Deadpool ကားနဲ့ လူသိများတဲ့ ရုပ်ရှင်မင်းသား ရိုင်ယန်ရေးနိုးစ်ဟာ Spirited ရုပ်ရှင်ရိုက်ပြီးတဲ့နောက် ရုပ်ရှင်လောကကနေ ခဏအနားယူသွားမယ်လို့ ကြေညာလိုက်ပါတယ်။

ရေးနိုးစ်ရဲ့ Instagram ပေါ်မှာ တင်ထားတာ ဖြစ်ပါတယ်။ “ရုပ်ရှင်ရိုက်ကူးတာကနေ ခဏလောက် နားဖို့ အခုက အပြည့်စုံဆုံးအချိန်ပဲ”လို့ ရေးနိုးစ်က Instagram မှာ ရေးထားတာပါ။ သူပါဝင်တဲ့ Spirited ရုပ်ရှင်ဟာ Apple TV Plus ကနေ လာမယ့်ခရစ္စမတ်မှာ ထုတ်လွှင့်ဖို့ ရှိပါတယ်။ ဒီရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရေးနိုးဟာ ဇူလိုင်လကတည်းက အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

Photo: Variety

လက်ရှိ ဖြတ်ထားတဲ့ Spirited ရုပ်ရှင်ဟာ ခရစ္စမတ်ဇာတ်လမ်း ဂီတနဲ့ဆိုင်တဲ့ရုရှင်အမျိုးအစားဖြစ်ပြီ ဒါရိုက်တာ ရှောင်အန်းဒါးစ်က ရိုက်ထားပြီး A Christmas Carol ရုပ်ရှင်မင်းသား ရိုင်ယန်ရးနိုး သရုပ်ဆောင်ထားတာပါ။ Spirited မှာ ဝယ်လ်ဖာရဲလ်နဲ့ အတူတွဲဖက်သရုပ်ဆောင်ဖြစ်တာကိုလည်း စိတ်လှုပ်ရှားကြောင်း ပြောခဲ့သလို ၂၀၀၇ ခုနှစ်က ထွက်တဲ့ The Nines မှာ သူနဲ့အတူ ပူးတွဲသရုပ်ဆောင်ထားတဲ့ အော့တေးဗီးယားစပန်ဆာနဲ့လည်း ပြန်လက်တွဲဖက်ရတာကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရေးနိုးစ်ရဲ့ဇနီးဖြစ်သူ ဘလိတ်ခ် လစ်ဗ်လီက ရေးနိုးစ်ရဲ့ပို့စ်အောက်မှာ “မိုက်ကယ်ကိန်းက အရင်လုပ် (အနားယူ) သွားတာပဲ”လို့ Comment ‌ရေးထားပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၃၀ ကျော်မှာ သရုပ်ဆောင်ခဲ့တဲ့ အင်္ဂလန်သရုပ်ဆောင်မင်းသားကြီး မိုက်ကယ်ကိန်း (၈၈နှစ်) ဟာ မကြာသေးခင်ကပဲ သရုပ်ဆောင်လောက ကနေ အပြီးတိုင် အနားယူကြောင်း ကြေညာခဲ့တာပါ။

Photo: BuzzFeed

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ရိုင်ယန်ရေးနိုးစ်ကတော့ ရုပ်ရှင်လောကကို လုံးလုံးကြီး စွန့်ခွာဖို့ မရှိသေးဘူးလို့ ယူဆရပါတယ်။ ဒီနှစ်ထဲမှာပဲ ရေးနိုးစ်သရုပ်ဆောင်ထားတဲ့ Hitman’s Wife’s Bodyguard နဲ့ Free Guy ရုပ်ရှင်နှစ်ကား ရှိထားပြီး Netflix မှာ ပြမယ့် Red Notice လည်း ထွက်ဖို့ရှိပါတယ်။ Red Notice မှာ ရေးနိုးစ်ဟာ မင်းသားကြီး ဒွိန်းဂျွန်ဆင်နဲ့ Wonder Woman မင်းသမီး ဂဲလ်ဂက်ဒေါ့တို့နဲ့ တွဲပြီး သရုပ်ဆောင်ထားတာပါ။

Featured Photo: filmdaily