ဒီတစ်ပတ်ရဲ့ Super Sunday ကတော့ ကွီးတို့ ကျွန်တော်တို့တွေလို ဘောလုံး ဝါသနာအိုးတွေအတွက် လုံးဝ special ပါပဲခင်ဗျာ။ ဒီ တနင်္ဂနွေနေ့မှာတော့ အာဆင်နယ် နဲ့ စပါးတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲ ၊ အသက်လက်တီကို နဲ့ ရီးယဲလ် မက်ဒရစ်တို့ရဲ့ မက်ဒရစ်ဒါဘီပွဲ ၊ ပီအက်စ်ဂျီ နဲ့ မာဆေးလ်တို့ရဲ့ လီဂူးဝမ်းပွဲကြီးပွဲကောင်းပွဲ ဒီလို ပွဲစဉ်တွေ ရှိနေတာမို့ လုံးဝကို လက်မလွတ်တမ်း ကြည့်သွားရပါမယ်။

Photo Credit : The Analyst

ဒီ(၃)ပွဲထဲမှာ အစောဆုံး နဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးသော ပွဲကောင်းဖြစ်တဲ့ လန်ဒန်ဒါဘီပွဲအကြောင်းကို အရင် တင်ဆက်ပေးသွားချင်ပါတယ်။ တနင်္ဂနွေည (၇)နာရီခွဲအချိန် ကျင်းပမယ့် အိမရိတ်ဒ်က အာဆင်နယ် နဲ့ စပါးတို့ရဲ့ ခါးသီး လန်ဒန်ဒါဘီက ဒီတစ်ကြိမ်မှာ ပိုလို့တောင် ပြိုင်ဆိုင်မှု ပြင်းထန်နေပါလိမ့်မယ်။ နှစ်သင်းလုံးက ဒီရာသီထဲ (၅)ပွဲကစားပြီးချိန် လုံးဝ ရှုံးပွဲမရှိသေးပဲ နှစ်သင်းလုံး (၁၃)မှတ်စီ ရရှိထားတာမို့ ဒီပွဲမှာ ဘယ်အသင်း စတင် ခြေချော်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Photo Credit : Live Soccer TV

အသက်လက်တီကိုရဲ့ ဝန်ဒါ မက်ထရို ပိုလီတာနိုကွင်းမှာ ကစားရမယ့် အသက်လက်တီကို နဲ့ ရီးယဲလ်တို့ရဲ့ မက်ဒရစ်ဒါဘီဟာလည်း ဒီတစ်ပတ် လာလီဂါရဲ့ အကောင်းဆုံးပွဲစဉ်ပါ။ ရီးယဲလ်က ဒီရာသီ လာလီဂါမှာ နိုင်ပွဲတွေဆက်နေပြီး အသက်လက်တီကိုကတော့ ပြီးခဲ့တဲ့ ဗလင်စီယာနဲ့ပွဲမှာပဲ ရှုံးပွဲကြုံထားခဲ့ရပါတယ်။ ရီးယဲလ်ကလည်း လိုအပ်ချက်တွေ အနည်းလေး ရှိနေတယ် ဆိုပေမယ့် ရလဒ်တွေတော့ ဆက်တိုက် ကောင်းမွန်နေသေးတာဖြစ်လို့ အသက်လက်တီကိုအနေနဲ့ ရီးယဲလ်ရဲ့ နိုင်ပွဲတွေကို ရပ်တန့်ပစ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Photo Credit : Eurosport

ပီအက်စ်ဂျီ နဲ့ မာဆေးလ်တို့ပွဲကလည်း မက်ဒရစ်ဒါဘီ မတိုင်ခင် (၁၅)မိနစ်ခန့်မှာ ကျင်းပမှာဖြစ်ပြီး တကယ်ကို စိတ်ဝင်စားစရာ ပွဲစဉ်ပါ။ ပီအက်စ်ဂျီက ချန်ပီယံလိဂ်မှာ ဒေါ့မွန်ကို အနိုင်ရထားပေမယ့်လည်း လီဂူးဝမ်းဘက်မှာတော့ အခြေအနေ သိပ်မဟန်သေးတဲ့အပြင် အခု မာဆေးလ်လို ခံစစ် မာထန်တဲ့ အသင်းမျိုးနဲ့ ဆက်လက် ရင်ဆိုင်နေရတာက ပီအက်စ်ဂျီအတွက် မလွယ်ကူနိုင်ပါဘူး။ အကြိတ်အနယ် အားပြိုင်မှုတွေနဲ့ ဘယ်အသင်းက အနိုင်ရသွားမလဲဆိုတာ လုံးဝ စိတ်ဝင်စားဖို့ကောင်းပါတယ်။