Resistance Band တွေဟာ အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်ဖြစ်သူတွေအတွက် မရှိမဖြစ်တဲ့ လေ့ကျင့်ခန်းသုံး ကိရိယာတစ်ခုပါပဲ။ Dumbbells တွေ ၊ အလေး Bar တွေနဲ့နည်းတူ Band ကြိုးကို အသုံးပြုပြီး ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို ထိထိရောက်ရောက် ကစားလို့ရပါတယ်။ ဒါကြောင့်လည်း Resistance Band တွေဟာ အားကစားသမားတိုင်းနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေအတွက် အသုံးဝင်ဆုံး စွယ်စုံရတဲ့ လေ့ကျင့်ခန်းသုံး ကိရိယာတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Resistance Band ကို အသုံးပြုပြီး ကြွက်သားတွေကို ကျစ်လစ်သန်မာအောင် ကစားနိုင်မယ့် ထိရောက်တဲ့ လေ့ကျင့်ခန်း တွေကို မျှဝေပေးပါမယ်။
(၁) Resistance Band Bent-Over Row


Photo : Men’s Fitness
Bent-Over Row လေ့ကျင့်ခန်းကို တော်တော်များများက Dumbbell တွေနဲ့ ကစားကြပါတယ်။ တကယ်တော့ Resistance Band နဲ့လည်း ထိရောက်မှုရှိရှိ ကစားနိုင်ပါတယ်။Resistance Band Bent-Over Row ကစားနည်းက Triceps နဲ့ နောက်ကျောကြွက်သားတွေအတွက် ရှယ်ထိတဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ။ ၁၀ ကြိမ် ၃ ကျော့ ကစားပေးပါ။
(၂) Resistance Band Lateral Raise


Photo : Men’s Fitness
လက်မောင်းမှာရှိတဲ့ ကြွက်သားအစိတ်အပိုင်းတွေကို ထိထိရောက်ရောက် ကစားချင်တယ်ဆိုရင်တော့ Resistance Band Lateral Raise လေ့ကျင့်ခန်း ကစားနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက Dumbbell နဲ့ ကစားရတဲ့ Lateral Raise လေ့ကျင့်ခန်းနည်းတူ လက်မောင်းကြွက်သားတွေအပေါ် သက်ရောက်မှု ရှိပါတယ်။ ၁၀ ကြိမ် ၃ ကျော့ ကစားပေးပါ။
(၃) Resistance Band Split Squat


Photo : Men’s Fitness
Resistance Band Split Squat လေ့ကျင့်ခန်းကတော့ အောက်ပိုင်းကြွက်သားအစိတ်အပိုင်းတွေဖြစ်တဲ့ Glutes ၊ Hamstrings နဲ့ Quads မာဆယ်တွေကို တောင့်တင်းသန်မာလာစေဖို့ ကူညီပေးပါတယ်။ Band ကြိုးရဲ့ဖိအားကြောင့် Split Squat ထိုင်တဲ့အချိန်မှာ အောက်ပိုင်းကြွက်သားတွေ ပိုမိုထိရောက်တာကို ခံစားမိစေမှာပါ။ ၁၀ ကြိမ် ၃ ကျော့ ကစားပေးပါ။
(၄) Resistance Band Press-up


Photo : Men’s Fitness
Resistance Band ကို အသုံးပြုပြီး ကစားပေးရမယ့် ဒိုက်ထိုးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ Band ကြိုး အသုံးပြုခြင်းကြောင့် ပုံမှန် Press-up လေ့ကျင့်ခန်းထက်ကို ဖိအားသက်ရောက်ပိုပြင်းပြီး ရင်ဘတ် ၊ Core ကြွက်သားတွေနဲ့ ပခုံးကြွက်သားတွေကို ကျစ်လစ်သန်မာလာစေမှာ ဖြစ်ပါတယ်။ ၁၀ ကြိမ် ၃ ကျော့ ကစားပေးပါ။
(၅) Resistance Band Kneeling Shoulder Press


Photo : Men’s Fitness
Shoulder Press လေ့ကျင့်ခန်းနည်းကို ကစားဖို့အတွက် Dumbbell တွေ ၊ စက်တွေရှိမှ ကစားလို့ရတာ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းဆိုင်ရာ စွယ်စုံရ ဆရာကြီးတစ်ပါးဖြစ်တဲ့ Resistance Band နဲ့လည်း ကစားလို့ရပါတယ်။ ဒီလေ့ကျင့်ခန်းက ပခုံးကြွက်သားတွေနဲ့ , Core ကြွက်သားတွေကို ကျစ်လစ်သန်မာလာစေမှာ ဖြစ်ပါတယ်။ ၁၀ ကြိမ် ၃ ကျော့ ကစားပေးပါ။
(၆) Resistance Band Deadlift


Photo : Men’s Fitness
ပုံမှန်အားဖြင့် Barbell ဒါမှမဟုတ် အလေးဘားတွေနဲ့ ကစားကြတဲ့ Deadlift လေ့ကျင့်ခန်းကို Resistance Band နဲ့လည်း ကစားလို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းက ကွီးတို့ရဲ့ နောက်ကျောအောက်ပိုင်း ကြွက်သားတွေနဲ့ တံကောက်ကြောကို ကျစ်လစ်သန်မာလာစေဖို့ အထောက်အကူ ပြုပါတယ်။ ၁၀ ကြိမ် ၃ ကျော့ ကစားပေးပါ။
Featured Photo : Men’s Journal

