ့် အဝတ်အစားတွဲဖက်ဝတ်ဆင်တဲ့နည်းတွေကတော့ ကိုယ့်ရဲ့ Personal Style နဲ့ လိုက်ဖက်အောင် အဆင့်မြှင့်တင်ပေးဖို့ လိုပါတယ်။ ဒီနှစ် အမျိုးသားဖက်ရှင်အတွက် အဆင့်မြှင့်တင်ဖို့ဆို အခုပြောမယ့်ဖက်ရှင်စတိုင်တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

(၁) Jeans အစား Chino တွေ ဝတ်ပါ

Photo: Pinterest

သပ်သပ်ရပ်ရပ်နဲ့ သားသားနားနားဖြစ်ချင်ရင် Jeans အစား Chino စတိုင်ကို ရွေးဖို့ အကြံပေးချင်ပါတယ်။ Chinos ကို အဖြူရောင် Tee နဲ့ အညိုရောင် Chukka Boots မျိုးနဲ့ တွဲဖက် ဝတ်ဆင်နိုင်ပါတယ်။ တကယ်လို့ ပွဲသွားစရာရှိရင် ဖြစ်ဖြစ် ရုံးမှာ Formal ကျကျ ဝတ်ဆင်ပြီး ရုံးတက်ချင်ရင်ပဲ ဖြစ်ဖြစ် Chambray Shirt နဲ့ အနက်ရောင် Chelsea Boots ကို Chino ဘောင်းဘီကောင်းကောင်းနဲ့ တွဲ ဝတ်လိုက်ရင် ပိုပြီး ကြည့်ကောင်းသွားမှာပါ။

(၂) High-Top Sneaker တွေ စီးပါ

Photo: mensfashionmagazine

ဈေးပေါပြီး အရည်အသွေးမကောင်းတဲ့ Sneaker တွေ စီးမယ့်အစား အရည်အသွေးမြင့်ပြီး စီးလိုက်တိုင်း စိတ်တိုင်းကျကျေနပ်တဲ့ ခံစားမှု ပေးနိုင်မယ့် Sneaker ကောင်းကောင်းတစ်ရံ ဝယ်ထားသင့်ပါတယ်။ High-Top Sneaker တွေက ယောင်္ကျားလေးတွေကို ပိုပြီး ယုံကြည်မှုတိုးစေတဲ့ ဖိနပ်ဖြစ်ပါတယ်။ Logo ပြူးတူးပြဲတဲနဲ့ Sports Sneakers မျိုးကိုချည်း ဝတ်တာထက် စာရင် ပိုသန့်ပြီး ရိုးရိုးလေးနဲ့ သားနားတဲ့ Sneaker မျိုး ရွေးဖို့ အကြံပေးချင်ပါတယ်။

(၃) ကျစ်လျစ်ပေါ့ပါးတဲ့ ပိုက်ဆံအိတ်တွေ သုံးပါ

Photo: smartertravel

Wallet တွေ ဝယ်မယ်ဆိုရင် အိတ်တွေ အများကြီးပါပြီး ဆိုဒ်ကြီးတဲ့ စတိုင်တွေ ရှောင်ဖို့ ပြောချင်ပါတယ်။ အခုခေတ်မှာ ပိုက်ဆံအိတ်ထဲ ဘယ်သူမှ ငွေအများကြီး ထည့်တော့တာ မဟုတ်ပါဘူး။ Mobile Banking နဲ့ Digital Payment တွေက သိပ်အသုံးတွင်လာပြီ ဖြစ်လို့ ပိုက်ဆံအိတ်ကို ဖက်ရှင်အမြင်အရရော အဖိုးတန်အသုံးအဆောင်အနေနဲ့ပါ ကိုင်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် Compact ဆန်ဆန် ကျစ်လျစ်ပြီး သပ်ရပ်ပေါ့ပါးတဲ့ လယ်သာပိုက်ဆံအိတ်မျိုး ကိုင်တာ အကောင်းဆုံးပါပဲ။