ဒီနှစ်ပိုင်းတွေမှာ Music Streaming ဝန်ဆောင်မှုတွေဟာ အကျော်ကြားဆုံး ဖျော်ဖြေရေးနည်းပညာပိုင်းဆိုင်ရာ တီထွင်မှုတစ်ခု ဖြစ်လာပါတယ်။ အရင်ခေတ်က CD ချပ်တွေ ၊ MP3 Player တွေနဲ့ သီချင်းနားထောင်ခဲ့ရာကနေ အခုဆို အွန်လိုင်းပေါ်က Apps တွေနဲ့ သီချင်းနားထောင်လို့ ရပြီ ဖြစ်ပါတယ်။ ဒီလို Music Streaming Services တွေထဲကမှ Spotify ပေါ်မှာ နား‌ထောင်လို့ရတဲ့ သီချင်းတွေထဲက Mood အလိုက် နားထောင်ပေးသင့်တဲ့ သီချင်းလေးတွေအကြောင်း ညွှန်းလိုက်ပါတယ်။

(၁) Your Favourite Coffeehouse

Photo: Business Insider ဒီအယ်လ်ဘမ်က အဆိုတော် အများကြီးရဲ့ သီချင်းတွေကို စုထားတဲ့ Collections ဖြစ်ပြီး Spotify မှာ ဒီနာမည်နဲ့ ရှာလိုက်ရင် ၁၂၅ ပုဒ် တွေ့ရမှာပါ။ အယ်လ်ဘမ်ပေါင်းစုံက သီချင်းကောင်းတွေ စုထားတာ ဖြစ်လို့ ရသမျိုးစုံ ခံစားနားဆင်ရမှာပါ။

(၂) 90’s Workout Beats

Photo: bostonglobe

Workout တွေနဲ့ ဝုန်းတော့မယ့်အချိန် သင့်စိတ်ခံစားချက်ကို နှိုးဆွနိုင်မယ့် Beats တွေကို ရှာလို့ရမယ့် Playlist တစ်ခုက 90’s Workout Beats ပါ။ Gym တွေမှာ ဖွင့်ဖို့အတွက် Motivational Songs တွေအဖြစ် စုထားတာပါ။ 90s Workout မှာ အပုဒ်ရေ ၅၀ ပါဝင်ပြီး နှလုံးသွေးတွေ နိုးထစေမယ့်သီချင်းတွေ ပါဝင်ပါတယ်။

(၃) 90’s Baby Makers

Photo: medium

အချစ်သီချင်းလေးကောင်းလေးတွေချည်း သက်သက်နားထောင်နိုင်မယ့် Spotify Playlist တစ်ခု ဖြစ်ပါတယ်။ ခေတ်ဟောင်းက နာမည်ကျော်အဆိုတော်တွေ အများဆုံး ပါဝင်ပြီး သီချင်းအပုဒ်ရေ စုစုပေါင်း ၄၇ ပုဒ်အထိ နားထောင်ရမှာပါ။

(၄) Latin Pop Classics

Photo: mashable

ခေတ်မရိုးတဲ့ လက်တင်ပေါ့ပ် နာမည်ကျော်သီချင်းတွေကို စုစည်းထားတာပါ။ မက္ကဆီကို ၊ ပွာတိုရီကို ၊ ကိုလံဘီယာ ၊ အီတလီ စတဲ့ ဒေသအသီးသီးက နာမည်ကျော် ပေါ့ပ်အဆိုတော်တွေရဲ့ သီချင်းအပုဒ်ရေ ၁၀၀ ပါဝင်ပါတယ်။

(၅) Sleep

Photo: fortune

ညဘက်တွေမှာ အိပ်ရာဝင်သီချင်းတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း နားထောင်နိုင်ဖို့ Spotify မှာ Sleep ဆိုပြီး သီချင်းပေါင်း ၁၉၁ ပုဒ်ကို Playlist အဖြစ် စုစည်းထားပါတယ်။ စန္ဒယားသီချင်းအများစု ပါဝင်ပြီး ညဘက်မှာ အိပ်ပျော်လွယ်အောင် စိတ်အကြောအချဉ်တွေ လျှော့ပေးမယ့် သီချင်းတွေပါပဲ။

Featured Photo: Business Insider