ကွီးတို့ရေ Romantic လို့ ခေါ်တဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်အာရုံကို ခံစားဖူးကြမှာပါ။ ရှန်ပိန် သောက်ခြင်းဟာ Romantic ဆန်ဆန် ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ ရှန်ပိန်ဆိုတဲ့စကားလုံးမှာ ချစ်မြတ်နိုးခြင်း၊ ပျော်ရွှင်ခြင်းနဲ့ အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပါယ်တွေ ပါဝင်ပါတယ်။ ကမ္ဘာတစ်ဝှမ်း လူကြိုက်များတဲ့ ပြင်သစ်ရှန်ပိန်တွေဟာ Romantic ဆန်တဲ့ ဆွဲဆောင်မှု ရှိပါတယ်။ ကျန်းမာရေးနှင့် အလှအပတရားလို ကျေးဇူးတွေကို ကွီးတို့ရဲ့ ချစ်မြတ်နိုးသူတွေထံ ရောက်စေပါတယ်။ နှလုံးကို အားကောင်းစေပါတယ်။ အရေပြားတွေကို ချောမွတ်စေပါတယ်။

အမျိုးသား အားတိုးဆေးလို့တောင် ပြောကြပါတယ်။ အနုပညာရှင်များအတွက် တင်ဆက်မှု အားကောင်းစေပါတယ်။ ကင်းမွန်လို ပင်လယ်စာနဲ့ ရှန်ပိန် တွဲ သောက်ခြင်းဟာ အကောင်းစား ညစာဖြစ်သလို စိတ်အားထက်သန်မှု အတွက် လောင်စာစွမ်းအား ဖြစ်ပါတယ်။ ကွီးတို့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပထမဆုံးချိန်းတွေ့ပွဲနဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် ညစာစားပွဲမှာ ရှန်ပိန်ဟာ သောက်ရလွယ်ကူပြီး မျက်လုံးတွေကို တောက်ပစေပါတယ်။ ရင်ခုန်စရာကောင်းတဲ့ စကားပြော ဆိုမှုကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ကို Romantic ဆန်ဆန် ခံစားမှုကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး ရှန်ပိန်တွေက ဘာတွေလဲဆိုတာ‌ ပြောပြပေးချင်ပါတယ်။

(၁) Champagne Royal Reviera

Photo : Expert24

Romantic ဆန်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး ရှန်ပိန်တွေထဲ တစ်ခုကတော့ ဆုတံဆိပ်အများဆုံးရရှိထားတဲ့ Champagne Royal Reviera ပြင်သစ်ရှန်ပိန် ဖြစ်ပါတယ်။ အယ်လ်ကို‌ဟော ပါဝင်နှုန်း ( ၁၂.၅ ) ရာခိုင်နှုန်း ပါဝင်ပါတယ်။ ပျားရည်၊ လိမ္မော်နဲ့ အသီးအရွက်အရသာမျိုး ခံစားရပါတယ်။ နူးညံ့တဲ့ ခံစားမှု ရစေပါတယ်။

(၂) Champagne Bernard Lonclas de blancs

Photo : Xtrawine

ဒီ ရှန်ပိန်ကိုလည်း ပြင်သစ်နိုင်ငံမှ ထုတ်လုပ်ထားပြီး အယ်လ်ကိုဟော (၁၂.၅) ရာခိုင်နှုန်း ပါဝင်ပါတယ်။ ပန်းသီးအရသာမျိုး ခံစားနိုင်ပါတယ်။အဖြူရောင်အသား၊ ငါး နဲ့ ပင်လယ်စာတွေနဲ့ တွဲဖက်သောက်ဖို့ ကောင်းပါတယ်။ ဆာလ်ဖိတ်ကြောင့် ဓါတ်မတည့်မှု ရှိနိုင်ပါတယ်။

(၃) Champagne Duval-Leroy Prestige Extra-Brut

Photo : Champagne Duval-Leroy

Champagne Duval-Leroy Prestige Extra-Brut ရှန်ပိန်ကတော့ အဝါရောင်အသီးအနှံနဲ့ လိမ္မာ်သီး အရသာမျိုး ခံစားရနိုင်ပါတယ်။ အယ်လ်ကိုဟော (၁၂) ရာခိုင်နှုန်း ပါဝင်ပါတယ်။ ချိုအေးတဲ့ခံစားမှု ဖြစ်စေပါတယ်။ ငါး၊ ဂဏန်း၊ ဒိန်ချဉ်၊ ကောက်နှံအစာတွေနဲ့ တွဲသောက်နိုင်ပါတယ်။

(၄) Faniel et Fils Perlane Rose

Photo : Champagne Faniel

Faniel et Fils Perlane Rose က အနီရောင်ဘယ်ရီသီးနှင့် ပန်းသီးအရသာ နည်းနည်းခံစားရပါတယ်။ သောက်လိုက်ရင် လန်းဆန်းသော ခံစားမှု ဖြစ်စေပါတယ်။ ကွီးတို့ ချစ်သူလေး သဘောကျလောက်တဲ့ အရသာ ဖြစ်ပါတယ်။

(၅) Champagne Chateau de Boursault – Rose de Saignee

Photo : Champange Chateau de Boursault

ဒါကလည်း ပြင်သစ်နိုင်ငံလုပ် ရှန်ပိန်ဖြစ်ပါတယ်။ နူးညံ့တဲ့ အနီရောင်အသီး အရသာမျိုး ခံစားနိုင်ပါတယ်။ ဝက်သား၊ ငါး ၊ ပုဇွန် ၊ ဒိန်ချဉ် နဲ့ တွဲသောက်နိုင်ပါတယ်။ တင်နင်ကြောင့် နောက်တစ်ခွက်သောက်ရန် ဆွဲဆောင်နိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် Romantic ဆန်ဆန် ခံစားမှုကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး ရှန်ပိန် (၅) မျိုး ပဲ ဖြစ်ပါတယ်။ ကွီးတို့ ချစ်သူလေးနဲ့ ညစာ အတူစားတဲ့အခါ တကယ်ကို သာယာကြည်နူးဖွယ်ဖြစ်တဲ့ ညလေးပိုင်ဆိုင်ဖို့ ဒီ ရှန်ပိန် တွေက အထောက်အကူပြုပါလိမ့်မယ်။

Source : Class of Bubbly

Featured Photo : Pinterest