အသက် ၃၀ ကျော်ဆိုရင် လူပျိုကြီး စာရင်းဝင်လာပြီနော်။ သင့်ကိုယ်သင် လူပျိုကြီးလုပ်သွားမယ်လို့ တွေးဖူးပါသလား။ တကယ်ရော တစ်ယောက်တည်း ဖြတ်သန်းသွားရမယ်လို့ သံသယရှိနေသေးလား။ ပိုပြီးသေချာသွားအောင် ပြောပြပေးမယ်နော်။

သင်အသက်ကြီးနေပြီ

အသက် ၃၀ ကျော်နေပြီဆိုရင်တော့ သင်ဟာ တစုံတယောက်နဲ့ အတူတူ လက်တွဲနေထိုင်သွားဖို့ ပိုပြီးခက်ခဲသွားတတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးရင့်ကျက်လာတတ်ပြီး တခြားသူနဲ့ အတူတူနေတာထက် တကိုယ်တည်းနေတာကို ကြိုက်နှစ်သက်သွားကြပါတယ်။ သင်အသက် ၃၀ ကျော်မှ ချစ်သူမတွေ့သေးဘူးဆိုရင် သေချာသလောက်ရှိနေပါပြီနော်။

သင့်အချစ်က တော်ရုံလူနဲ့ ထိုက်တန်တယ်လို့မထင်ဘူး

ခြုံပြောရရင်တော့ မာနကြီးတဲ့ထဲမှာပါတယ်ပေါ့။ သင်ဟာ တော်တယ်။ ထက်မြတ်တယ်။ သင့်ထက် (သို့) သင့်လောက်မတော်တဲ့သူကို သင်ခေါင်းထဲထည့်ပြီးမစဉ်းစားချင်ဘူးလေ။ ဒါ့ကြောင့် သင်လူပျိုကြီးဖြစ်နိုင်ချေပိုများတယ်နော်။

လူတွေကိုမယုံဘူး

လူတိုင်းဟာ သင့်ကို သစ္စာဖောက်သွားတဲ့ ရည်းစားဟောင်းလိုပဲဆိုတဲ့ အတွေးရှိတယ်။ အချစ်စစ်ကိုလည်းမယုံကြည်တတ်တဲ့သူတစ်ဦးဖြစ်တယ်ဆိုရင် သင်ဟာ Single ဖြစ်မယ့်သူတစ်ယောက်ပါပဲ။

ဇီဇာကြောင်တယ်

ကြားဖူးကြမှာပါနော်။ ဇီဇာကြောင်လို့ အပျိုကြီး လူပျိုကြီးဖြစ်တယ်ဆိုတဲ့စကားလေ။ ဇီဇာအရမ်းကြောင်တတ်တဲ့သူဟာ single ဖြစ်နိုင်ချေပိုများပါတယ်။

သင်ဟာ အတ္တကြီးတယ်

သင်မှာ တခြားသူကိုချစ်တဲ့စိတ်ထက် ကိုယ့်ကိုကိုယ်ချစ်တဲ့ အတ္တစိတ်ပိုပြီးကြီးတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုရင် သင်ဟာ single ဖြစ်နိုင်ချေများပါတယ်။ အချစ်ရေးမှာ အဆင်ပြေချောမွေ့ဖိုပခက်ခဲတတ်ပါတယ်။

တစ်ယောက်တည်းနေရတာကိုပဲနှစ်သက်တယ်

သင်ဟာ တခြားသူတစ်ယောက်နဲ့ အချစ်ကို အတူတူမျှဝေနေထိုင်တာထက် တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပါတယ်။ ဒါဆိုရင်တော့ သေချာပါပြီ။ သင်ဟာ Single ဖြစ်မယ့်သူပါ။