Social Media ဆိုတာ သုံးတက်ရင်ဆေး မသုံးတက်ရင်ဘေးပါ။ နည်းပညာခေတ်မှာ လူတိုင်းနီးပါး နေ့စဉ် Social Media ကို ထိတွေ့သုံးစွဲနေကြပြီး အချို့ကတော့ Social Media စွဲလမ်းမှု ပြဿနာ ကြုံနေကြရပါတယ်။ တစ်ရက်တစ်ရက် Social Media ကို နာရီပေါင်းများစွာ သုံးစွဲတဲ့အခါ Social Media ပေါ်က အပျက်သဘောဆောင်တဲ့ သတင်းတွေ ၊ သတင်းအချက်အလက်အမှားတွေနဲ့ ဘာပွဲညာပွဲ ဂယက်တွေ ၊ လူတွေအားကျအောင် ဖန်တီးလုပ်ယူထားတဲ့ ဘဝအတုတွေကို လိုက်ကြည့်လိုက်ခံစားပြီး အဆိပ်အတောက်တွေ ၊ ရုပ်ပိုင်းစိတ်ပိုင်း ကျန်းမာရေး ထိခိုက်မှုတွေ အများကြီး ဖြစ်ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Social Media ကို Heathy ဖြစ်အောင် ဘယ်လိုသုံးရမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အချိန်ကန့်သတ်ထားပါ

Photo : Fox News

Social Media ကို အချိန် Limits လုပ်ပြီး သုံးနိုင်ရင် အကောင်းဆုံးပါပဲ။ Social Media ရဲ့ သဘောတရားက သုံးနေရင်းကို အချိန်ကုန်လို့ ကုန်မှန်းမသိ ဖြစ်တာပါ။ ဒါကြောင့် Social Media စသုံးတော့မယ်ဆိုရင် သုံးမယ့် အချိန်တစ်ခုကို Set လုပ်ပြီးမှ သုံးတာ အကောင်းဆုံးပါပဲ။ Social Apps တွေ ဒါမှမဟုတ် Third Party Apps တွေနဲ့ Daily Social Media အသုံးပြုတဲ့ အချိန်ကို Limits လုပ်နိုင်ပါတယ်။

(၂) Social Media Detox လုပ်ပါ

Photo : Summerstar Tourist Parks

တစ်ရက်တစ်ရက် Social Media ပေါ်မှာပဲ ကွီးတို့ အချိန်တွေကို ကုန်နေမိတယ်ဆိုရင် Social တွေကို Switch Off လုပ်ပြီး Social Media Detox လုပ်သင့်ပါတယ်။ ဒါဟာတကယ့်ကို စိတ်ရောကိုယ်ပါ Heathy ဖြစ်စေမယ့် နည်းလမ်းပါ။ ၃ ရက်ကနေ ၁ ပတ်အတွင်း Social Media လုံးဝအသုံးမပြုပဲ Social Media သုံးမယ့်အချိန်တွေကို Mindfulness အတွက် တရားထိုင်တာ ၊ ယောဂကစားတာ ၊ လေ့ကျင့်ခန်းလုပ်တာ ၊ ဝါသနာပါတဲ့အရာတွေ လုပ်တာ ၊ မိသားစုကို အချိန်ပေးတာ စတဲ့ Activities တွေကို လုပ်နိုင်ပါတယ်။

(၃) Social Media ကို ရည်ရွယ်ချက်ရှိရှိသုံးပါ

Photo : New Dimensions Day Treatment Centers

Social Media ကို အပျက်းပြေ Scrolling လုပ်နေတာထက် ရည်ရွယ်ချက် Goals တစ်ခု ချမှတ်ပြီး သုံးတာက Heathy ပိုဖြစ်စေပါတယ်။ ကိုယ်က ဘာအတွက်သုံးမှာလဲ Business အတွက်လား ၊ တစ်ခုခုကို Learning လုပ်ဖို့လား ၊ မိသားစု/သူယ်ချင်းမိတ်ဆွေနဲ့ ဆက်သွယ်ဖို့လား စသည်ဖြင့်ပေါ့။ ဒီလို ရည်ရွယ်ချက်တစ်ခု ထားပြီး Social Media ကို အသုံးပြုမယ်ဆိုရင်တော့ အချိန်ကုန်သက်သာစေမှာသလို တော်ရုံ အဆိပ်အတောက်တွေလည်း မခံစားမိတော့ပါဘူး။

Source : Happiful Magazine

Featured Photo : The Guardian