Red Flag အမည်ခံထားတဲ့ Toxic ဆန်ဆန် လူတွေနဲ့ ချစ်သူတော်ရရင် ကွီးတို့ အတွက် နေ့ရက်တိုင်းဟာ ဓားသွားပေါ်က ပျားရည်စက်လို ခံစားနေရမှာပါ။ ကိုယ့်ဘက်က ချစ်သလောက် သူတို့ရဲ့ Toxic ဆန်တဲ့ အပြုအမူတွေကြောင့် နှလုံးသားကို ဓားနဲ့ ပါးပါးလှီးသလို တဆစ်ဆစ် နာကျင်နေရမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အလံနီတွေရဲ့ Toxic ဆန်ဆန် အပြုအမူတွေဆိုတာ ဘယ်လိုလဲဘာလဲ ပြောပြပေးချင်ပါတယ်။

(၁) ဝေဖန်မှုတွေ ဆက်တိုက်လုပ်တယ်

Photo : EPIC Counseling Solutions

Red Flag တွေရဲ့ Toxic ဆန်တဲ့ အပြုအမူတွေထဲက တစ်ခုကတော့ တစ်ဖက်လူကို Ethics မထားပဲ ဝေဖန်လေကန်ရေးတွေ လုပ်ကြတာပါ။ သူတို့က အသေးအမွှားကိစ္စကလို့ ကြီးကြီးမားမား ဖြစ်ရပ်တွေအထိ အဆိုးမြင်ရှုထောင့်ကနေ အမြဲတမ်း ဝေဖန်ပြစ်တင်မှုတွေကို လုပ်တက်ကြပါတယ်။ ကြာလာတဲ့အခါမှာ သူ့ဆီကနေ ကိုယ့်အပေါ် ဘာတွေပြောဆိုဦးမလဲ ၊ ဘယ်လိုတွေမကောင်းစကား ကြားရဦးမလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက တရိပ်ရိပ်တက်လာပြီး အချိန်တိုင်း ကြောက်လန့်နေရတဲ့ ခံစားချက်ကြီးကို ခံစားရပါလိမ့်မယ်။

(၂) အကြောင်းပြချက် အမြဲရှိတယ်

Photo : Insight Into Action Therapy

Toxic ဆန်တဲ့ သူတွေမှာပဲ အမြဲတွေ့ရတဲ့ အချက်က သူတို့ဟာ ဘယ်တော့မှ ကိုယ့်အမှားကို လက်မခံကြတာပါ။ အမှားလုပ်မိရင်တောင် ဒီလိုလုပ်ရတဲ့ အကြောင်းပြချက် ရှိတယ်ဆိုပြီး ပြန်လည်ချေပ တက်ကြပါတယ်။ အမှားတွေကို လက်မခံ ၊ အမြဲမှန်တယ်လို့ ငြင်းခုံတက်ကြသလို မှားမှန်းသိရင်တောင် အမှားလုပ်ရတဲ့ အကြောင်းအရင်း ရှိကြောင်း အမြဲ ဆင်ခြေဆင်လက်ဆင်နားရွက်တွေကို ပြောဆိုတက်ကြပါတယ်။

(၃) တစ်ဖက်လူအပေါ် မထီမဲ့မြင်ပြုတယ်

Photo : Briana MacWilliam

Relationship တစ်ခုမှာ ကိုယ့်ပါတနာနဲ့ အပြန်အလှန် လေးစားမှု တည်ဆောက်ရမယ်ဆိုတဲ့ အချက်ကို Red Flag ဆန်ဆန် လူတွေက နားလည်ရင်တောင် လိုက်နာလက်ခံခြင်း မရှိကြပါဘူး။ တစ်ဖက်လူရဲ့ ခံစားချက် ၊ အမြင်တွေတွေကို အမြဲတမ်းလိုလို မထီမဲ့မြင်ပြုတယ် ၊ လှောင်ပြောင် သရော်တယ် ၊ ဟာသလုပ်တယ် ၊ ပေါ့ပေါ့ပျက်ပျက် သဘေားထားတယ် စတဲ့ အမူအကျင့်တွေကို တွေ့ရတက်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားမှု မထားနိုင်ရင် အဲ့ဒီ Relationship တစ်ခုဟာ ရေရှည်တည်မြဲနိုင်ဖို့ အလွန်ခက်ခဲပါတယ်။

Source : Times Of India

Featured Photo : Newsweek