Casual Fashion ဆိုပေမယ့် Jeans တွေကလည်း ဈေးမသေးပါဘူး။ ဒါပေမယ့် ဘက်ဂျက် Brand တွေထဲမှာလည်း အလန်းစား Jeans Pant တွေ ရှိကြပါတယ်။ Jeans ဖက်ရှင်ချစ်တဲ့ အမျိုးသားတွေအတွက် ဈေးသင့်တဲ့ Jeans Brand တွေ မျှဝေပေးချင်ပါတယ်။

(၁) UNIQLO

Photo: Fashion Beans

Quality ကောင်းပြီး တန်ဖိုးသင့်တဲ့ ယောင်္ကျားဝတ် Jeans ထည် လိုချင်ရင် UNIQLO ကို ရွေးသင့်ပါတယ်။ ဂျပန် Brand ဖြစ်ပြီး Fitting မှန်သလို ဒီဇိုင်းမျိုးစုံနဲ့လည်း ထွက်တဲ့ UNIQLO ဟာ လူကြိုက်များတဲ့ Brand ထဲမှာ ပါပါတယ်။ ဒေါ်လာ ၁၀၀ အောက်ဈေးနဲ့ ရောင်းတာဖြစ်လို့လည်း လူငယ်တွေရဲ့ အကြိုက်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေပါတယ်။

(၂) GAP

Photo: Fashion Beans

GAP က ထုတ်တဲ့ Jeans တွေက ရိုးသွားတယ် မရှိဘူး ၊ ဝတ်လိုက်တိုင်း စိတ်ချမ်းသာတယ်ဆိုတဲ့ အထဲမှာ ပါပါတယ်။ ဈေးသက်သာပြီး ရွေးစရာဒီဇိုင်းလည်း အများကြီး ထွက်ထားပါတယ်။

(၃) Asket

Photo: Fashion Beans

ဆွီဒင် အမျိုးသားဝတ်ဖက်ရှင်တစ်ခု ဖြစ်တဲ့ Asket က အသက် ၃၀ အောက် လူငယ်နှစ်ယောက် ထောင်ထားတဲ့ Brand ဖြစ်ပါတယ်။ လူငယ်တွေ ထောင်ထားတဲ့ ဖက်ရှင်ဖြစ်လို့ လူငယ်ဆန်ဆန် ဖက်ရှင်ဒီဇိုင်းကို Asket Jeans တွေမှာ တွေ့မြင်ရမှာပါ။ ရိုးရှင်းပြီး သပ်ရပ်သားနားတဲ့ Jeans ချစ်သူတွေအတွက် ‌ရွေးစရာ Brand ပါပဲ။

Featured Photo: Fashion Beans