အနုပညာဆိုတာ ဝိုင်ကောင်းတစ်ပုလင်းလိုပဲ။ ဟောင်းသွားတယ်မရှိဘဲ အနှစ်ကြာလေ အရသာတွေ့လေပါပဲ။ ခေတ်ဟောင်းတုန်းက သီချင်းတွေ ပြန်နားထောင်ရတာ အရသာသိပ်ရှိပါတယ်။ သီချင်းဟောင်းတွေဟာ ငယ်ဘဝမှတ်ဉာဏ်နဲ့ လွမ်းစရာကောင်းတဲ့ ခံစားမှုတွေကို ပြန်ခေါ်နိုင်ပါတယ်။ အခုတစ်ခေါက်မှာ ကျွန်တော်တို့ ငယ်ဘဝတုန်းက ခေတ်စားခဲ့တဲ့ အကောင်းဆုံးသီချင်းတွေဆီ သွားရအောင်ပါ။

(၁) “Smells Like Teen Spirit” by Nirvana

Photo: Mental Floss

Nirvana အဖွဲ့ရဲ့ ကျော်ကြားလှတဲ့ သီချင်းကောင်းများစွာထဲမှာ Smells Like Teen Spirit ကို ချန်ထားလို့ မရပါဘူး ။ “With the lights out, it’s less dangerous Here we are now, entertain us”ဆိုတဲ့ စာသားတွေအောက်မှာ မှော်ဆန်လှတဲ့ခံစားချက် ၊ စည်းချက်နဲ့ သံစဉ်တွေအကြား လွင့်မျောခဲ့သူ သန်းပေါင်းများစွာ ရှိပါတယ်။ ကတ်ကိုဘိန်းဟာ ၉၀ ပြည့်လွန်နှစ်တွေက လူငယ်တွေအတွက် နတ်တစ်ပါးပါပဲ။

(၂) “Juicy” by The Notorious BIG

Photo: depop

အမေရိကန်ရက်ပါ Notorious BIG ကို Biggle လို့လည်း လူသိများပါတယ်။ ကမ္ဘာ့ဩဇာအကြီးဆုံး ရက်ပ်ပါထဲက တစ်ဦးအဖြစ်လည်း သူ့ကို အသိအမှတ်ပြုထားရပါတယ်။ သူ့ရဲ့ အောင်မြင်ကျော်ကြားလှတဲ့ သီချင်းတွေထဲမှာ Juicy , Mo Money Mo Problems , Big Popaတွေက ၉၀ ပြည့်လွန်နှစ်တွေက အကျော်ကြားဆုံးသီချင်းတွေထဲမှာ ပါပါတယ်။ Juicy က သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော်ခွေအဖြစ် ၁၉၉၄ ခုနှစ်က ထွက်ထားတဲ့ Ready To Die မှာ ပါတဲ့ သီချင်းပါ။

(၃) “Da Funk” by Daft Punk

Photo: daftworld

၉၃ ခုနှစ်က ပါရီမှာ ဖွဲ့စည်းခဲ့တဲ့ ပြင်သစ်အီလက်ထရွန်းနစ်ဂီတစ်အဖွဲ့ Daft Punk ဟာ Dance Music သမိုင်းမှာ ဩဇာကြီးခဲ့သလို သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကလည်း သိပ်ကို အောင်မြင်ခဲ့ကြပါတယ်။ Da Funk ဟာ ၉၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အဆိုမပါတဲ့ တီးလုံးသီချင်း Instrumental Track ဖြစ်ပြီး Dance Music ဂီတမျိုးဆက်အတွက် အရးပါခဲ့တဲ့ သီချင်းလည်း ဖြစ်ခဲ့ပါတယ်။

(၄) “Common People” by Pulp

Photo: FT

၉၅ ခုနှစ်မှာ အင်္ဂလိပ်အော်လ်တာနေးတစ် ရော့ခ်တီးဝိုင်း Pulp က Common People သီချင်းကို ဖြန့်ချိခဲ့ပါတယ်။ Pulp ရဲ့ ပဉ္စမမြောက် အယ်လ်ဘမ် Different Class ရဲ့ Lead Song လည်း ဖြစ်ပါတယ်။ ဒီသီချင်းက ဂရိကလာတဲ့ ကောင်မလေးတစ်ယောက်လို့ အစချီပြီး ဇာတ်လမ်းတစ်ခုကို ပြောသွားတာပါ။ သီချင်းတင်ဆက်မှုနဲ့ ဖွဲ့စည်းမှုပုံစံက ကျွန်တော်တို့ နားထောင်နေကျ ဂီတပုံစံတွေနဲ့ ထူးခြားကွဲလွဲမှုရှိပါတယ်။ Pulp ရဲ့ Masterpiece သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။

(၅) “California Love” by Tupac Shakur and Dr. Dre

Photo: uproxx

California Love က Hip Hop ဆရာကြီးနှစ်ပါး ဖြစ်တဲ့ Tupac Shakur (2Pac) သီချင်းဖြစ်ပြီး Dr.Dre နဲ့ Roger Troutman တို့က Featuring လိုက်ပေးထားတာပါ။ ၉၅ ခုနှစ်မှာ 2Pac ထောင်ကလွတ်ပြီးနောက် ဖြန့်ချိတဲ့သီချင်းဖြစ်ပြီး သူ့ရဲ့ အကျော်ကြားဆုံးနဲ့ အအောင်မြင်ဆုံး သီချင်းလည်း ဖြစ်ခဲ့ပါတယ်။ BillboardHot 100 မှာ ၂ ပတ်ကြာ နံပါတ်တစ်ဖြစ်ခဲ့တဲ့သီချင်းဖြစ်ပြီး Hip Hop ချစ်သူတွေ ပြန်နားထောင်ကြည့်သင့်တဲ့သီချင်းအဖြစ်လည်း ညွှန်းချင်ပါတယ်။

Featured Photo: Mental Floss