Stout ဘီယာ က အညိုရောင်မှ အနက်ရောင်အထိရှိပြီး ကော်ဖီနှင့် အနက်ရောင် ချောကလက် အရသာမျိုးဖြစ်လို့ ထူးခြားချက် ဖြစ်ပါတယ်။ မညက်တညက် မုယောစပါးကင်က Stout ဘီယာကို ထူးခြားတဲ့ အရောင်နှင့် စရိုက်လက္ခဏာကို ဖန်တီးပေးပါတယ်။ Stout ဘီယာ ချက်လုပ်သူတွေဟာ ခြောက်သွေ့တဲ့ Hop (Flower of Hop plant) ရဲ့ အခါးဓါတ်အနှစ်ကို ထည့်သွင်း ချက်လုပ်တဲ့ အတွက် အပြင်းစား Stout ဘီယာ က အနက်ရောင် လွှမ်းနေပါတယ်။ Stout ဘီယာ အမျိုးအစားများ တွင် အများစုက ဖောက်ထွင်းမမြင်ရတဲ့ အသွင်သဏ္ဍာန်ရှိပါတယ်။

Stout ဘီယာမှာ အဓိကပါဝင်ပစ္စည်းကတော့ ရေ၊ အနက်ရောင်မွမ်းမံထားသော မုယောစပါးကင်၊ အနည်းငယ်မျှသော ဟော့ပ်များ (အခွံမာသီး သို့မဟုတ် အရည်ထုတ်သည့် ပုံစံ) ထိပ်တန်းအချဉ်ဖောက် Ale တဆေး တို့ပါဝင်ပါတယ်။ Stout ဘီယာ မှာ အယ်ကိုဟော ၅.၅ ကနေ ၈ ရာခိုင်နှုန်းနဲ့ အခါးဓါတ် (၃၀-၇၀) IBU ပါရှိပါတယ်။

Stout ဘီယာ ချက်လုပ်သူတွေက ပါဝင်ပစ္စည်းတွေကို ထူးခြားသောအနံ့အရသာများနှင့် ကောင်းမွန်တဲ့ ချက်လုပ်နည်းကို ပေါင်းစပ်အသုံးပြုပြီး ဘီယာအမျိုးအစားများစွာကို တီထွင်ခဲ့ကြပါတယ်။ အောက်မှာ လူသိများတဲ့ Stout ဘီယာ အမျိုးအစားများ ကို ဖော်ပြလိုက်ပါတယ်။

American Stout

Photo : Craft Beer & Brewing

အမေရိကန် Hops နှင့် အညှောင့်ဖောက် အခြောက်ခံထားတဲ့ မုယောစပါး သို့မဟုတ် အခြားကောက်နှံမျိုး ကနေရတဲ့ Dark Malts ကို သုံးပြီး ချက်လုပ်ထားတဲ့ American Stout က ထူးခြားတဲ့ အရသာနှင့် နက်မှောင်တဲ့ အသွင်ကိုပေးပါတယ်။

Dry Irish Stout

Photo : The Manual

မီးပြင်းပြင်းဖြင့် ကင်ထားသော မုယော စပါးကင်နဲ့ အသင့်အတင့်မှ ပြင်းသော ဟော့ အခါးဓါတ်ဖြင့် ချက်လုပ်ထားတဲ့ Dry Irish Stout က အချဉ်ဓာတ်နည်းနည်းနဲ့ ခြောက်သွေ့သော ကော်ဖီအရသာ ကို ခံစားရပါတယ်။

Imperial Stout

Photo : Brewpublic

Stout ဘီယာ အမျိုးအစားများ ထဲမှ နောက်တစ်ခုကတော့ Imperial Stout ပဲဖြစ်ပါတယ်။ Imperial Stout ကလည်း အမဲရောင်ရှိပြီး ပုံမှန်အားဖြင့် အရက်ပါဝင်မှု (၉) ရာနှုန်း ခန့်ရှိပါတယ်။

Coffee Stout

Photo : Brewbound

ကော်ဖီနှင့် ပေါင်းစပ်ထားသော ဘီယာမျိုးဖြစ်ပါတယ်၊ ဘီယာချက်သူတွေက နည်းလမ်း (၄) ခု နဲ့ ကော်ဖီကို ပေါင်းစပ် ချက်လုပ်ထားပါတယ်။ လှော်ထားသော ကော်ဖီစေ့များ ထည့်တာ၊ ကော်ဖီအောက်ခံမှာ ဘီယာကို အအေးခံတာ၊ ဘီယာ အချဉ်ဖောက်နေစဉ် ကော်ဖီထည့်တာ၊ သို့မဟုတ် အအေးချက်ထားသော ကော်ဖီစေ့များတွင် ပေါင်းထည့်ခြင်း (သို့) အအေးခံကော်ဖီကို ဘီယာ ချက်အပြီးသတ်မှာ ပေါင်းစပ်ထည့်တာ မျိုးနဲ့ ရရှိတဲ့ Stout ဘီယာတွေ ဖြစ်ပါတယ်။

ဒါ့အပြင် Milk Stout, Oatmeal Stout, Barrel-Aged Stout, Oyster Stout, Pastry Stout စတဲ့ Stout ဘီယာ အမျိုးအစားများ လည်းရှိပါသေးတယ်။ ဘီယာချစ်သူ ကွီးတို့ ကြိုက်နှစ်သက်ရာ မြည်းစမ်းကြည့်ပါ။

Source : WebstaurantStore

Featured Photo : Just beer