အားလပ်ရက်ရှည်လည်း ရမယ် ၊ တစ်လျှောက်လုံး စိတ်ပင်ပန်းခဲ့တာတွေလည်း ပြေပျောက်ချင်တယ်ဆိုရင် ကမ်းခြေတစ်ခုခုဆီ ခရီးထွက်ဖို့ အကြံပေးချင်ပါတယ်။ ကမ်းခြေဆိုတာ မွန်းကြပ်နေတဲ့စိတ်တွေ လွှတ်ချဖို့ အကောင်းဆုံးနေရာတစ်ခုပဲ မလား။ တကယ်လို့ ကမ်းခြေသွားမယ်ဆိုရင် ကိုယ်ဝတ်နေကျ အဝတ်အစားတွေ ဝတ်သွားလို့ မရတော့ပါဘူး။ နွေရာသီ အပျော်ခရီးတွေမှာ စတိုင်မိမိနဲ့ အပန်းဖြေခရီးထွက်နိုင်ဖို့ ထည့်သွားသင့်တဲ့ အဝတ်အစားတချို့အကြောင်းလည်း ပြောပြချင်ပါတယ်။

(၁) Polo Shirts

Photo: LoveToKnow

Polo Shirts တွေလောက် အပန်းဖြေညနေခင်းကို ပိုလိုက်ဖက်စေတဲ့ အဝတ်အစား ရှားပါလိမ့်မယ်။ Polo Shirts တွေ အရွေးမှန်ရင် ဝတ်ဆင်သူကို စတိုင်မိစေတဲ့အပြင် စမတ်ကျအောင်ပါ ကူညီပေးနိုင်ပါတယ်။ နွေရာသီမှာ ဝတ်မှာ ဖြစ်လို့ ပိုလိုရှပ်အဖြူမျိုးကို အရောင်ရင့်ဘောင်းဘီတို ဒါမှမဟုတ် Chinos ဘောင်းဘီမျိုးနဲ့ တွဲဝတ်ဖို့လည်း အကြံပေးချင်ပါတယ်။ အဓိကကတော့ Shades Contrast ဖြစ်ဖို့ပါပဲ။

(၂) Shorts

Photo: smartertravel

ဘောင်းဘီတိုနဲ့ ကမ်းခြေ မီးပုံပွဲတွေမှာ ပျော်တာက ပိုပြီး သဘာဝကျပါတယ်။ ညနေခင်းတွေလို စိတ်လွတ်ကိုယ်လွတ် နေရမယ့်အချိန်မျိုးမှာ Jeans တွေထက်စာရင် ဘောင်းဘီတို ဝတ်ရတာ ပိုပြီး လွတ်လပ်ပေါ့ပါးတယ်လို့ ခံစားရသလို အဓိပ္ပါယ်လည်း ပိုရှိပါတယ်။ အရောင်ကတော့ ကိုယ်ကြိုက်နှစ်သက်သလို အရောင်လွင် ၊ အရောင်ရင့် အမျိုးမျိုး ရွေးချယ်နိုင်ပါတယ်။ အရေးကြီးတာက ဘောင်းဘီတိုအောက်အနားဟာ ဒူးအထက်မှာပဲ ရှိတဲ့ Fitting Style ဖြစ်ပြီး အရည်အသွေးမြင့်တဲ့ အထည်တွေ ဖြစ်ဖို့ပါပဲ။

(၃) White Shoes

Photo: ManofMany

အဖြူရောင် Shoes တွေဟာ နွေရာသီတို့ ကမ်းခြေ သဲပြင်တို့နဲ့ လိုက်ဖက်ညီညွတ်တဲ့ ဖိနပ်တွေပါပဲ။ ကမ်းခြေစီး Slipper ၊ Sandals တွေထက် စာရင် ဗြောင်အဖြူ Casual Shoes စီးတာက ပိုပြီး ဖက်ရှင်ကျပါတယ်။ အဖြူရောင် Sneakers ၊ Trainers တို့လည်း ညနေခင်းမျိုးမှာ ဝတ်ရင် ပိုကြည့်လို့ကောင်းစေပါတယ်။ တကယ်လို့ Trainers Shoes တွေ သိပ်မကြိုက်ရင်လည်း Boat Shoes လို့ ခေါ်တဲ့ အသာလျှိုစီးရတဲ့ ကြိုးမပါတဲ့ Shoes မျိုး စီးနိုင်ပါတယ်။

(၄) Plain White T-Shirts

Photo: Outfit Ideas

Plain T-Shirts တွေက Summer Vocation မျိုးမှာ ပိုအဆင်ပြေပါတယ်။ လွတ်လပ်ပေါ့ပါးနေတယ်။ စိတ်ကြည်နေတယ်ဆိုတဲ့ သဘောကိုလည်း ပြပါတယ်။ အဖြူရောင် ဗြောင်တီရှပ်တွေကတော့ နွေရာသီလို ပူအိုက်ပြီး ချွေးတပြိုက်ပြိုက် ကျတတ်တဲ့ ရာသီဥတုမျိုးမှာ ဝတ်လို့ ကောင်းတဲ့အဝတ်အစားမျိုး ဖြစ်ပါတယ်။ Plain White T-Shirts တွေက ရိုးရှင်းပြီး ပေါ့ပါးတယ်လို့ ခံစားစေနိုင်ပါတယ်။ ဒါကြောင့် ကမ်းခြေနွေရာသီညနေတွေနဲ့ လိုက်ဖက်တယ်လို့ ဆိုတာပဲ ဖြစ်ပါတယ်။