ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတဲ့ Casual ဖက်ရှင်တွေ နှစ်သက်တယ်ဆိုရင် Sweatpant တွေကို မေ့ထားလို့ မရပါဘူး။ Sweatpant တွေက ပေါ့ပါးလွတ်လပ်မှုနဲ့ စတိုင်ကျမှုကို ပေါင်းစပ်ထားတဲ့ ဖက်ရှင်တစ်ခု ဖြစ်တဲ့အတွက် Daily Wears အနေနဲ့ ဝတ်ဆင်လို့ အဆင်ပြေပါတယ်။ ဒီတစ်ခေါက်တော့ Sweatpant တွေကို စတိုင်မိမိ ဝတ်ဆင်နိုင်မယ့် Outfits အိုင်ဒီယာလေးတွေ မျှဝေပေးပါမယ်။

Outfits အိုင်ဒီယာ (၁)

Photo : Style Girlfriend

Turtleneck Sweaters နဲ့ Sneakers ကို တွဲဖက်ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ လူငယ်ဆန်တဲ့ ဖက်ရှင်ဘက်ကို သွားပြီး သန့်သန့်ပြန့်ပြန့်နဲ့ အထာကျကျ Cozy ဖြစ်တဲ့ Vibes ကို ပေးပါတယ်။

Outfits အိုင်ဒီယာ (၂)

Photo : Style Girlfriend

မကြာခင် ဆောင်းဝင်လာတော့မှာဆိုတော့ ဒီ Outfits က ရာသီဥတု အေးတဲ့အချိန်တွေအတွက် ကွက်တိပါပဲ။ Henley ၊ Fleece Jacket နဲ့ White Sneakers တို့ကို တွဲဖက်ဝတ်ဆင် နိုင်ပါတယ်။

Outfits အိုင်ဒီယာ (၃)

Photo : Style Girlfriend

Sweatpant တွေကို Classic Flannel တစ်ထည် ၊ လည်ရှည် Boots တစ်ရံနဲ့ တွဲဖက် ဝတ်ဆင်ကြည့်ပါ။ ရိုးရှင်းသလောက် ကြည့်ကောင်းစေတဲ့ Outfits အိုင်ဒီယာ တစ်ခု ဖြစ်ပါတယ်။ ခပ်ရှင်းရှင်းနဲ့ သန့်ပြန့်နေတဲ့ Look ကို ရစေမှာ ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ထသွားထလာ အချိန်တွေကစလို့ ခရီးသွားချိန်တွေအထိ အထာကျကျ ဝတ်ဆင်လို့ ရပါတယ်။

Outfits အိုင်ဒီယာ (၄)

Photo : Style Girlfriend

Sweatpant တွေနဲ့ တွဲဝတ်ဖို့ အလိုက်ဖက်ဆုံးက Layering ဖက်ရှင်တွေလို့ ပြောရင်မမှားနိုင်ပါဘူး။ Long-sleeve Tee ကိုမှ အပေါ်ကနေ Patterned Jackets တွေ ထပ်ဝတ်လို့ ရပါတယ်။ ရာသီဥတု အနည်းငယ် ပူနေတဲ့ အချိန်မှာလည်း Jackets ကို ချွတ်ထားပြီး ရှိုးထုတ်နိုင်ပါတယ်။

Source : Style Girlfriend

Featured Photo : Fashionably Male