အားကစားလုပ်ဖို့ပဲ ဖြစ်ဖြစ် Stylish ဖြစ်အောင်ပဲ ဆိုဆို Shoes ဝယ်တော့မယ်ဆိုရင် ကြိုပြီး စဉ်းစားထားရမယ့် အချက်လေးတွေ ရှိပါတယ်။ လက်တစ်ထွာလောက်ပဲ ရှိတဲ့ Shoes တစ်ရံက အရွေးမှန်ရင် နှစ်ပေါက်အောင် စီးလို့ ရပါတယ်။ ဒါကြောင့် Shoes ဝယ်မယ့် အမျိုးသားတို့အတွက် စဉ်းစားသင့်တဲ့ အချက်လေးတွေ ပြောပြချင်ပါတယ်။

(၁) စီးမယ့် နေရာနဲ့ လိုက်အောင် ရွေးပါ

Photo : Pexels

ပထမဆုံး Shoes ကို ဘယ်နေရာမှာ စီးမှာလဲ သိအောင် လုပ်ရမှာပါ။ Formal အတွက် စီးဖို့လား ။ မင်္ဂလာဆောင်အတွက်လား? Gym သွားရင် စီးဖို့လား။ ဒါမှမဟုတ်လည်း မနက်ခင်း အိပ်ရာထ ကျန်းမာရေးအတွက် ပြေးရင် စီးဖို့လား။ Formal အတွက်ဆို Oxfords တို့ Derbys တို့လို Dress Shoes တွေက သင့်လျော်ပါတယ်။ စတိုင်ကျပြီး သက်တောင့်သက်သာလည်း ရှိပါတယ်။ လမ်းပေါ် ပြေးဖို့အတွက်ဆို ကူရှင်သိပ်မထူဘဲ ခြေကုပ်ကောင်းပြီး ခြေနင်းငြိမ်တဲ့ ဖိနပ်မျိုး လိုပါတယ်။ Road Shoes တွေဟာ အလွန်ချောမွေ့တဲ့ မျက်နှာပြင်အတွက် ဒီဇိုင်းထုတ်ထားတာပါ။ ပေါ့ပေါ့ပါးပါးဆို Sneakers ထဲက ရွေးနိုင်ပါတယ်။

(၂) ဖိနပ်ဝိတ်လည်း တွက်ချက်ပါ

Photo: Pexels

Shoes ဖိနပ်ရဲ့ အလေးချိန်ကလည်း စီးသူရဲ့ ခရီးနဲ့ အသုံးချမှုအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ အပြေးဖိနပ်တစ်ရံမှာ ဂရမ် ၁၀၀ ပိုလေးလာရင် ပြေးတဲ့ ကြာချိန်နဲ့ ပြေးနှုန်းအပေါ် ထိခိုက်မှု ရှိလာပါတယ်။ ဒါကြောင့် ဖိနပ်ဝယ်မယ်ဆိုရင် Lightweight နည်းပညာနဲ့ ထုတ်ထားတဲ့ ဖိနပ်မျိုး ဝယ်ဖို့ လိုပါတယ်။

(၃) အရည်အသွေးလည်း ကြည့်ပါ

Photo: Pexels

Shoe တစ်ရံဟာ စတိုင်ကျဖို့ထက် အရည်အသွေးကောင်းဖို့လည်း အရေးကြီးပါတယ်။ နေ့စဉ် စီးရမယ့် ဖိနပ်တစ်ရံဟာ ပစ္စည်းမကေင်းရင် ခဏလေးနဲ့ ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဖိနပ်အမျိုးအစားအပေါ် လိုက်ပြီး သက်တောင့်သက်သာရှိဖို့နဲ့ စီးသူကို အထောက်အပံ့ Support ပေးဖို့ သုံးထားတဲ့ ပစ္စည်း Material ကောင်းကောင်း ဟုတ်မဟုတ် စစ်ဆေးပါ။

(၄) ကိုယ်ပိုင်စတိုင်ကို အဓိကထားပါ

Photo : Pexels

လူတိုင်း ဝယ်နေလို့ ကိုယ်လည်း လိုက်ဝယ်ရတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ကိုယ်ပိုင်စတိုင် ၊ ကိုယ်ပိုင် ရည်ရွယ်ချက်ပေါ် အရင်းတည်ပြီးပဲ Shoes ဝယ်ဖို့ ကြိုးစားပါ။ ဒါကြောင့် Shoes ဝယ်မယ်ဆိုရင် ဘာလို့ ဝယ်တာလဲလို့ ကိုယ့်ကိုယ်ကိုယ် အရင်မေးပါ။ ကိုယ်ဝယ်မယ့် ဖိနပ်က ကိုယ့်အကြိုက် ဟုတ်ရဲ့လား ကြည့်ပါ။ ဝယ်ပြီး မစီးဖြစ်မယ့် ဖိနပ်မျိုးဆို အစကတည်းက မဝယ်တာ အကောင်းဆုံးပါပဲ။

Featured Photo : Lee Mills