ကျွန်တော်တို့ ယောကျာ်းလေးတိုင်း တစ်ပတ်ကို ၂ ကြိမ်လောက်တော့ ပုံမှန် မုတ်ဆိတ်ရိတ် ကြရပါတယ်။ နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးတွေ ရိတ်တဲ့အခါမှာ အချို့က Shaving Cream သုံးကြပေမယ့် အချို့ကတော့ ရေစွတ်ပြီး ဒီအတိုင်း ရိတ်ဖြစ်ကြပါတယ်။ တကယ်တော့ အမွှေးအမျှင်တွေကို ရိတ်တဲ့အခါ Shaving Cream သုံးပေးတာဟာ စနစ်တကျ ပိုဖြစ်စေသလို ကောင်းတဲ့အချက်တွေလည်း အများကြီးပါ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ မုတ်ဆိတ်ရိတ်တဲ့အခါ ဘာကြောင့် မုတ်ဆိတ်ရိတ်ခရမ်င် မဖြစ်မနေ အသုံးပြုသင့်လဲ ? မုတ်ဆိတ်ရိတ်ခရမ်င် သုံးတာက ဘာတွေပိုကောင်းစေလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။

(၁) အစိုဓာတ် ထိန်းပေးတယ်

Photo : The Manual

Shaving Cream ဟာ မုတ်ဆိတ်ရိတ် ချိန်မှာ အသားအရေ အစိုဓာတ်ကို ထိန်းထားပေးပြီး အမွှေးအမျှင်တွေကို ပိုမိုပျော့ပြောင်း နူးညံ့စေတဲ့အတွက် ရိတ်ရတာ ပိုပြီး လွယ်ကူ‌လျှင်မြန် စေပါတယ်။ အမွှေးအမျှင်တွေကို အားစိုက်ပြီး ရိတ်စရာမလိုတော့ပဲ လွယ်လွယ်ကူကူနဲ့ သက်တောင့်သက်တောင့် ရိတ်နိုင်ဖို့လည်း ကူညီပေးပါတယ်။

(၂) ချောမွေ့စေတယ်

Photo : Dapper Confidential

Shaving Cream ဟာ အရေပြားနဲ့ ဘလိတ်ဓားကြားက ပါးလွှာတဲ့ ကြားခံအလွှာတစ်ခုအဖြစ် အလုပ်လုပ်ပေးပါတယ်။ ဒါကြောင့် မုတ်ဆိတ်ရိတ် တဲ့အခါမှာ Shaving Cream သုံးပေးတာက ချောမွေ့မှုကို တိုးစေပြီး အရေပြားနဲ့ ဘလိတ်ဓား တိုက်ရိုက် ပွတ်တိုက်မှုကို လျော့နည်းစေတာကြောင့် အသားအရေ နီမြန်းခြင်း ၊ ဘလိတ်ဓားကြောင့် အသားအရေ ယားယံခြင်း ၊ မတော်တဆ ဓားရှခြင်းတွေကို ဖြစ်နိုင်ခြေ နည်းစေပါတယ်။

(၃) အမွှေးအမျှင်တွေအားလုံး ရှင်းလင်းပေးတယ်

Photo : MensXP

Shaving Cream လိမ်းပြီး မုတ်ဆိတ်ရိတ် ခြင်းက မျက်နှာပေါ်က အမွှေးအမျှင်တွေ အားလုံးကို ပိုမိုထိထိရောက်ရောက် ဖယ်ရှားရှင်းလင်းပေးနိုင်ပြီး အမွှေးအမျှင်တွေ ကျန်နေခဲ့တာမျိုးတွေ မဖြစ်စေတော့ပါဘူး။ Shaving Cream ကြောင့် ရိတ်လိုက်တဲ့ ဓားရာကိုလည်း ထင်ထင်ရှားရှား တွေ့ရတဲ့အတွက် အမွှေးအမျှင်တွေ အားလုံး နေရာလွှတ်မကျန် ပြောင်စင်အောင် ရိတ်နိုင်ဖို့ ကူညီပေးပါတယ်။

(၄) အသားအရေကို နူးညံ့စေတယ်

Photo : White Rain

မုတ်ဆိတ်ရိတ်ခြင်းက အသားအရေကို ခြောက်သွေ့ကြမ်းတမ်းတာမျိုး ဖြစ်စေတက်ပါတယ်။ ဒါပေမယ့် Shaving Cream ကို အသုံးပြုမယ်ဆိုရင်တော့ ဒီလို အသားခြောက်တာ ၊ အသားအရေ ကြမ်းတမ်းပျက်စီးတာတွေကို ကာကွယ်ပေးပြီး အသားအရေကို နူးညံ့ချောမွေ့စေကာ အေးမြလန်းဆန်းမှုကို ပေးစွမ်းပါတယ်။

ကွီးတို့ မုတ်ဆိတ်ရိတ် တဲ့အခါမှာရော Shaving Cream သုံးဖြစ်ပါရဲ့လား ???

Featured Photo : Boss Hunting