ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကြယ်ပွင့်ကစားသမား ဖရန်ကီ ဒီဂျောင်ကို လာမယ့်ဇန်နဝါရီမှာ ပေါင် ၇၅ သန်းနဲ့ နူးကမ့်ကနေ ထွက်ခွာခွင့်ပြုဖို့ အဆင်သင့်ဖြစ်နေပြီး အဆိုပါ ကစားသမားအား မန်ချက်စတာစီးတီးအသင်းမှ ခေါ်ယူနိုင်ခြေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Photo : Sports Illustrated

ကတ္တလန်ကလပ်အနေနဲ့ နည်းပြအသစ် ဇာဗီလက်ထက်မှာ ရုန်းကန်နေရတဲ့ အခြေအနေတွေကြားမှ အသင်းကိုအကောင်းဆုံး ပြန်လည်တည်ဆောက်ဖို့ရှိနေပေမယ့် ဘဏ္ဍာရေးဆိုင်ရာအကျပ်အတည်းများကြောင့် ကစားသမားအသစ်တွေမခေါ်ယူမီ အသင်းရှိကစားသမားတွေကို အရင်ဆုံးရောင်းချရဖို့ အလားအလာပိုများနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ဟာ အသင်းရန်ပုံငွေရှာဖို့ ပထမဆုံးရောင်းချတဲ့ ကစားသမားဖြစ်လာနိုင်ပြီး ဘဏ္ဍာရေးအရလည်း ငွေအများဆုံးရနိုင်တဲ့အခွင့်အရေးကို ကိုယ်စားပြုတယ်လို့ ယုံကြည်နေကြောင်း စပိန်ရုပ်သံလိုင်း El Chiringuito မှာ ဖော်ပြထားပါတယ်။

အသက် ၂၄ နှစ်အရွယ် နယ်သာလန်ကြယ်ပွင့်ကစားသမား ဒီဂျောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အေဂျက်စ်ကနေ ဘာစီလိုနာအသင်းကိုရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားကာ အသင်းရဲ့ အနာဂတ်အတွက် အဓိကအားထားရတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတာ ဖြစ်ပါတယ်။

Photo : FC Barcelona

ယခင်ဘာစီလိုနာနည်းပြဟောင်း ရော်နယ်ကိုးလ်မန်း အသင်းကိုကိုင်တွယ်ခဲ့စဉ်ကတည်းက အသင်းမှာ အကောင်းဆုံးခြေစွမ်းပြကစားနေတဲ့ ကွင်းလယ်ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး နည်းပြသစ်ဇာဗီကိုယ်တိုင်ကလည်း ၎င်းရဲ့ ပရိသတ်တစ်ဦးဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

” သူက ထူးခြားတဲ့ကစားသမားတစ်ဦးပါ ၊ ကွင်းအတွင်း အခက်ခဲဆုံးအခြေအနေတွေမှာတောင် ဘောလုံးယူပြီး လှည့်ထွက်ကစားဖို့မကြောက်ပါဘူး ၊ ဒီမှာက အသင်းကြီးတစ်သင်းလည်းဖြစ်နေတော့ သူ့အနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင်လုပ်ဖို့ အချိန်လိုတယ်၊ ဒါကလည်း တခြား ယဉ်ကျေးမှုတစ်ခုပါ ၊ ဒါပေမဲ့ ဖရန်ကီဒီဂျောင်ကတော့ ဒီဂျောင်ပါဘဲ ၊ ဒါနဲ့ပတ်သတ်ပြီး ကျွန်တော် အင်နီယေစတာ နဲ့ ဘက်စ်ကွက်တို့ အားလုံးနဲ့မဆိုင်ပါဘူး ၊ သူကအလွန်စွမ်းဆောင်ရည်ရှိတဲ့ကစားပါ ၊ နယ်သာလန်ရဲ့ အကောင်းဆုံးမျိုးဆက်သစ်ကစားသမားအဖြစ် ကြီးကျယ်ခမ်းနားတဲ့ အရာတွေကိုရယူနိုင်ပါလိမ့်မယ် ” လို့ နည်းပြသစ်ဇာဗီက မှတ်ချက်ပေးခဲ့ပါတယ်။

Featured Photo : Daily Mail