ဈေးသင့်သင့်နဲ့ ဝတ်တိုင်း စိတ်တိုင်းကျစေမယ့် အဝတ်အစားမျိုး ဝယ်ဖို့ဆိုတာ ယောင်္ကျားလေးအများစု ခေါင်းကိုက်ရတဲ့ကိစ္စတွေထဲက တစ်ခုပါ။ ဝယ်ပြီး မှားတတ်တာတွေလည်း ခဏခဏ ကြုံတတ်ကြပါတယ်။ ဒါကြောင့် အဝတ်အစား အရွေးမမှားဖို့ အခြေခံသိသင့်တဲ့အချက်လေးတွေ မျှဝေပေးလိုက်ရပါတယ်။

(၁) ကတ်သလောက်တွေကနေ အတုယူပါ

Photo: Freepik

အဝတ်အစား အရွေးမှန်ဖို့ အလွယ်ဆုံးနည်းက ဆံပင်ညှပ်ခါနီး ပုံစံကြည့်သလိုပါပဲ။ နာမည်ကြီး အဝတ်အစား Brand Pages တွေ Instagram ပေါ်က Stylish တွေရဲ့ ပုံတွေ နဲ့ အဝတ်အစား ကတ်သလောက်တွေ အရင်ကြည့်ထားဖို့ပါပဲ။ အနည်းဆုံးတော့ ကိုယ့်အကြိုက်နဲ့ ငြိမယ့် ဖက်ရှင်ကို အိုင်ဒီယာယူလို့ ရမှာပါ။

(၂) စဉ်းစဉ်းစားစား ဝယ်ပါ

Photo: Freepik

အင်္ကျီဘောင်းဘီ ဝယ်ရာမှာ ဈေးနှုန်းလောက်တင် ကြည့်လို့ မရပါဘူး။ အရည်အသွေး ၊ ချုပ်သား ၊ ကာလာနဲ့ ကိုယ့်ကိုယ်လုံးနဲ့ လိုက်ဖက်ရဲ့လားဆိုတာပါ ကြည့်ဖို့ လိုပါတယ်။ တကယ်ဝယ်တော့မယ်ဆိုရင် အွန်လိုင်းထက် ဆိုင်မှာ ကိုယ်တိုင်သွားဝယ်တာ ပိုကောင်းပါတယ်။ ဝတ်ကြည့်လို့ရရင် ပိုလို့တောင် ကောင်းပါတယ်။ သိပ်မသေချာရင် ကိုယ့်ထက် အဝတ်အစား ပိုကြည့်တတ်တဲ့ သူငယ်ချင်းမိတ်ဆွေ တစ်ယောက်ယောက် ခေါ်သွားလိုက်ပါ။

(၃) မရိုးနိုင်မယ့် ဖက်ရှင်ဦးစားပေးပါ

Photo: Freepik

အဝတ်အစားဆိုတာ အရွယ်နဲ့လိုက်အောင်လည်း ဆင်ရတာမျိုး ဖြစ်ပါတယ်။ တစ်ပွဲတိုးအဝတ်အစားအတွက်တောင် သေချာစဉ်းစားရတာ ဖြစ်လို့ ဝယ်ပြီဆိုရင် ဝတ်တိုင်း အဆင်ပြေနေမယ့် Timeless Fashion မျိုးကို ဦးစားပေး စဉ်းစားပါ။ ဥပမာ Jeans ဆို ဘယ်တော့မှ မရိုးပါဘူး။ Chinos ဆို ပွဲတိုးလို့ အဆင်ပြေတယ် စသည်ဖြင့် အရှည်တွေးပြီး ဝယ်ပါ။ All Black ဖက်ရှင်မျိုးချည်း ဝတ်တာမျိုးက မလိုက်ဖက်ပါဘူး။

(၄) ဖက်ရှင်အတွဲအစပ် မှန်ပါစေ

Photo: Freepik

အနက်ရောင် Shoes ဆို အညိုရောင်ဖိနပ်နဲ့ မလိုက်ဖက်ဘူးလို့ Stylist တွေက ဆိုပါတယ်။ သဘောက ဖက်ရှင်မှာ အတွဲအစပ်မှန်ဖို့ အနက်ရောင် Leather Shoes ကို အနက်ရောင် ခါးပတ်သုံးဖို့ ဖြစ်ပါတယ်။ အဝတ်အစားအနေနဲ့ ကိုယ့်ဗီရိုထဲမှာ ရှိထားသင့်တာတွေက Medium / Dark Wash Jeans မျိုး ၊ ကာကီရောင် Pants/Shorts တွေ ၊ အဖြူ/အပြာ/အနီရင့်/အစိမ်းရင့် Button-Down Shirts ၊ Polo Shirt လက်တို ၊ တီရှပ်တို့ ဖြစ်ပါတယ်။