Oppo ရဲ့ Reno10 စီးရီး ကို ပြီးခဲ့တဲ့ မေလကုန်တုန်းက တရုတ်နိုင်ငံမှာ ပွဲဦးထွက် မိတ်ဆက်ခဲ့ပြီး ယခုလက်ရှိမှာတော့ အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားဖို့ ပြင်ဆင်နေပါတယ်။ Oppo ကတော့ “the new portrait expert is coming” လို့ပြောထားပြီး လာမယ့်တနင်္လာနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Photo : MySmartPrice

Oppo Reno10 စီးရီး မှာတော့ Reno10 Pro+ ၊ Reno10 Pro နဲ့ Reno10 ဆိုပြီး မော်ဒယ် ၃ မျိုးပါဝင်ပြီး အမြင့်ဆုံး မော်ဒယ်ဖြစ်တဲ့ Reno10 Pro+ မှာတော့ Snapdragon 8+ Gen 1 Chipset ၊ 100W SuperVOOC အားသွင်းစနစ်နဲ့ OIS (3x Optical Zoom) ပါရှိတဲ့ 64MP Periscope Lens တို့ပါဝင်လာမှာ ဖြစ်ပါတယ်။

Reno10 နဲ့ Reno10 Pro တို့မှာတော့ Periscopes အတွက် 32MP Resolution နဲ့ 2x Zoom ကို အဆင့်နှိမ့်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာ ရောင်းချမယ့် မော်ဒယ်တွေဟာ တရုတ်နိုင်ငံမှာရောင်းချတဲ့ မော်ဒယ်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ မတူကွဲပြားမှု အချို့အနည်းငယ်ရှိနိုင်ပါတယ်။

Photo : GSMArena.com

Reno10 Pro ဖုန်းမှာ Dimensity 8200 အစား Snapdragon 778G နဲ့ 100W ကနေ လျော့ချထားတဲ့ 80W အားသွင်းစနစ်တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Reno10 မော်ဒယ်မှာတော့ Snapdragon 778G အစား Dimensity 7050 ကို သုံးထားပြီး 80W အောက်ပိုနှေးတဲ့ 67W အားသွင်းစနစ်ကို အသုံးပြုထားပါတယ်။

Oppo Reno10 စီးရီး မှာပါဝင်တဲ့ မော်ဒယ် ၃ ခုလုံးမှာ တီဗီ ၊ လေအေးပေးစက်နဲ့ အခြား အီလက်ထရောနစ်ပစ္စည်းတွေကို အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်နိုင်မယ့် IR Blaster တွေထည့်သွင်းပေးလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Oppo အနေနဲ့ ၎င်းတို့ရဲ့ Dynamic Computing Engine ဟာ နှေးကွေးမှုမရှိဘဲ Background Apps ၄၀ သို့မဟုတ် ဒါ့ထက်ပိုပြီး အသုံးပြုနိုင်မယ်လို့ ကြွေးကြော်ထားပါတယ်။

Source : OPPO India

Oppo Reno10 စီးရီး ကို Flipkart ကနေတစ်ဆင့် မှာယူနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Jagran English