အထိုင်များပြီး လှုပ်ရှားမှုမရှိတဲ့နေထိုင်မှုဘဝသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ရောဂါဘယများကို လက်ယပ်ခေါ်နေသလိုပါပဲ။ ဒီလိုမျိုး မကျန်းမမာနဲ့ အဝလွန်ခြင်းသည် Gym ခန်းမမှာ အသင်း မဝင်ထားလို့လည်း မဟုတ်သလို အားကစားကိရိယာပစ္စည်းများ မဝယ်ထားလို့လည်း မဟုတ်ပါဘူး။

ကိုယ်ကိုယ်တိုင်က အားကစားပြုလုပ်ချင်စိတ်မရှိလို့ပဲ ဖြစ်ပါတယ်။ အားကစားပြုလုပ်ချင်စိတ်ရှိပါက မည်သည့်ပစ္စည်းကိရိယာမျှ မလိုအပ်ဘဲ ကိရိယာလွတ်ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ အများကြီးပါပဲ။ ထိုလေ့ကျင့်ခန်းများထဲကမှ လွယ်ကူရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ ကိရိယာလွတ်အားကစားများကို ဝေမျှပေးလိုက်ရပါတယ်။

လေ့ကျင့်ခန်း (၁)

Source: Gfycat.com

အရင်ဦးဆုံး လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းနဲ့ အစပြုလိုက်ရအောင်။ ဒီလေ့ကျင့်ခန်းကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုက်ထိုးလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးဘက်တွင် ထားထားပြီး နိမ့်ချည်မြင့်ချည် ဒိုက်ထိုးရမှာပါ။

လေ့ကျင့်ခန်း (၂)

Source: Menshealth.com

ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားပါ။ ထို့နောက် ပုံပါအတိုင်း တင်ပါးကို နောက်ပစ်ပြီး ပေါင်က ကြမ်းပြင်နှင့် မျဉ်းပြိုင်ဖြစ်သွားသည်အထိ တစ်ဝက်ထိုင်လိုက်ပါ။ ထို့နောက် မတ်တပ်ပြန်ရပ်ပါ။

လေ့ကျင့်ခန်း (၃)

Source: Menshealth.com

ဒီလေ့ကျင့်ခန်းလေးကတော့ အိပ် ထ မတင် လေ့ကျင့်ခန်းလေးပဲ ဖြစ်ပါတယ်။ ဝမ်းဗိုက်ကြွက်သားကို ညှစ်ပြီးတော့ ခန္ဓာကိုယ်ကို အပေါ်သို့ ကြွပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

Source: Tenor.com

ဒီလေ့ကျင့်ခန်းကတော့ ဒိုက်ထိုးတဲ့လေ့ကျင့်ခန်းနဲ့ အပေါ်သို့ ခုန်တဲ့ လေ့ကျင့်ခန်းနှစ်ခုကို တစ်ခုတည်း ပေါင်းစည်းလိုက်ခြင်းဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

Source: Pinterest.com

ဘယ်ခြေကို အရှေ့ထုတ်ပြီး ဒူးကွေးချလိုက် ညာ ခြေကို ရှေ့ထုတ်ပြီး ဒူးကွေးချလိုက်ဖြင့် တစ်လှည့်စီပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဘယ် ညာ တစ်လှည့်စီကို တစ်ကြိမ်လို့ သတ်မှတ်ပြီး ၁၀ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို အစဉ်လိုက်အတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုချင်းစီကို ၁၀ ကြိမ် ပြုလုပ်ရမှာဖြစ်ပြီး တစ်ကျော့ပြီးသွားတိုင်း ၁ မိနစ်ခန့် နားပါ။ မိနစ် ၂၀ မှ ၂၅ မိနစ်ကြာသည်အထိ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း မပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်း ၅ မိနစ်ခန့် ပြုလုပ်ရမှာဖြစ်ပြီး လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့နောက်မှာ အကြောလျော့လေ့ကျင့်ခန်း ၅ မိနစ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Featured Image Source: Muscleandfitness.com