၁၉၂၅ ခုနှစ်တွင် ပထမဆုံးဖန်တီးခဲ့သော ဂန္တဝင် Mimosa ကော့လ်တေး က ရိုးရှင်းသော်လည်း အရသာရှိပြီး ကမ္ဘာတစ်ဝှမ်း လူကြိုက်များပါတယ်။ ရှန်ပိန်ကို လတ်ဆတ်သောလိမ္မော်ဖျော်ရည်နှင့် ပေါင်းစပ်ထားသည့် Mimosa ကော့လ်တေးကို ၎င်းရဲ့အရသာရှိပြီး လန်းဆန်းစေသည့် ဂုဏ်သတ္တိများကြောင့် လူသိများပါတယ်။ ဒီကော့လ်တေးကို နေ့လည်စာ တည့်ခင်းရာတွင်လည်းကောင်း၊ မင်္ဂလာဆောင်များတွင် လည်းကောင်း၊ ရထားနှင့် လေကြောင်းလိုင်းအချို့တွင် Business Class သို့မဟုတ် ပထမတန်းစား ဝန်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တည်ခင်းဧည့်ခံလေ့ ရှိပါတယ်။ ပါဝင်ပစ္စည်း နှစ်မျိုးကိုသာ အသုံးပြုထားသောကြောင့် အရိုးရှင်းဆုံးနှင့် အထင်ရှားဆုံး ကော့တေးလည်း ဖြစ်ပါတယ်။ ကွီးတို့အိမ်မှာပဲ ကိုယ်တိုင် Mimosa ကော့လ်တေး ကို ဖျော်စပ်လို့ရတဲ့ ဖျော်စပ်နည်းကို တင်ပြပေးချင်ပါတယ်။

Photo : Instructable Cooking

Mimosa ကော့လ်တေး တစ်ခွက် ဖျော်စပ်ဖို့ အတွက် ပါဝင်ပစ္စည်းတွေကတော့ (၁) ရှန်ပိန် ၂ ၁/၂ အောင်စ (၂) လတ်လတ်ဆတ်ဆတ် ညစ်ထားသော လိမ္မော်ရည် ၂ ၁/၂ အောင်စ တို့ပဲ လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ ကော့လ်တေး ဖျော်စပ်ဖို့အသင့်ဖြစ်ပါပြီ။ ဒီကော့လ်တေးထက် ဖျော်စပ်ရတာ လွယ်ကူတဲ့ ကော့လ်တေး မရှိတော့ပါဘူး။

Photo : Instructable Cooking

ဒီကော့လ်တေး ဖျော်စပ်မယ်ဆိုရင်တော့ ရှန်ပိန် ၂ ၁/၂ အောင်စ ကို ရေခဲထည့်ထားသော ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် ရှန်ပိန် ထည့်ထားသော ခွက်ထဲသို့ လတ်လတ်ဆတ်ဆတ် ညစ်ထားသော လိမ္မော်ရည် တို့ကို လောင်းထည့်လိုက်ရုံပါပဲ။

Photo : Instructable Cooking

ဒီ ပါဝင်ပစ္စည်း ၂ မျိုးကို အချိုးကျကျ ရောစပ်ပြီးသွားပြီဆိုရင်တော့ အရသာရှိပြီး လန်းဆန်းစေတဲ့ ကော့လ်တေးတစ်ခွက်ရပါပြီ။ ပြီးလျှင် ကွီးတို့မှာ ပူစီနံရွက်နဲ့ လိမ္မော်သီးစိတ် လေးတွေ အဆင်သင့်ရှိလျှင် ကွီးတို့ စိတ်ကြိုက်အလှဆင်လိုက်ပါ။

Photo : Instructable Cooking

Mimosa ကော့လ်တေး ကို နှစ်ခြိုက်စွာ တည်ခင်းဧည့်ခံပြီး သောက်သုံးလာကြတာ အချိန်တစ်ခု ကြာမြင့်ခဲ့ပါပြီ။ ဒါ့အပြင် ဘားတွေရောက်ရင် မြည်းစမ်းကြည့်သင့်တဲ့ ဂန္တဝင် ကော့လ်တေးများ ထဲမှာလည်း တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ ဖျော်စပ်ရတာ အရမ်းကို လွယ်ကူရိုးရှင်းတဲ့ အတွက် အချိန်အများကြီး ပေးစရာမလိုပဲ မြန်မြန်ဆန်ဆန် ဖျော်စပ်လို့ရပါတယ်။ ကွီးတို့ အနေနဲ့ မိသားစုတွေ့ဆုံပွဲတွေမှာ လည်းကောင်း၊ နေ့လယ်စာ စားပွဲများ နဲ့ ပွဲအခမ်းအနားများအတွက်လည်း ထည့်သွင်းဧည့်ခံသင့်တဲ့ ကော့လ်တေးတစ်ခွက်ပါပဲ။

Source : Instructable Cooking

Featured Photo : Epicurious