လတ်ဆတ်တဲ့ Citrus အရသာနဲ့ Refreshing ဖြစ်စေတဲ့ Taste မျိုး ကြိုက်တယ်ဆိုရင်တော့ Gin Based ကော့လ်တေးတွေထဲမှာ နာမည်ကြီးတဲ့ Salty Dog ကော့လ်တေး ကို ညွှန်းချင်ပါတယ်။ ဒီကော့လ်တေးက နာမည်လေးဆန်းသလို ပန်းရောင်ဖျော့ဖျော့ အရောင်ရှိတဲ့ စွဲမက်ဖွယ် ကော့လ်တေးတစ်ခွက်ပါ။

Photo : A Couple Cooks

Gin နဲ့ Grapefruit Juice ကို အချိုးကျကျ ပေါင်းစပ်ဖျော်ထားပြီး ဖန်ခွက်နှုတ်ခမ်းဝမှာ ကပ်ထားတဲ့ ဆားမှုန့်လေးတွေနဲ့ တွဲဖက်တည်ခင်းရတာ ဖြစ်ပါတယ်။ Salty Dog ကော့လ်တေးကို ၁၉၂၀ ခုနှစ် ကာလတွေကတည်းက စတင်ဖန်တီးခဲ့တာလို့ ယူဆရပါတယ်။ Greyhound ကော့လ်တေးနဲ့ ထပ်တူနီးပါးကို ဆင်တူပြီး ဆားပါတာနဲ့ ဆားမပါတာပဲ ကွဲသွားတာ ဖြစ်ပါတယ်။ Summery Vibe ကော့လ်တေးတစ်ခွက်လို့ ထင်ရပေမယ့်လည်း တကယ်တော့ဆောင်းရာသီကာလတွေမှာပါ သောက်လို့လိုက်ဖက်တဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ Salty Dog ကော့လ်တေးကို ကွီးတို့အိမ်မှာပဲ ကိုယ်တိုင်ဖျော်စပ်သုံးဆောင်နိုင်ဖို့ ဖျော်စပ်နည်း အဆင့်ဆင့်ကို မျှဝေပေးလိုက်ပါတယ်။

Photo : A Couple Cooks

အရင်ဆုံး ဖန်ခွက်နှုတ်ခမ်းဝကို သံပုရာသီးခြမ်းလေးနဲ့ ပွတ်ပြီး ဆားပန်းကန်(ပင်လယ်ဆား) ထဲမှာ ဖန်ခွက်နှုတ်ခမ်းဝကို နှစ်ကာ ဆားမှုန့်လေးတွေ ကပ်လိုက်ပါ။ ကောလ်တေးဖျော်စပ်ဖို့အတွက် အရင်ဆုံး ကော့လ်တေး Shaker ထဲကို Gin ၁ အောင်စခွဲ နဲ့ Grapefruit Juice ၃ အောင်စ ၊ Simple Syrup သို့မဟုတ် Maple Syrup ၁ ဇွန်းနဲ့ ရေခဲ ၄ တုံးလောက်ထည့်ပြီး ကောင်းကောင်းရှိတ်ပေးရပါမယ်။ ရလာတဲ့ ကော့လ်တေး ဖျော်ရည်ကို ဖန်ခွက်ထဲ လောင်းထည့်ပြီး ရေခဲအပြည့်ထည့်ကာ အပေါ်ကနေ သံပုရာသီးတစ်စိပ်ခန့် ညှစ်ထည့်လိုက်ပါ။ နောက်ဆုံးအနေနဲ့ Grapefruit သီးလေးအလှဆင်ပြီး လန်းဆန်းချိုမွှေးတဲ့ Salty Dog ကော့လ်တေးတစ်ခွက်နဲ့ အတူ Enjoy လုပ်နိုင်ပါပြီ။

Featured Photo : Cocktails & Bars