လူတစ်ယောက်နေ့စဉ် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အစားအသောက်တွေကနေ ရယူနိုင်သလို လွယ်ကူမြန်ဆန်တဲ့ ဖြည့်စွက်စာ Supplements တွေ‌ မှီဝဲခြင်းကနေလည်း ရနိုင်ပါတယ်။ Supplements တွေကတော့ အမျိုးအမည် စုံလင်စွာ ရှိပြီး ကွီးတို့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ် မှန်သမျှကို ရနိုင်ပါတယ်။ သို့သော်လည်း အကျိုးရှိ ထိရောက်တဲ့ Supplements တွေ ရှိသလို ဘာမှသိပ်ပြီး ထူးခြားမှုမရှိတဲ့ Supplements တွေလည်း အများကြီးပါ။ ဒီဆောင်းပါးမှာတော့ ပရော်ဖက်ရှင်နယ် အာဟာရပညာရှင်တွေ ပြောထားတဲ့ ပိုက်ဆံ ဖြုန်းမှုသက်သက် Supplements တွေ အကြောင်း ပြောပြပေးပါမယ်။

(၁) Fat Burners

Photo : SciTechDaily

အဆီကျဆေးတွေ Brand အစုံ ကွီးတို့ ကြားဖူးတွေ့ဖူးကြပါလိမ့်မယ်။ လူတွေက အလွယ်လမ်းကို ကြိုက်တဲ့အတွက် ဆေးသောက်ရုံနဲ့ ဝိတ်ကျမယ်ဆိုတဲ့ ဆေးဝါးတွေကို အလွန်အမင်း နှစ်သက်ခုံမင်ကြပါတယ်။ အဆီကျဆေးတွေက ထင်သလောက် အလုပ်မဖြစ်ပါဘူး။ ဝယ်သောက်နေရင် ပိုက်ဆံ ဖြုန်းနေရုံကလွဲရင် ဘာမှတော့ သိပ်မထူးပါဘူး။ အမှန်တကယ် ဝိတ်ကျချင်ရင် ကယ်လိုရီလျှော့စားပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ရမှာ ဖြစ်ပါတယ်။

(၂) Detox Supplements

Photo : MedicalNewsToday

Detox ဖြည့်စွက်စာ Supplements တွေ ဝယ်သောက်နေတာကလည်း ပိုက်ဆံ ဖြုန်းတာသက်သက်ပါပဲ။ ကွီးတို့ ခန္ဓာကိုယ်မှာ အသည်းနဲ့ ကျောက်ကပ်တို့လို ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို အော်တိုစနစ်နဲ့ အလိုအလျောက် ရှင်းလင်းပေမယ့် သဘာဝ အဆိပ်ဖြေစနစ်သုံး ကိုယ်တွင်းအင်္ဂါတွေ ပါဝင်ပါတယ်။ ထပ်ပြီး Detox Supplements တွေ သောက်ဖို့ မဖြစ်မနေ မလိုအပ်ပါဘူး။

(၃) Collagen Supplements

Photo : Natural Factors Canada

အသက် ၂၅ နှစ်ကျော်ရင် နုပျိုလန်းဆန်း ကျန်းမာဖို့အတွက် Collagen Supplements တွေ သောက်ဖို့ လိုတယ်ဆိုတဲ့ Mindset ကို တော်တော်များများ လက်ခံထားပါတယ်။ Collagen ဖြည့်စွက်စာတွေ သောက်ရင် အသားအရေ ၊ ဆံပင်နဲ့ အရိုးအဆစ်တွေအတွက် ကောင်းတယ်ဆိုတာ မှန်ပေမယ့် မဖြစ်မနေကြီး သောက်ဖို့တော့ မလိုပါဘူး။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးပေးမယ်ဆိုရင်ပဲ တူညီတဲ့ အမိုင်နိုအက်ဆစ်ဓာတ်တွေကို ရနိုင်ပါတယ်။

(၄) Testosterone Boosters

Photo : DMoose

အမျိုးသားတွေကြားမှာတော့ Testosterone ထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့ Testosterone Boosters ဆေးဝါးတွေ အသောက်များကြပါတယ်။ Testosterone Boosters‌ တွေမှာ ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေ ၊ ဆေးဖက်ဝင် အပင်တွေ ပါတယ်ဆိုပေမယ့် အရမ်းကြီးတော့ ထိရောက်မှု မရှိတာ အမှန်ပါ။ Testosterone Boosters တွေ သောက်မယ်အစား Lifestyle ကို ပြောင်းလဲပြီး သဘာဝနည်းနဲ့ Testosterone ထုတ်လုပ်မှုကို မြှင့်တင်နိုင်သလို လိုအပ်ပါက ဆရာဝန်နဲ့တိုင်ပင်ပြီး TRT ကုထုံးလို ထိရောက်တဲ့ ကုသနည်းတွေနဲ့ ကုသတာက ပိုကောင်းပါတယ်။

Source : Eat This Not That

Featured Photo : Men’s Health