ဒီနေ့ခေတ်မှာ ဖက်ရှင်ရေစီးကြောင်းဟာ ကြီးမားသထက် ကြီးမားလာသလို တစ်နေ့ထက်တစ်နေ့ ဆန်းသစ်တီထွင်လာကြပါတယ်။ အမျိုးသားများအတွက် ဝတ်စားဆင်ယင်မှု ပုံစံအမျိုးမျိုး၊ စတိုင်လ် အမျိုးမျိုးရှိတဲ့ အထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ Street Style ဖက်ရှင်မျိုးကတော့ နေ့စဉ်ဝတ်ဆင်လို့ရပြီး ကြည့်ကောင်းစေတဲ့ စတိုင်လ်မျိုးပါ။ ကွီးတို့အနေနဲ့ ‌နေ့စဉ်ဝတ်ဆင်နေကျပုံစံကနေ ပိုမိုစတိုင်ကျစေဖို့အတွက် Street Style ဖက်ရှင် အိုင်ဒီယာ ကောင်းများကို ‌ဝေမျှပေးလိုက်ပါတယ်။

(၁) အဖြူရောင်ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီ

Photo : Pinterest

ကွီးတို့ရေ အမျိုးသားတစ်ယောက်မှာ အဖြူရောင်ရှပ်အင်္ကျီတစ်ထည်တော့ ရှိသင့်ပါတယ်။ အဖြူရောင်ရှပ်အင်္ကျီနဲ့ တွဲဖတ်ဝတ်ဆင်နိုင်ဖို့အတွက် သိပ်စဉ်းစားစရာမလိုဘဲ ကွီးတို့မှာရှိတဲ့ ဂျင်းဘောင်းဘီ စတိုင်လ် မျိုးစုံ၊ အရောင်မျိုးစုံနဲ့ ဝတ်ဆင်ကြည့်ပါ။ ချစ်ရတဲ့သူနဲ့ Date ပဲ ဖြစ်ဖြစ်၊ ဘော်ဒါတွေနဲ့ တွေ့ဆုံရာတွင် စတိုင်လ်ကျကျ ပေါ့ပေါ့ပါးပါး နဲ့ Street Style ပုံစံ ဝတ်ချင်ရင် ရွေးချယ်သင့်တဲ့ အိုင်ဒီယာ ကောင်းပါပဲ။

(၂) အနက်ရောင်တီရှပ် နဲ့ ဘောင်းဘီ

Photo : LIFESTYLE BY PS

ကွီးတို့ရေ Street ဖက်ရှင်အတွက် ဘာကိုမှသိပ်ထွေထွေထူးထူး မစဉ်းစားချင်ရင် အနက်ရောင်တီရှပ်ကို ကွီးတို့မှာ ရှိပြီးသား ဘောင်းဘီရှည် တစ်ထည်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ရိုးရိုးရှင်းရှင်း နဲ့ ကွီးတို့ကို စတိုင်လ်ကျနေစေမှာပါ။

(၃) Hoodie

Photo : DHgate

ကွီးတို့ရေ မကြာခင်မှာဆောင်းရာသီလည်း ရောက်တော့မှာဆိုတော့ ခပ်မိုက်မိုတဲ့ Street စတိုင်လ် လိုချင်ပါသလား။ ဒါဆိုရင်တော့ Hoddie ကိုသာ ဂျင်းဘောင်းဘီတစ်ထည်ထည်နဲ့ သာတွဲဖက်ဝတ်ဆင်လိုက်ပါ။ ကွီးတို့ရဲ့ အမိုက်စားပုံစံကို Level ထပ်မြှင့်ချင်ရင်တော့ အဖြူရောင် Sneakers ကိုဖြည့်စွက်လို့ရပါတယ်။

(၄) ဘောင်းဘီတိုများ

Photo : Pinterest

ပေါ့ပါးလွတ်လပ်ပြီး အလန်းစား Street Style ဖက်ရှင် အိုင်ဒီယာ တစ်ခုကတော့ ဘောင်းဘီတိုများကို အမျိုးမျိုးသော အင်္ကျီအမျိုးအစားများနဲ့ တွဲဖက်ဝတ်ဆင်တာပါပဲ။ ဒီစတိုင်လ်ကလည်း ကွီးတို့ထင်ထားထက်ပိုပြီး မိမိုက်နေစေမှာပါ။

(၅) Blazer

Photo : Pinterest

ကွီးတို့ရေ Blazer တွေကို အနည်းငယ် Formal ဆန်တဲ့နေရာမျိုးမှာပဲ ဝတ်လို့ရတာမဟုတ်ဘဲ ကွီးတို့ရဲ့ ဖက်ရှင်ကို ကြိုက်သလို ဖန်တီးပစ်လိုက်လို့ရပါတယ်။ အရိုးရှင်းဆုံးနဲ့ အလန်းဆုံး အိုင်ဒီယာတစ်ခုကတော့ Blazer ကို ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။

(၆) ဂျင်းဂျက်ကတ်

Photo : : LIFESTYLE BY PS

ဘယ်တော့မှ မရိုးသွားမဲ့ Street ဖက်ရှင်တစ်ခုကတော့ ဂျင်းဂျက်ကတ်ပါပဲ။ ဂျင်းဂျက်ကတ်တွေကို အောက်ခံ ဘယ်လိုအင်္ကျီအရောင်နဲ့ဖြစ်စေ ဝတ်လို့ရတဲ့ အပြင် ကွီးတို့ရဲ့စတိုင်လ်ကို အမှန်တကယ် ပံ့ပိုးပေးပါလိမ့်မယ်။

(၇) သားရေဂျက်ကတ်

Photo :Insider

အမျိုးသားတစ်ယောက်အတွက် သားရေဂျက်ကတ် တစ်ထည်ရှိထားတာတော့ လုံးဝမမှားပါဘူး။ ကွီးတို့အနေနဲ့ ခပ်မိုက်မိုက် Street Style ဖက်ရှင်မျိုးလိုချင်ပါသလား ဒါမှမဟုတ် ညဘက် ဘားသွား၊ ကလပ်တတ်အတွက် တကယ်ကို မိုက်တဲ့ ပုံစံမျိုးလိုချင်ပါသလား။ သားရေဂျက်ကတ် ကိုသာရွေးချယ်လိုက်ပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် အလန်းစား Street Style ဖက်ရှင် အိုင်ဒီယာ ကောင်းများ ပဲဖြစ်ပါတယ်။ ခပ်လန်းလန်းစတိုင်လ်အတွက် ကွီးတို့စိတ်ကြိုက်ပေါင်းစပ်ပြီး ဆန်းသစ်တီထွင်လို့ရပါတယ်။

Featured Photo : The Manual