First Date ဖီလင်က သင့်ဘဝမှာ အရေးကြီးဆုံးဖီလင်ဖြစ်နိုင်ပါတယ်။ ကိုယ့်ချစ်သူနဲ့ ပထမဆုံးအကြိမ် ချိန်းတွေ့တော့မယ်ဆိုရင် ဘယ်နေရာကို သွားရမလဲဆိုတာ အရေးကြီးသလို ဘယ်နေရာမျိုးတော့ ရှောင်ရမလဲဆိုတာလည်း သိသင့်ပါတယ်။ အခုမှ အသက်စက်စက် ချိန်းတွေ့မှုအတွက် မချိန်းဆိုသင့်တဲ့နေရာတွေအကြောင်းကို သိထားတာဟာ သင့်ရဲ့ First Date ကို ပိုပြီး အမှတ်တရကောင်းတွေ ကျန်စေနိုင်ပါတယ်။ ဘယ်နေရာတွေက First Date မှာ မသွားသင့်တာလဲဆိုတာနဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ အကြံလေး ပေးသွားမှာပါ။

(၁) ကိုယ့်အိမ်

Photo: Unsplash

ပထမဆုံးချိန်းတွေ့ဖို့ နေရာက သင့်အိမ်မဖြစ်ဖို့ နံပါတ်တစ်ပါ။ သင့်ချစ်သူအတွက်လည်း သင့်အိမ်ကို လိုက်ဖို့ အဆင်သင့်ဖြစ်နေမှာ မဟုတ်သလို သင့်မိသားစုနဲ့ ဆွေမျိုးသားချင်းတွေရဲ့ အနှောင့်အယှက်လည်း ထည့်တွက်ရမှာပါ။

(၂) ရှိုးပွဲ

Photo: Unsplash

အနုပညာအမြင်ရှိတာကောင်းပေမယ့် First Date အတွက် ရှိုးပွဲလက်မှတ်ဖြတ်တာကတော့ အဆင်မပြေပါဘူး။ Music Concert ပွဲမျိုးက ချစ်သူသက်တမ်း အတော်ကြာတဲ့လူမျိုးအတွက် ပိုကောင်းပါတယ်။ ပထမဆုံးအကြိမ် ချိန်းတွေ့တာကို လူရှုပ်လွန်းတဲ့နေရာ ဆူညံလွန်းတဲ့နေရာမှာ ချိန်းတာဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ အခက်အခဲရှိသလို တစ်ယောက်ကိုတစ်ယောက် အကဲခတ်ဖို့လည်း လွယ်မှာမဟုတ်ပါဘူး။

(၃) Fast Foods ဆိုင်

Photo: Unsplash

First Date အတွက် ဒင်နာအတူစားတာလည်း အိုင်ဒီယာကောင်းတစ်ခုပါပဲ။ ဒီလိုပြောလို့ ဟော်တယ်ကြီးတွေ သွားပြီး ဈေးကြီးလွန်းတဲ့အစားအစာတွေ စားဖို့ ပြောတာ မဟုတ်ပါဘူး။ တိတ်ဆိတ်ပြီး အေးချမ်းတဲ့ ကော်ဖီဆိုင်လေးလောက်ဆို အဆင်ပြေပါတယ်။ အမြန်စားလို့ရတဲ့ လမ်းဘေး Fast Foods ဆိုင်မျိုးမှာတော့လည်း ဒင်နာစားလို့ မဖြစ်ပါဘူး။

(၄) Shopping Mall

Photo: Unsplash

Shopping Mall လို နေရာမျိုး သွားမယ်ဆိုရင် သင့်ပိုက်ဆံအိတ်ကို အရင်ဖောင်းအောင် ပြင်ဆင်ထားဖို့ လိုပါတယ်။ First Date က Shopping Day လို ဖြစ်နေရင်လည်း ဘယ်လိုမှ ကြည်နူးစရာရှိမှာ မဟုတ်ပါဘူး။ First Date မှာ ကောင်မလေးဝယ်သမျှ အဝတ်အစားထုပ်တွေ လိုက်ထမ်းနေရရင် သင်လည်း စိတ်ညစ်သွားနိုင်ပါတယ်။

(၅) ရုပ်ရှင်

Photo: Unsplash

ရုပ်ရှင်ကြည့်တာ ကောင်းပါတယ်။ ဒါပေမယ့် First Date မှာတော့ မဟုတ်ပါဘူး။ ပထမဆုံးအကြိမ် ချိန်းတွေ့ပါတယ်ဆိုမှ နှစ်နာရီ ၊ သုံးနာရီလောက် စကားမပြောရဘဲ ငုတ်တုပ်ထိုင်ရမှာ သိပ်တော့ အဆင်မပြေပါဘူး။ နောက်များမှ ရုပ်ရှင်ကြည့်ပြီး လောလောဆယ် တခြားအစီအစဉ် ပြောင်းလိုက်တာက ပိုကောင်းပါတယ်။

Featured Photo: catholicmatch