ဘက်စကပ်ဘောကစားခြင်းသည် ကယ်လိုရီများကို လောင်ကျွမ်းစေပြီး သက်လုံကောင်းကာ အမောခံနိုင်ပါတယ်။ ကြွက်သားများကိုလည်း သန်မာစေပြီး အသင်းအဖွဲ့အလိုက် ပူးပေါင်းလုပ်ဆောင်တတ်ဖို့ကိုလည်း ကူညီပေးပါတယ်။

အသိသာဆုံးအားသာချက်တစ်ခုကတော့ ဘက်စကပ်ဘောကစားခြင်းသည် အရပ်ရှည်စေတာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ ဘက်စကပ်ဘောကစားသမားများကို ကြည့်လိုက်မယ်ဆိုရင် အခြားသူတွေထက် အရပ်ရှည်ကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

အရပ်ရှည်ကြတဲ့ ဘက်စကပ်ဘောကစားသမားများ အများအပြားရှိတဲ့အနက် ကမ္ဘာ့အရပ်အရှည်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ဘက်စကပ်ဘောကစားသမားများကို ဖော်ပြပေးလိုက်ရပါတယ်။

Gheorghe Muresan

Photo: Nbcwashington

Gheorghe Muresan ကတော့ ကမ္ဘာ့အရပ်အရှည်ဆုံး ဘက်စကပ်ဘောကစားသမားပဲဖြစ်ပါတယ်။ သူ့အရပ်ကတော့ ၇ ပေနဲ့ ၇ လက်မအထိရှိပါတယ်။ အချို့သတင်းများထဲမှာလည်း ၇ ပေနဲ့ ၈ လက်မနီးပါးရှိတယ်လို့ ဖော်ပြကြပါတယ်။

Manute Bol

Photo: Dukebasketballreport

ဒုတိယအရပ်အရှည်ဆုံးကစားသမားကတော့ Manute Bol ဖြစ်ပြီး သူ့အရပ်ကလည်း ၇ ပေနဲ့ ၇ လက်မဖြစ်ပါတယ်။ သူသည် ၁၉၈၅ ခုနှစ်ကတည်းက သူ့ရဲ့ကစားသမားဘဝကို အစပြုခဲ့တာဖြစ်ပါတယ်။

Yao Ming

Photo: CGTN

ဘက်စကပ်ဘောချစ်သူများနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အားကစားပရိသတ်များအနေနဲ့ Yao Ming နဲ့ ရင်းနှီးပြီးသားဖြစ်ကြပါလိမ့်မယ်။ တရုတ်လူမျိုးကစားသမားဖြစ်ပြီး သူ့ရဲ့အရပ်ကတော့ ၇ ပေနဲ့ ၆ လက်မအထိရှည်ပါတယ်။

Shawn Bradley

Photo: Mavsmoneyball

Shawm Bradley ရဲ့အရပ်ကတော့ ၇ ပေနဲ့ ၆ လက်မရှည်ပါတယ်။ သူသည် ၁၉၉၃ ခုနှစ်ကတည်းက ဘက်စကပ်ဘောပွဲများတွင် ပါဝင်ကစားခဲ့ပြီး သူ့ရဲ့အားကစားစွမ်းရည်ကလည်း အံ့မခန်းပါပဲ။

Pavel Podkolzin

Photo: Alchetron

Pavel သည် ရုရှားလူမျိုး ဘက်စကပ်ဘောကစားသမားဖြစ်ပြီး သူသည် ပွဲပေါင်း ၄ ပွဲသာ ဆော့ကစားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အရပ်ကတော့ ၇ ပေနဲ့ ၅ လက်မအထိရှိပါတယ်။

Chuck Nevitt

Photo: Heraldweekly

Chuck ရဲ့ အားကစားသက်တမ်းသည် ၁၁ နှစ်ကျော်ရှိပြီဖြစ်ပြီး ပွဲပေါင်း ၁၅၅ ပွဲမှာ ပါဝင်ဆော့ကစားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အရပ်ကတော့ ၇ ပေနဲ့ ၅ လက်မအထိရှည်ပါတယ်။

Tacko Fall

Photo: Ucf.edu

Tacko Fall သည် နာမည်ကြီး ဘက်စကပ်ဘောအသင်းဖြစ်တဲ့ Boston Celtics အသင်းအတွက် ကစားပေးနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့အရပ်ကတော့ ၇ ပေနဲ့ ၅ လက်မ ရှည်ပါတယ်။

Sim Bhullar

Photo:

Sim Bhullar ကတော့ ကနေဒါလူမျိုး ဘက်စကပ်ဘောကစားသမားတစ်ယောက်ဖြစ်ပြီး သူ့အရပ်ကတော့ ၇ ပေနဲ့ ၁၀ လက်မအထိရှည်ပါတယ်။

Mark Eaton

Photo: People

သူကတော့ အမေရိကန်ကစားသမားတစ်ယောက်ဖြစ်ပြီး ၇ ပေနဲ့ ၄ လက်မရှည်ပါတယ်။ သူသည် ကစားပွဲပေါင်း ၈၇၅ ပွဲမှာ ပါဝင်ကစားခဲ့ပြီး အမှတ်ပေါင်း ၅၂၁၆ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

Slavko Branes

Photo:

Slavko Branes ကတော့ ဒီစာရင်းထဲမှာ ၁၀ ယောက်မြောက်ချိတ်ပါတယ်။ သူ့အရပ်ကတော့ ၇ ပေနဲ့ ၄ လက်မရှည်ပြီး Mark နဲ့ ယှဉ်ရင် အတူတူပဲဖြစ်ပေမယ့် Mark က သူ့ထက် ကစားပွဲပေါင်း ပိုကစားရပြီး အမှတ်ပေါင်းလည်း ပိုများပါတယ်။

Source: Sportsunfold.com

Featured Image Source: FanBuzz