အားကစားလုပ်ရာမှာ Gym ရုံမှာ သွားပြီး Indoor လုပ်မလား ၊ ကိုယ့်ဘာသာ အပြင်ထွက်ပြီး ပြေးတာ ၊ လမ်းလျှောက်တာလိုမျိုး Outdoor လုပ်မလားဆိုပြီး နှစ်မျိုး ရှိပါတယ်။ တကယ်လို့ ကွီးက အပြင်မှာ အားကစားလုပ်ရတာကို ဝါသနာပါတဲ့ Outdoor Workout သမားဆိုရင် Outdoor ကစားသမား တွေအတွက် ဆောင်ထားသင့်တဲ့ အသုံးအဆောင်လေးတွေ ရှိထားဖို့ လိုပါတယ်။

(၁) Wireless Earbuds

Photo : menshealth

Workout ကစားရာမှာ ဂီတက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ အားကစားလုပ်ရင်း သီချင်းလေး နားထောင်ရတာက Performance & Pleasure တက်လာစေနိုင်ပါတယ်။ ကြိုးပါ နားကြပ်တွေထက် စာရင် ကြိုးမဲ့ Earbuds တွေက Outdoor Workout သမားတွေနဲ့ ပိုပြီး လိုက်ဖက်ပါတယ်။ အရည်အသွေးကောင်းတဲ့ Wireless Earbuds တွေကတော့ ချွေးစို ၊ ရေစိုဒဏ် ခံနိုင်ပြီး တစ်ခါအားသွင်းထားရင် ၃-၄ နာရီအထိ အသုံးခံနိုင်လို့ Outdoor Workout တွေနဲ့ အဆင်ပြေမှာပါ။

(၂) စက်ဘီးပေါ် ဖုန်းတင်နိုင်မယ့် Phone Mount

Photo : menshealth

တကယ်လို့ ကွီးက ညနေဘက်ဖြစ်ဖြစ် မနက်ဘက်ဖြစ်ဖြစ် ကျန်းမာရေးအရ စက်ဘီးလေး လျှောက်စီးချင်ရင် စက်ဘီး Handlebar ပေါ်မှာ ဖုန်းချိတ်ထားလို့ ရမယ့် Phone Mount လေးတစ်ခု ဝယ်ထားဖို့ လိုပါတယ်။ ဖုန်းရေမစိုအောင် ပလတ်စတစ် Case နဲ့ လာတဲ့ Phone Mount ဖြစ်ရင် ပိုကောင်းပါတယ်။

(၃) Armband

Photo : menshealth

ဒါကတော့ အပြေးဝါသနာအိုးတွေအတွက် ဖုန်းကို လက်မောင်းမှာ ချိတ်သွားနိုင်တဲ့ Armband ဖြစ်ပါတယ်။ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်တာထက် လက်မောင်းမှာ Armband နဲ့ ပတ်တာက ပိုပြီး သယ်ရလွယ်သလို Outdoorလေ့ကျင့်ခန်း လုပ်သူတွေအတွက်လည်း အဆင်ပြေဆုံး ဖြစ်ပါတယ်။

(၄) Handheld ရေဗူး

Photo : menshealth

အားကစား လုပ်သူတွေအတွက် ကိုယ်ပိုင်ရေသန့်ဗူးလေးတစ်ဗူးတော့ မဖြစ်မနေ ဆောင်ထားဖို့ လိုပါတယ်။ Outdoorလေ့ကျင့်ခန်း ကစားရာမှာတော့ ရေဗူးကို သယ်လို့ လွယ်အောင် လက်ကိုင်ပါ ရေဗူးတွေ ဆောင်ထားတာ အကောင်းဆုံးပါပဲ။ Handheld က ရေဗူးမှာ သိုင်းကြိုးတွေ ပါလို့ လက်မှာ စွပ်ပြီး သယ်သွားလို့ ရနိုင်ပါတယ်။

(၅) Running Shoe

Photo : menshealth

အပြင်ထွက်ပြီး လုပ်တဲ့ အားကစားတွေ အများစုက အပြေး လေ့ကျင့်ခန်း နဲ့လမ်းလျှောက် လေ့ကျင့်ခန်း တွေ များပါတယ်။ ဒါကြောင့် Outdoor Workout အတွက် ဖိနပ်ရွေးတဲ့အခါ Running Shoe တွေ စီးသွားတာ မမှားပါဘူး။ Running Shoe တွေဟာ ခြေကုပ်ကောင်းလို့ မတော်တဆ ချော်လဲတာမျိုး မဖြစ်စေသလို Cushioning Support လည်း ပါလို့ ခရီးမိုင်ဝေးဝေးကို သက်တောင့်သက်သာ ပြေးနိုင်စေမှာပါ။

Featured Photo: techradar