လူငယ်တိုင်းအတွက် Sneaker ဆိုတာ စီးစရာတစ်ခုဆိုတာထက်တောင် ပိုနိုင်ပါတယ်။ Sneaker တွေဟာ လူငယ်တွေရဲ့ အမှတ်လက္ခဏာ ၊ လူငယ်တွေရဲ့အပေါင်းအဖော်တစ်ခုပါပဲ။ ဒီတော့ Sneaker စီးကြတဲ့ အမျိုးသားတွေအတွက် Sneaker စီးမယ်ဆိုရင် Stylish ဖြစ်ဖို့အတွက် သိသင့်တဲ့အချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ဖိနပ်ကြိုးချည်နည်း မှန်ပါစေ

Photo: Teaching Men’s Fashion

Sneaker တစ်ရံစီးမယ်ဆိုရင် ဖိနပ်ကြိုးချည်နည်း မှန်ဖို့ လိုပါတယ်။ Sneaker ဖိနပ်ကြိုးချည်ရာမှာ အမှားအယွင်းမရှိတဲ့နည်းက Deadstock Knot လို့ ခေါ်တဲ့ ကြိုးချည်နည်းနဲ့ ချည်ဖို့ပါပဲ။ Deadstock Knot နည်းနဲ့ ချည်မယ်ဆိုရင် ထိပ်စကြိုးနှစ်ချောင်းကို တင်းနေအောင်ဆွဲစိပြီး လက်ညှိုးလက်ခလယ်နှစ်ချောင်းမှာ ကြိုးပတ်ပြီး ကြိုးခေါက်စနဲ့ ကွင်းထဲ ထည့်ရမှာပါ။ ပြီးရင် ထိပ်အထုံးကို သေချာစုဆွဲထားပြီး တခြားကြိုးတွေ ပြန်ပြီး ညှိလျှော့ရမှာပါ။ ဒီနည်းက ဖိနပ်စီးရတာလည်း သက်တောင့်သက်သာရှိသလို ချွတ်ရတာလည်း လွယ်ပါတယ်။

(၂) ဖိနပ်ရေစိုခံနည်း သုံးပါ

Photo: Teaching Men’s Fashion

ကိုယ်စီးတဲ့ဖိနပ် Waterproof ဖြစ်ဖို့ဆိုရင် အလွယ်ဆုံးနည်း ရှိပါတယ်။ အဲ့ဒါကတော့ ရေစိုဒဏ်ခံပြီး ရေလုံစေမယ့် Waterproof Spray သုံးဖို့ပါပဲ။ Waterproof Spray နဲ့ ဖိနပ်ပေါ်မှာ ဖြန်းပေးရမှာပါ။ ဒါဆို ကိုယ့်ရဲ့ Sneaker ဟာ ရေစိုဒဏ်ခံမှာ ဖြစ်လို့ တော်ရုံ ၃-၄ နှစ်တော့ အသစ်တစ်ရံလိုမျိုး စီးလို့ရမှာ ဖြစ်ပါတယ်။

(၃) Sneaker နဲ့ တွဲရမယ့်ဖက်ရှင် သိပါ

Photo: Teaching Men’s Fashion

Sneaker က ဘယ်အဝတ်အစားနဲ့မဆို တွဲစီးလို့ရပါတယ်။ Dress Up လို့ ခေါ်တဲ့ Suit နဲ့လည်း Formal ကျကျလည်း တွဲစီးနိုင်သလို တီရှပ်ဖက်ရှင်နဲ့လည်း စီးနိုင်တာပါပဲ။ Suit ဖက်ရှင်နဲ့ ဝတ်မယ်ဆိုရင် Black Suit က ပိုပြီး လိုက်ဖက်ပါတယ်။ Sneaker ကိုလည်း အမြဲသန့်ရှင်းပြီး သန့်နေအောင် ထားရမှာပါ။ ခြေဝခပ်ကြီးကြီး Baggy Pants တွေ ကြိုက်တဲ့သူဆို Sneaker စီးရာမှာ အောက်ခြေဘောင်းဘီအနားကို နှစ်ခေါက်ခေါက်ပြီး ဖိနပ်ကို ပေါ်လွင်အောင် ထားရမှာ ဖြစ်ပါတယ်။

(၄) အရောင်ရွေး မှန်ပါစေ

Photo: Teaching Men’s Fashion

အခုခေတ်မှာ လူတွေဟာ အရောင်စုံ အသွေးစုံတဲ့ Sneakers တွေ ဝယ်နေကြပါတယ်။ Colorful Sneaker တွေကို တခြား Outfit တွေနဲ့ တွဲဝတ်တာဟာ နည်းနည်း ကြောင်တိကြောင်တောင်နိုင်ပါတယ်။ Sneakers အရောင်တွေနဲ့ ပတ်သက်လာရင် အနက်နဲ့ အဖြူလို Neutral Colors တွေက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးပါပဲ။