နာရီတွေဟာ အမျိုးသားတွေရဲ့ အကောင်းဆုံးအဆောင်အယောင်တစ်ခုလို့ ဆိုကြပါတယ်။ နာရီကောင်းတစ်လုံးဟာ ယောင်္ကျားတစ်ယောက်ရဲ့ ပုံစံနဲ့ ဖြစ်တည်မှုကို Upgrade လုပ်ပေးနိုင်စွမ်းရှိပါတယ်။ နာရီတွေဟာ ဒီဇိုင်းနဲ့ Brand ပေါ် လိုက်ပြီး လူတန်းစားတိုင်း လက်လှမ်းမှီနိုင်တဲ့ ဈေးကနေ ဒေါ်လာသိန်းနဲ့ချီ သန်းနဲ့ချီ ပေါက်တဲ့ နာရီတွေလည်း ရှိတာပါပဲ။ ဒီတစ်ခေါက်မှာတော့ အမျိုးသားဝတ် ဈေးအသင့်ဆုံးနာရီ Brands တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) SEIKO

Photo: Fashion Beans

ဂျပန်နာရီကုမ္ပဏီ SEIKO ရဲ့ နာရီတွေက Swiss Made တွေထက် စာရင် ဈေးသင့်တာ များပါတယ်။ SEIKO နာရီတွေဟာ ဘက်ထရီသုံး ကိုယ်ပိုင် Quartz နာရီတွေ အထွက်များသလို ဘက်ထရီလဲစရာမလိုတဲ့ Kinetic နည်းပညာနဲ့လည်း ထွက်ထားပါတယ်။ ပစ္စည်းအရည်အသွေးနဲ့ တွက်ရင် ဈေးအတန်ဆုံး နာရီထဲမှာ SEIKO လည်း ပါပါတယ်။

(၂) CASIO

Photo: Fashion Beans

တန်ဖိုးသင့် ဂျပန်နာရီ Brand တစ်ခုဖြစ်တဲ့ CASIO တွေက ဒစ်ဂျစ်တယ်နာရီတွေနဲ့ လူသိများပါတယ်။ အကြမ်းခံတဲ့ ဒီဇိုင်းနဲ့လာပြီး ဈေးသက်သာလို့ နာမည်ကြီးပါတယ်။ CASIO တွေဟာ ကာဗွန်ဖိုက်ဘာဘော်ဒီသုံးထားပြီး ရေစိမ်ခံနိုင်စွမ်းမြင့်မားလို့လည်း လူကြိုက်များကြပါတယ်။

(၃) G-SHOCK

Photo: Fashion Beans

CASIO ရဲ့ နောက်ထပ် Rugged စတိုင် Brand တစ်ခုက နာမည်ကျော် G-SHOCK မော်ဒယ်ဖြစ်ပြီး CASIO အင်ဂျင်နီယာ ကီကူအို အီဘဲက ပထမဆုံး ဖန်တီးထားတာပါ။ G-SHOCK တွေကို ၁၀ နှစ် ဘက်ထရီခံမယ်ဆိုပြီး ကြော်ငြာရောင်းခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် Selling Point က ရေအနက် မီတာ ၁၀၀ ရေစိမ်ခံပြီး နာရီ features အစုံလည်း ထည့်ပေးထားပါတယ်။

(၄) TIMEX

Photo: Fashion Beans

အမေရိကန်ထုတ် နာရီတွေထဲမှာ လူကြိုက်များတဲ့ တန်ဖိုးသင့်မော်ဒယ်တစ်ခုက TIMEX ဖြစ်ပါတယ်။ သမ္မတဟောင်း ဂျော့ချ်ဘုချ် ပတ်ခဲ့တဲ့ နာရီ ဖြစ်ပါတယ်။ ဗီယက်နမ်ခေတ် စစ်တပ်သုံးစတိုင်တွေကို ယူထားတဲ့ Special Edition တွေလည်း ထွက်ခဲ့ဖူးပါတယ်။ဒီဇိုင်းပိုင်း ဆန်းပြားပြီး ဈေးနှုန်းလည်း သင့်တင့်တဲ့ Brand တစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo: Fashion Beans