ကမ္ဘာတလွှားမှာတော့ ယမကာသမားတွေဟာ ကိုယ့်အကြိုက်နဲ့ကိုယ် ကျေနပ်နေကြသူတွေချည်းပါပဲ။ ဥရောပမှာလည်း ဒီအတိုင်းပဲလို့ ပြောရမှာပါ။ ဥရောပအကြိုက် ယမကာတွေကို စာရင်းချကြည့်ရင် အကြိုက်အများဆုံး ယမကာတွေကတော့-

(၅) ကော့ညက်

Photo: gastronomiavasca

ပြင်သစ်ဘရန်ဒီ ကော့ညက်ကို စပျစ်ကနေ ထုတ်ပါတယ်။ ကော့ညက်ဒေသမှာ ထုတ်လို့ ဒီဘရန်ဒီကို ကော့ညက်လို့ ခေါ်တာပါ။ eau de vie လို့ခေါ်တဲ့ အရောင်ကြည်အောင်အထိ လှောင်တဲ့ Aging Process နဲ့ ပေါင်းခံပါတယ်။ အခုတော့ ကမ္ဘာ့ဈေးကွက်မှာပါ ကော့ညက်တွေ လူသောက်များလာပါတယ်။ ကော့ညက်တွေက အဝင်ညက်ညောပြီး ဝက်သစ်ချစည်မှာ Age လုပ်ထားရင် အနံ့ပါ ထူးခြားလာပါတယ်။

(၄) ဂျင်

Photo: allrecipes

ဂျင်ဟာ ဂျူနီပါဘယ်ရီသီးနံ့ပါတဲ့ ယမကာတစ်မျိုးဖြစ်ပြီး ကော့တေးတွေမှာ အမြဲလိုလို ပါလေ့ရှိတဲ့ အခြေခံ Spirit တစ်ခုဖြစ်ပါတယ်။ ဂျင်တွေကို တခြား ဆေးဖက်ဝင်အမယ်တွေနဲ့လည်း ရောပြီး သောက်လေ့ရှိပါတယ်။ ဂျင်ထုတ်လုပ်မှုပုံစံပေါ် မူတည်ပြီး အရသာမတူကွဲပြား‌သလို အယ်လ်ကိုဟောပါဝင်မှု ၃၅ ကနေ ၆၀% အထိ ရှိပါတယ်။

(၃) ဗော့ဒ်ကာ

Photo: thrillist

ဗော့ဒ်ကာကို အာလူးနဲ့ အချဉ်ဖောက်ထားတဲ့ ဂျုံကောက်နှံတွေနဲ့ အဓိက ထုတ်ပါတယ်။ အရောင်ကြည်တဲ့ အရည်တမျိုးဖြစ်ပြီး အကြိမ်ကြိမ် ချက်လုပ်ရာကနေ အရက်ပြင်းသထက် ပြင်းလာတာပါ။ ဗော့ဒ်ကာရဲ့ မူလအစအဖြစ် ရုရှားနဲ့ ပိုလန်နိုင်ငံတွေကို ညွှန်းကြပါတယ်။ ၁၅ ရာစုကနေ အခုထိ လူကြိုက်များနေတဲ့ ယမကာလည်း ဖြစ်ပါတယ်။

(၂) စကော့ဝီစကီ

Photo; robbreport

ဝီစကီလောကမှာ စကော့တွေက နာမည်ကြီးပါတယ်။ စကော့ဝီစကီက ရေနဲ့ ဘာလီကို အခြေခံပြီး ထုတ်တာ ဖြစ်ပါတယ်။ စကော့ဝီစကီတိုင်းကို ဝက်သစ်ချစည်မှာ အနည်းဆုံး ၃ နှစ်ထားပါတယ်။ စကော့ဝီစကီအတွက် ဂျုံကောက်နှံတွေကို အချဉ်ဖောက်ဖို့ တစေးတမျိုးပဲ သုံးပြီး တခြားဆေးဆိုးမှုတွေ မလုပ်ဘူးလို့ ဆိုပါတယ်။

(၁) ဝီစကီ

Photo: tasteofhome

ဝီစကီခေါင်းစဉ်အောက်မှာ ဒေသအလိုက် ထွက်တဲ့အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ပြောင်းဖူးကို အခြေခံထုတ်တဲ့ ဝီစကီ ၊ ရိုင်းဂျုံ ၊ ဂျုံနဲ့ ဘာလီပေါ် အခြေခံထုတ်တဲ့ ဝီစကီ စသည်ဖြင့် အမျိုးမျိုးလည်း ကွဲပါတယ်။ စကော့နဲ့ အိုင်းရစ်နှစ်မျိုးစလုံး ဝီစကီလောကမှာ နာမည်ကြီးသလို အမေရိကန်ထုတ် Bourbon တွေလည်း လူကြိုက်များလာပါတယ်။

Featured Photo: tasteofhome