အဝတ်အစား ဝတ်နည်းစားနည်းတွေထဲမှာ နေ့စဉ်အဝတ်အများဆုံးက Casual Style ပါပဲ။ Casual တွေက ပေါ့ပါးပြီး သက်တောင့်သက်သာရှိတယ်။ သိပ်ပြီး အလုပ်ရှုပ်ခံစရာမလိုလို့ လွတ်လပ်တယ်။ လူငယ်တွေ အဝတ်များတဲ့ Casual စတိုင်ထဲမှာမှ ဒီတစ်ခေါက်မှာ ကြည့်ရကောင်းပြီး ရာသီဥတုနဲ့ လိုက်ဖက်မယ့်စတိုင်လေးတွေအကြောင်း ပြောပြချင်ပါတယ်။

(၁) အမိုက်စား Jeans စတိုင်

Photo: chiarasmagazine

Streetwear King လို့ ပြောရလောက်အောင် Denim Jeans တွေက အရှိန်အဝါရှိပါတယ်။ Casual ဝတ်မယ်လို့ စဉ်းစားလိုက်ရင် Jeans ဘောင်းဘီကောင်းကောင်းကို ရွေးဖို့ မမေ့သင့်ပါဘူး။ Jeans ထဲမှာမှ ဖြည်းဖြည်းချင်း အရောင်မှိန်လာတဲ့ Denim Jeans မျိုးက ပိုပြီး Personalize ဆန်သလို ဝတ်လို့ကောင်းပြီး ဖက်ရှင်လည်း ပိုပေါ်လွင်စေပါတယ်။

(၂) Jacket

Photo: thetrendspotter

ဆောင်းလို အအေးဓါတ်လွှမ်းလာတဲ့ ရာသီမျိုးမှာ Army Outerwear စတိုင် ဂျက်ကတ်မျိုး ဝတ်တာက Casual ဆန်သလို ရာသီဥတုနဲ့လည်း စည်းချက်ညီတယ်လို့ ဆိုနိုင်ပါတယ်။ ယောကျာ်းတွေနဲ့ လိုက်ဖက်တဲ့ Military Jacket တွေထဲမှာ Navy Blue Bomber Jacket တွေကို ဦးစားပေး စဉ်းစားနိုင်ပါတယ်။ Classic Cutting ဖြစ်ဖို့နဲ့ Fit ဖြစ်ဖို့ကတေ့ သတိပြုဖို့ လိုမှာပါ။

(၃) Sweats

Photo: American Tall

Sweats ဆိုတာ အားကစားသမားတွေအများစု ဝတ်ကြတဲ့ ခပ်ပွပွ ဆွဲသားစတိုင် ဘောင်းဘီနဲ့ အင်္ကျီတွေကို ပြောတာပါ။ အမြင်သာဆုံးပြောရရင် Joggers နဲ့ Hoodies တို့ ဖြစ်ပါတယ်။ အခုခေတ် လူငယ်ဖက်ရှင်လောကမှာ Joggers ၊ Hoodies အတွဲဆိုတာ ရေပန်းစားလာခဲ့သလို Instagram Influencers တွေနဲ့ Celes တွေကြောင့်လည်း Sweats ဖက်ရှင်တွေက Streetwear Hero ဖြစ်လာတာပါ။

(၄) Printed Tee

Photo: trunk-club

Casual ထဲမှာ T-Shirt တွေ မပါလို့ ဘယ်ဖြစ်ပါ့မလဲ။ T Shirt ဆိုတာ ၁၉၈၀ နဲ့ ၉၀ ပြည့်လွန်နှစ်တွေကတည်းက မြို့ပြရဲ့ ယဉ်ကျေးမှုခွဲတစ်ခုလိုကို ရပ်တည်လာခဲ့တာပါ။ T-Shirt တွေ ကာလာမျိုးစုံ ၊ ဒီဇိုင်းမျိုးစုံနဲ့ ရှိတဲ့အထဲက ပိုပြီး Casual ဆန်တာက Graphic Tee လို တီရှပ်မျိုး ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Personality ကို ပေါ်လွင်မယ့် ဂရပ်ဖစ်မျိုး ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

Featured Photo: urbanmenoutfits