အာရှသား ယောကျာ်းလေးတွေက များသောအားဖြင့် ဆံပင်အုံထူတဲ့အထဲမှာ ပါပါတယ်။ ကောင်းတာတစ်ခုက ဆံပင်အုံထူတဲ့အတွက် ဆံပင်စတိုင်အမျိုးမျိုး စမ်းသပ်ညှပ်လို့ ရတာပါပဲ။ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်စတိုင်က ဘယ်လိုပုံစံမျိုးလဲဆိုတာ မသိသေးတဲ့ ကွီးတို့အတွက် ယေဘု ယျအားဖြင့် အာရှသားတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်စေမယ့် ဆံပင်စတိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Faux Hawk

Photo : The Trend Spotter

Faux Hawk ဆိုတာ ဘေးအပြောင် အလယ်မှာဆံပင်တစ်မြှောင်းထဲရှိတဲ့ mohawk ဆံပင်စတိုင်ကနေ ဆင်းသက်လာတဲ့ ဆံပင်ပုံစံတစ်မျိုး ဖြစ်ပါတယ်။ Mohawk နဲ့ မတူတာ တစ်ခုက အနောက်ဘက် ဆံပင်ကို ခပ်တိုတိုခပ်ပါးပါးပုံစံ ညှပ်ရတာပါ။ အပေါ်ဘက် ဆံပင်ကိုတော့ ခပ်တိုတို အထောင်ပုံစံ ဂျယ်လ် သို့မဟုတ် ခေါင်းလိမ်းဆီနဲ့ ပုံသွင်းရတာ ဖြစ်ပါတယ်။

(၂) Buzz Cut

Photo : Pinterest

ဆံပင်ထိန်းသိမ်းမှုအတွက် အချိန်သိပ်မပေးနိုင်တဲ့သူတွေ ၊ ဆံပင်စတိုင်ကို ခပ်တိုတို ရှင်းရှင်း ပုံစံမျိုးကြိုက်သူတွေ ရွေးချယ်သင့်တဲ့ ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။ မြန်မာအခေါ်ကတော့ ကတုံးကေပေါ့။ Buzz Cut ဆံပင်စတိုင်က လူတိုင်းနဲ့ လိုက်ဖက်ပြီး အထူးသဖြင့် မေးရိုးခပ်ကျယ်ကျယ် ရှိတဲ့အမျိုးသားတွေနဲ့ ပိုပြီးလိုက်ဖက်တဲ့ ဆံပင်စတိုင်တစ်ခု ဖြစ်ပါတယ်။

(၃) Bro Flow

Photo : All Things Hair

Bro Flow ဆံပင်စတိုင်ကတော့ အရမ်းလည်းမရှည်ပဲ ထိန်းသိမ်းရလွယ်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဘယ်လိုမျက်နှာကျ ပုံစံမျိုးနဲ့မဆို လိုက်ဖက်မှုရှိပြီး ဆံပင်အုံ ထူထူထဲထဲရှိသူတွေအတွက်ဆို အကောင်းဆုံး ဖြစ်ပါတယ်။ ဆံပင်အားလုံး အနောက်ဘက်ကို လှန်ဖြီးထားလို့ရသလို ခပ်ဝဲဝဲကျနေတဲ့ အထာကျကျပုံစံမျိုးလည်းထားလို့ အဆင်ပြေပါတယ်။

(၄) Side Part

Photo : The Wrap

Side Part ဆံပင်စတိုင်ကတော့ သပ်သပ်ရပ်ရပ် စမတ်ကျကျနဲ့ လူကြီးလူကောင်းဆန်ဆန် ဆံပင်ပုံစံမျိုး ဖြစ်ပါတယ်။ စမတ်ကျတဲ့ ဖက်ရှင်တွေ အနောက်တိုင်းဝတ်စုံတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ အသွင်ပြင်ကို အပြည့်အဝပေးနိုင်ပါတယ်။ ဆံပင်အနေအထားက အရမ်းမတိုအရမ်းမရှည်ပဲ ခေါင်းလိမ်းဆီ ၊ wax တို့နဲ့သေချာ ဖြှီးလိမ်းပြီး ပုံသွင်းရတဲ့ ဆံပင်ပုံစံမျိုး ဖြစ်ပါတယ်။

Featured Photo : LastMinuteStylist