ကော့လ်တေး တွေကို ပုံစံမျိုးစုံ၊ အရသာမျိူးစုံနဲ့ အမျိုးမျိုးရောစပ် ပြုလုပ်သောက်သုံးကြပါတယ်။ ဒီနေ့ ဖော်ပြချင်တာကတော့ ဝီစကီ နဲ့ ဘီယာ ၂ မျိုးစလုံး ကြိုက်တဲ့ကွီးတို့အတွက် ထို၂ မျိုးကို ပေါင်းစပ်ထားတဲ့ Roof Beer Rickey ကော့လ်တေးလေးပါ။ ဒီကော့လ်တေးဟာ အနည်းငယ်စပ်တဲ့ အရသာရှိပြီး လန်းဆန်းစေတဲ့ပြင် ဖျော်စပ်ရတာလည်း တကယ်ကိုရိုးရှင်း လွယ်ကူပါတယ်။ ဒါကြောင့် ကွီးတို့ကို ဝီစကီနဲ့ ဘီယာပေါင်းစပ်ပြီး Root Beer Rickey ကော့လ်တေး ဖျော်စပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

Root Beer Rickey ကော့လ်တေးတစ်ခွက် ဖျော်စပ်ဖို့ အတွက်ပါဝင် ပစ္စည်းတွေကတော့

Photo : World Whiskey day

(၁) ဝီစကီ ၂ အောင်စ

(၂) သံပုရာရည် လတ်လတ်ဆတ်ဆတ် ၁ အောင်စ

(၃) Roof ဘီယာ ၄ အောင်စ

(၄) ရေခဲတုံးများ နှင့်

(၅) အလှဆင်ဖို့အတွက် အသင့်လှီးပြီးသား သံပုရာသီးစိတ်လေးများ စသည်တို့လိုအပ်ပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်ပါက နာနတ်သီးစိတ်လေးများနဲ့လည်း အလှဆင်လို့ရပါတယ်။

ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ပြီးသွားရင်တော့ Root Beer Rickey ကော့လ်တေးဖျော်စပ်ဖို့ အသင့်ဖြစ်ပါပြီ။

Photo : Hop Culture

ဖျော်စပ်ပုံကတော့

(၁) ပထမဦးစွာ ရေခဲဖြည့်ထားသော ဖန်ခွက်ထဲသို့ ဝီစကီနှင့် သံပရာရည်ကို လောင်းထည့်လိုက်ပါ။

(၂) ထို့နောက် Roof ဘီယာကိုလောင်းထည့်ပါ။ ပြီးနောက် ဇွန်း သို့မဟုတ် ခရင်း တစ်ခုခုနဲ့ အမြန်မွှေပေးပါ။

(၃) ကွီးတို့ စိတ်ကြိုက် ဖန်ခွက်ထဲသို့ လောင်းထည့်ပြီး အသင့်လှီးပြီးသား သံပုရာသီးစိတ်လေးများဖြင့် အလှဆင်လိုက်ပါ။

Photo : Liquor.com

ကဲဒါဆိုရင်တော့ ဝီစကီနဲ့ ဘီယာပေါင်းစပ်ပြီး Root Beer Rickey ကော့လ်တေး လေးဖျော်စပ်လို့ ပြီးပါပြီ။ ကွီးတို့ရေ အခုဖော်ပြလိုက်တာကတော့ ကွီးတို့အိမ်မှာ ဝီစကီနဲ့ ဘီယာ အဆင်သင့်ရှိတာနဲ့ အလွယ်တကူ ဖျော်စပ်လို့ရပါတယ်။ ကွီးတို့ သူငယ်ချင်းတွေ ခင်မင်ရတဲ့သူတွေနဲ့ အတူဖျော်စပ် သုံးဆောင်လိုက်ပါ။

Source : NYT Cooking

Featured Photo : Flavor Fix