ဘောလုံးလောကဆိုတာ ခြေထောက်တင်ကြည့်ရတဲ့ အားကစားမဟုတ်ဘဲ ခေါင်းပါ ကြည့်ရတဲ့ အားကစားပါ။ ဘောလုံးပွဲအတွင်းမှာ ပရိသတ်တွေဟာ ကစားသမားတွေရဲ့ ခြေကန်ချက်နဲ့ ခေါင်းတိုက်ချက်တွေအပြင် သူတို့ရဲ့ပုံပန်းသဏ္ဍာန်နဲ့ အရိပ်အကဲပါ လိုက်ကြည့်နေကြတာပါ။

ဒါကြောင့်လည်း ဘောလုံးသမားတစ်ယောက်ကို သူ့ပင်ကိုယ်စွမ်းရည်အပြင် ဆံပင်ဒီဇိုင်းနဲ့ပါ တွဲမှတ်သားခံနေရတာ ဖြစ်ပါတယ်။ အကျော်ကြားဆုံး ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ဆံပင်ဒီဇိုင်းအပြောင်းဆုံး ဘောလုံးအကျော်အမော်ထဲမှာ ပါပါတယ်။ သူ့ဆံပင်ဒီဇိုင်းတွေကလည်း ပုရိသထုကြီးအကြားမှာ နမူနာထားရတဲ့ ဆံပင်ကေတွေ ဖြစ်တာကြောင့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အကောင်းဆုံး ဆံပင်ပုံစံတချို့အကြောင်း မျှဝေပေးလိုက်ပါတယ်။

(၁) Curly Hairstyle

Photo: machohairstyles

၂၀၁၉-၂၀၂၀ စီးရီးအေ ချန်ပီယံရှစ်ပွဲစဉ်မှာ ထားသွားတဲ့ ဒီဆံပင်ပုံစံဟာ လုံးဝသဘာဝကျပြီး အလိပ်အခွေဒီဇိုင်းနဲ့ လာတာပါ။ ဘေးနှစ်ဘက်ကို ပါးပြီး အပေါ်ကို နည်းနည်းထောင်ထားတာ ဖြစ်ပါတယ်။ လူငယ်ဆန်ပြီး ထားဖို့ လွယ်တဲ့ ဆံပင်ဒီဇိုင်းပါပဲ။

(၂) Ponytail

Photo: machohairstyles

၂၀၂၀ အီတလီချန်ပီယံရှစ်မှာ ရော်နယ်ဒိုထားခဲ့တဲ့ ပိုနီတေးလ်စတိုင် ဘေးကပ်နောက်စည်းဒီဇိုင်း ဖြစ်ပါတယ်။ အပေါ်ဘက်နားမှာ ခွေလိပ်နေတဲ့ ဆံပင်ကို ပိုနီတေးစည်းထားပြီး ဘေးတွေကို ပါးကပ်ကပ်ညှပ်ထားတာပါ။

(၃) Disconnected Fade

Photo: machohairstyles

၂၀၂၀ UEFA Euro ဖလားမှာ ဒီပုံစံကို ထားသွားတာ ဖြစ်ပါတယ်။အပြောင် ဘေးခွဲပြီး အထက်မှာ ဆံပင်အုံထားပါတယ်။ အပေါ်ကို ခပ်ဖွဖွထားပြီး ထောင်ထားတာပါ။

(၄) Slicked Back

Photo: machohairstyles

ယူရိုခြေစစ်ပွဲမှာ ရော်နယ်ဒိုထားခဲ့တဲ့ Slicked Back ဆံပင်စတိုင်ပါ။ အတိုကပ်ကိုမှ ဘေးခွဲပြီး ခပ်ပိပိသပ်ရပ်အောင် လှဲထားတာပါ။

(၅) Blonde Highlights

Photo: machohairstyles

Highlights ဖောက်ထားတဲ့ ဒီဆံပင်စတိုင်နဲ့လည်း ရော်နယ်ဒိုကို မှတ်မိကြပါလိမ့်မယ်။ အခွေအလိပ်လိပ်နဲ့ ဆံပင်ကို ဆေးဆိုးထားပြီး ဘေးနှစ်ဖက်အပါး အပေါ်ထိ တက်ထားပြီး အပေါ်က ဆေးဆိုးထားတဲ့ ဆံပင်ခွေတွေကို ဒီအတိုင်း Texture ကျအောင် ထားထားတာ ဖြစ်ပါတယ်။

Featured Image Photo: Adabnama